ကရင်ပြည်နယ်ရှိ မွန်တိုင်းရင်းသားလူမျိုးနှင့် လူမျိုးစုများ၏ဆင်းသက်လာပုံ
(၁) နေထိုင်ရာဒေသ
မွန်လူမျိုးများနေထိုင်ရာဒေသကို ရာမညဒေသဟုခေါ်ဝေါ်သည်။ “ရာမည”ဒေသကို အပိုင်း(၃)ပိုင်း ပိုင်း၍ ကုသိမမဏ္ဍလ(ပုသိမ်အဝန်း-၃၂မြို့)၊ ဟံသာဝတီမဏ္ဍလ (ဟံသာဝတီ အဝန်း-၃၂မြို့)၊ မုတ္တမမဏ္ဍလ(မုတ္တမအဝန်း-၃၂မြို့)ဟူ၍ မွန်လူမျိုးတို့နေထိုင်ရာ(၉၆)မြို့ကို ရာမညတိုင်းကြီးဟု ခေါ်ဆိုခဲ့သည်။ လက်ရှိကာလတွင် မွန်လူမျိုးတို့သည် မွန်ပြည်နယ်၊ ကရင် ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးတို့တွင် အများစုနေထိုင်ပြီး မြန်မာနိုင်ငံတဝန်းလုံးတွင်လည်း ပျံ့နှံ့နေထိုင်ကြသည်။
ကရင်ပြည်နယ်တွင် ကော့ကရိတ်မြို့နယ်၊ ဘားအံမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တို့ တွင် ကျေးရွာများအလိုက်နေထိုင်ကြပြီး ကျန်မြဝတီမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်များတွင်လည်း ပျံ့နှံ့နေထိုင်ကြသည်။
(၁) တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ-စာ-၁၇
(၂) ကရင်ပြည်နယ်ဒေသဆိုင်ရာအချက်အလက်များ
(၂) သွင်ပြင်လက္ခဏာများ
မွန်လူမျိုးတို့သည် မွန်ဂိုလွိုက် အသားဝါလူမျိုးနွယ်စုအုပ်စုဝင်ဖြစ်သည်။ ပျမ်းမျှအရပ် အမြင့် ၅ပေ ၃လက်မမှ ၅ပေ ၈လက်မခန့်ရှိကြပြီး အသားအရောင်က အညိုရောင်၊ အဖြူရောင်၊ မျက်လုံးကညိုရောင်၊ ဆံပင်က အနက်ရောင်တို့ရှိကြသည်။
“တိဘက်တိုဘားမင်းဘာသာစကားအုပ်စုဝင် ဗမာတို့နှင့် မွန်-ခမာအနွယ်ဝင် မွန်လူမျိုး တို့မှာ ဘာသာစကားအုပ်စုမတူသော်လည်း ရုပ်သွင်ပြင်ဆင်တူမှုရှိကြသည်။
(၁) ကြည်မြလွင်-မွန်ဘဝဓလေ့နိဒါန်း၊ စာ-၁
မွန်စကားသည် ဩစတြိအေရှတစ် (Austria Asiatic) ဘာသာစကားအစုဝင်ပါဝင်သည်။ မွန်-ခမာ (Mon-Khmer) မိသားစုဝင်ဘာသာစကားဖြစ်သည် နေရာဒေသအလိုက် ပြောဟန်ဆို ဟန်ကွဲပြားသော်လည်း မွန်ဘာသာစကားသည်မှာ တစ်ခုတည်းဖြစ်သည်။
