လိုအပ်သောပစ္စည်းများမှာ-
(၁) ကောက်လှိုင်းတီပန်း
(၂) ဆန်မှုန့်
(၃) ပီလောပီနံမှုန့်
(၄) ငှက်ပျောဖက်
(၅) ဆားအနည်းငယ်
(၆) ထန်းလျက်
(၁) ကောက်လှိုင်းတီပန်း(ခရမ်းရောင်)ပွင့်ချပ်ကို ရေအနည်းငယ်ထည့်ပြီး Blender နှင့်ကြိတ်ပါ။ Blender မရှိလျှင် ပန်းများကို ရေထည့်ပြီး ခရမ်းရောင်ဖြစ်အောင်ချေပြီး အရည်ကိုစစ်ယူပါ။
(၂) ထန်းလျက်ပျော်အောင် ရေနွေးဖြင့် အရည်ပြုလုပ်ထားပါ။
(၃) ကောက်လှိုင်းတီအရည်ထဲကို ဆန်မှုန့် ၁၀ ကျပ်သား၊ ပီလောပီနံမှုန့် ၅ ကျပ်သား (ဆန်မှုန့်နှင့် ပီလောပီနံမှုန့်ကို ၂ : ၁ အချိုး) ဖြင့် ထန်းလျက်ရည်ရောထည့်ပြီး ခပ်ပျစ်ပျစ်မွှေပါ။ ငှက်ပျော ရွက်ကို(ကန်တော့ချွန်ပုံစံ)ခွက်ကန်တော့နှင့်ထည့်ပြီး ပေါင်းအိုးတွင် (၁)နာရီခန့်ပေါင်းလျှင် ကျက်ပြီး ကောက်လှိုင်းတီအနံ့မွှေးမွှေးနှင့် အရသာရှိရှိ အုန်းသီးခြစ်ထည့်ပြီး စားသုံးနိုင်ပါသည်။