ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး Modular House များ တပ်ဆင်တည်ဆောက် ပြီးစီးမှုနှင့် အသစ်ထပ်မံရောက်ရှိလာသည့် Modular House ပစ္စည်းများအားကြည့်ရှုစစ်ဆေး နေပြည်တော်ဇွန်လ (၆)
နေပြည်တော် 2025-06-06
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၁၄) မြေဧရိယာအတွင်း မန္တလေးငလျင်ကြောင့် ငလျင်ဒဏ်သင့်ခဲ့သည့် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ ယာယီနေထိုင်နိုင်ရေးအတွက် အိပ်ခန်း (၂) ခန်းပါ Modular House  များတပ်ဆင်တည်ဆောက်ပြီးစီးမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က အိပ်ခန်း (၂) ခန်းပါ Modular House များ တပ်ဆင်တည်ဆောက်ပြီးစီးမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လျှစ်စစ်မီးများ သွယ်တန်းထားရှိမှု၊ သုံးရေများ ဆက်လက်သွယ်တန်းနိုင်ရေးနှင့် မိလ္လာများ တည်ဆောက်မည့်နေရာများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ အမြန်ပြီးပြတ်အောင် ဆောင်ရွက်ရန်နှင့် မိသားစုများအား စနစ်တကျခွဲဝေချထားပေးပြီး အမြန်ဆုံးပြောင်းရွှေ့ နေထိုင်နိုင်ရေး  စီစဉ်ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် အသစ်ထပ်မံ ရောက်ရှိလာသည့် Modular House ပစ္စည်းများ ကွန်တိန်နာပေါ်မှ သယ်ချနေမှုအား ကြည့်ရှု အားပေးခဲ့ပြီး လုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော်တပ်ဆင်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရပါသည်။ 


Image
Image
Image