ခရစ်သက္ကရာဇ် ၅ ရာစုလောက်မှစ၍ ယခုတိုင် ရေးသားနေသောမွန်စာပေကို ခေတ်သုံး ခေတ်ခွဲပြီး ပိုင်ခြင်းနိုင်သည်ဟု သုတေသီတို့ကဆိုကြလေသည်။ (၅)ရာစုမှ (၁၂)ရာစုအထိ စာပေ များကိုခေတ်ဟောင်းစာပေ၊ (၁၂)ရာစုမှ (၁၆)ရာစုထိ စာပေများကို အလယ်ခေတ်စာပေနှင့် (၁၆) ရာစုမှယခုချိန်ထိ ရေးသားနေသော စာပေများကို ခေတ်သစ်စာပေဟု ခွဲခြားထားကြသည်။
ခေတ်ဟောင်းစာပေကို ထိုင်းနိုင်ငံ၊ ဒွါရဝတီဟရိဘုဉ္ဇနှင့် မြန်မာပြည်သထုံနှင့် ပုဂံခေတ်တို့တွင် ရေးသားသည့် အလယ်ခေတ်မွန်စာပေကို ဟံသာဝတီခေတ်တွင် ထင်ရှားကျော်စောသော မွန်ဘုရင်မရှင်စောပုနှင့်ဓမ္မစေတီမင်းလက်ထက် ရေးထိုးခဲ့သော ကျောက်စာများဖြစ်သည့် အလယ်ခေတ်တွင် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားရှိ ဓမ္မစေတီကျောက်စာနှင့် ကလျာဏီသိမ်ကျောက်စာများမှာ ထင်ရှားသည်။
(၁) Emmanue Guillon. The mons A Civiligation of Southeast Asia
မွန်လူမျိုးတို့၏ ဝတ်စားဆင်ယင်မှုသည် ဒွါရဝတီခေတ်၊ ဟရီဘုဥ္ဇယခေတ်၊ သုဝဏ္ဏဘူမိ သထုံခေတ်၊ သုဝဏ္ဏဘူမိ သထုံခေတ်လွန်နောက်ပိုင်းကာလ၊ မုတ္တမခေတ်၊ ဟံသာဝတီခေတ်၊ ဟံသာဝတီခေတ်လွန်နောက်ပိုင်းကာလများ၊ မျက်မှောက်ခေတ်ဟူ၍ ဝတ်စားဆင်ယင်မှုခေတ် အလိုက် အမျိုးမျိုးကွဲပြားဝတ်ဆင်လာခဲ့သည်။
မျက်မှောက်ခေတ် အမျိုးသားဝတ်စုံ -
အင်္ကျီအတွင်း ရှင်အင်္ကျီဝတ်ဆင်ပြီး အပြင်တိုက်ပုံမှာ
(၁) အဖြူပေါ်တွင်အနီတစ်ကြောင်း တစ်လက်မအကွက်။
(၂) လည်တွင်ကော်လံလက်မဝက်ခန့် ဗျက်ရှိသောလည်ဝိုက်အနားပြားချုပ်မည်။
(၃) လက်ကိုမခေါက်သိမ်းပဲဖြန့်ထားမည်။
(၄) အောက်အိတ်နှစ်လုံးသာပါမည်။
(၅) ကြိုးလေးချောင်းတပ်မည်၊ အင်္ကျီကိုယ်ထည်တွင် နှစ်လက်မအရှည်ကပ်ချုပ်ပြီး သုံးလက်မအရှည်ကို ချည်ရန်အသုံးပြုမည်။
(၆) လျှာမပါဝင်ရ။
လုံချည်ပုဆိုး
(၁) အနီရောင်အောက်ခံထားမည်။
(၂) အဖြူအစင်းဖြင့်လယ်ကွက်သဏ္ဍာန်သရုပ်ဖော်ထားမည်။
(၃) အလယ်တွင် နှစ်နံဝပ်သဘောဆောင်သည့်အဖြူစင်း လက်မဝက်ဗျတ်ပတ်ထား ရန်။
(၄) အောက်ဆုံးအနားသတ်အဖြူ (၁၊ ၄)လက်မခန့်ထားရန်။
