ကရင် ရိုးရာအစားအစာများ

ကရင်ရိုးရာ ပိန်းဥမျှစ်ချဉ်ဟင်း ( အဓိကအစားအစာ )

ပါဝင်ပစ္စည်းများ

၁။ ပိန်းဥ (၃၀) သား

၂။ မျှစ်ချဉ် (၃၀) သား

၃။ ပုဇွန် (၃၀) သား

၄။ ကြက်သွန်နီ (၃) လုံး

၅။ ကြက်သွန်ဖြူ (၂) လုံး

၆။ ငရုတ်သီးစိမ်း (၅) တောင့်

၇။ နနွင်းမှုန့် အနည်းငယ်

၈။ ဆား အနည်းငယ်

၉။ မျှင်ငပိ အနည်းငယ်

၁၀။ ဆီ (၅) ကျပ်သား

၁၁။ ပင်စိမ်း (၁) စည်း


ချက်ပြုတ်နည်း

          ပထမဦးစွာ ကြက်သွန်နီ/ဖြူ၊ ငရုတ်သီးစိမ်းတို့ကို မထူမပါးလှီးပြီး မညက်တညက် ထောင်းရပါမည်။ ထို့နောက် ဒယ်အိုးထဲသို့ ဆီ (၅) ကျပ်သားခန့်ထည့်ပြီး ဆီပူလာသည့် အခါ နနွင်းအနည်းငယ် ထည့်ရပါမည်။ နနွင်းအရောင်ပြောင်းလာလျှင် ထောင်းပြီးသား ကြက်သွန် နှင့် ငရုတ်သီးတို့ကို အိုးထဲသို့ထည့်ရပါမည်။ ကြက်သွန်နည်းနည်းနူးလာလျှင်  ဆားနှင့်မျှင်ငါး ပိအနည်းငယ်တို့ကို ထည့်မွှေရပါမည်။ ထို့နောက် ပုဇွန်နဲ့မျှစ်ချဉ်ကို ထပ်ထည့်မွှေရပါမည်။ ပုဇွန်နှင့်မျှစ်ချဉ်မွှေပြီးလျှင် ပြုတ်ပြီးသားပိန်းဥကို ထည့်မွှေရပါမည်။ ပိန်းဥ ထည့်ပြီးလျှင် ရေ အနည်းငယ်ထည့်ကာ ဟင်းအိုးကို မီးဖိုပေါ်တွင် (၁၀) မိနစ်ခန့် တင်ထားရပါမည်။ ထို့နောက် ရေဆူလာပါက  ပင်စိမ်းကို ထည့်ပါ။ ပင်စိမ်းအရောင် အနည်းငယ်ပြောင်းလာလျှင် အနံ့အရ သာနှင့်ပြည့်စုံသည့် ကရင်ရိုးရာ ပိန်းဉမျှစ်ချည်ဟင်းကို ရရှိပြီဖြစ်ပါသည်။