(၅) အောက်ဆုံးအဖြူအနားသတ်ပေါ်တွင် (၁.၁ x ၂)လက်မအနီကွက်ထားရှိရန်ဖြစ်သည်။
အမျိုးသမီးဝတ်စုံ
အင်္ကျီ
(၁) အဖြူရောင်
(၂) (V)ပုံသဏ္ဍာန်လည်ဝိုက်
(၃) ရင်စေ့
(၄) ကြိုး ၅ ချောင်းတပ်
(၅) လက်ရှည်
(၆) အောက်အနားအနည်းငယ်ပိုရှည်ရန်
ထဘီ
(၁) အနီရောင်အောက်ခံ
(၂) ကြက်ခြေခတ်အနက်ကွက်
(၃) ရောင်စုံအစင်းပတ်ဗျက်(၆)လက်မ
(၄) အနီနှင့်အဖြူရောယှက်ထားသော ပြောင်အောက်ခံအနား ၁၅ လက်မဗျက်
(၅) အနီခံအနက်ကွက်(အမှတ်စဉ်(၁)နှင့် အ မှတ်(၂)-(၂)လက်မကို တစ်နံယက်မည်
(၆) ရောင်စုံအခင်းဗျက် ၆လက်မနှင့် အနီနှင့် အဖြူရောယှက်ထားသော အောက်အနား ၁၅လက်မပေါင်း(၂၀)လက်မတို့ကို တစ်နံ ယက်မည် အမှတ်စဉ်(၃)+အမှတ်စဉ်(၄)
(၇) ထက်ဆင့်
မွန်လူမျိုးအများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသော်လည်း ရိုးရာနတ်အမျိုးမျိုးကို ယုံကြည်ကိုးကွယ်ပသခြင်းကိုလည်း ပြုကြသည်။ ခရစ်ယာန်ဘာသာ...
ဆက်လက်ဖတ်ရှု့ရန် မွန်လူမျိုးအများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသော်လည်း ရိုးရာနတ်အမျိုးမျိုးကို ယုံကြည်ကိုးကွယ်ပသခြင်းကိုလည်း ပြုကြသည်။ ခရစ်ယာန်ဘာသာကိုးကွယ်မှုကိုလည်း ၁၈၂၀ ပြည့်နှစ်မှစ၍ လူနည်းစုက သက်ဝင်ယုံကြည်ကိုးကွယ်လာကြသည်။
- တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးတမ်းများ မွန်စာ-၁၆၆
ဆက်လက်ဖတ်ရှု့ရန်
မွန်လူမျိုးသည် ဤကမ္ဘာမြေပေါ်ဝယ် အတိတ်ကာလအလွန်ထင်ရှားသော လူမျိုးတစ်မျိုး ဖြစ်၍ တိုင်းနိုင်ငံ၊ ထီးနန်း၊ လွှတ်တော်၊ ဗြဲတိုက်၊ ရှေ့ရုံးတော်၊ နောက်ရုံးတော်၊ တရားရုံးတော် စသောနိုင်ငံတော်၏ အမြင့်ဆုံးသောအုပ်ချုပ်ရေး ယန္တရားတည်ထောင်နိုင်ခဲ့ကြသော ပဒေသရာဇ် အုပ်ချုပ်ရေးစနစ်ကို မပျက်မယွင်းခေတ်အဆက်ဆက်က အုပ်ချုပ်လာခဲ့ကြသည်။ ယင်းအုပ်ချုပ် ရေးအရ မွန်တိုင်းရင်းသားအပေါင်းသည် ပဒေသရာဇ်အသွင်သဏ္ဍာန်သည် ပီပီပြင်ပြင်ရှိခဲ့ကြ သည်။ မွန်နိုင်ငံ၏သမိုင်းစဉ်တလျှောက်လုံးတွင် မွန်တိုင်းရင်းသားတို့သည် အထူးသဖြင့် တစ်မျိုး သားလုံးသော မွန်အမျိုးသားတို့သည် အေးအတူပူအမျှ တစ်စည်းတစ်လုံးတည်းရှိကြလျှက် ပဒေသရာဇ်ရိုးရာဓလေ့ထုံးတမ်းဘောင်အတွင်း၌ မင်းဧကရာဇ်တို့၏ အုပ်ချုပ်ရေးစနစ်ဖြင့် ရပ်တည်နေထိုင်လာခဲ့ကြသော လူမျိုးဖြစ်သည်။ မွန်လူမျိုး၊ မွန်အဖွဲ့အစည်းသည် “ရိုးရာလည်းမှန်စေ၊ ငယ်သားလည်းကြိုက်စေ၊ မင်းလည်းကျေနပ်စေ”ဟူသော ဧကရာဇ်အုပ်ချုပ်ရေးမူကို သမိုင်းစဉ်တလျှောက်လုံး၌ တစ်သ မတ်တည်းကျင့်သုံးဆောက်တည်လာခဲ့ကြသော လူမျိုးဖြစ်သည်။ မွန်ရိုးရာအစဉ်အလာမပျက် မွန်ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်ကို စည်းမျဉ်းခံဘုရင်စနစ် (Constitutional Monarchy) အစား ထိုးရန် ကြိုးပမ်းအုပ်ချုပ်လိုသည့် အချိန်မှစ၍ မွန်အမျိုးသားလူမှုဘဝသည် အုပ်ချုပ်ရေးနှင့် ပြုပြင်ပြောင်းလဲရေးအရ ဤနေ့၊ ဤအချိန်ကဲ့သို့ ပြောင်းလဲလာခဲ့ရခြင်းဖြစ်သည်ဆိုသည်မှာ မွန်သမိုင်းကိုလေ့လာပါက သိမြင်နိုင်ကြမည်ဖြစ်သည်။ မွန်လူမျိုးသည် မြန်မာနိုင်ငံခေတ်ဦးကာလများက ဤမြန်မာနိုင်ငံကို အရင်မူလအစ တိုင်းနိုင်ငံ၊ ရဌတည်ထောင်ထားသော လူမျိုးဖြစ်သည်။ ဤမြန်မာပြည်သည် မြန်မာပဒေသရာဇ်လက် ထဲမှ စစ်သုံးကြိမ်ဖြစ်ပွားပြီး အပြီးအပိုင်သိမ်းယူခဲ့ကြသော ကိုလိုနီနယ်ချဲ့ သူတို့၏အပြုအမူ ကြောင့် မွန်အမျိုးသားလုံး အကျိုးလည်းပျက်စီးဆုံးရှုံးခဲ့ရရုံမကဘဲ “ထီးသုဉ်း၊ နန်းသုဉ်း၊ မြို့သုဉ်း သုညဖြစ်ရသည့်ဘဝရောက်ခဲ့ရသည်”။ ထို့ကြောင့် အထွေထွေသော အကြောင်းအရားတို့ကြောင့် မွန်လူမျိုးတို့သည် အုပ်ချုပ်မှုအစဉ်အလာအမျိုးမျိုး၊ စနစ်အထွေထွေကျော်ဖြတ်လာခဲ့ရသည်ဖြစ် သည်။ (၇၅)ကြိမ်မြောက် မွန်အမျိုးသားနေ့၏ မွန်စာပေနှင့်ယဉ်ကျေးမှုအသင်း(ကရင်ပြည်နယ်) သဝဏ်လွှာ
မွန်လူမျိုးတို့၏ စာပေ၊ ဂီတ၊ သုခုမ၊ ပန်းခ...
ဆက်လက်ဖတ်ရှု့ရန်မွန်လူမျိုးတို့၏ စာပေ၊ ဂီတ၊ သုခုမ၊ ပန်းချီ၊ ပန်းပု၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ရှေးနှစ် ပေါင်းများစွာကပင် တွေ့ရှိနိုင်ပါသည်။
(က) မွန်ရိုးရာအကများ
(၁) ပေဲါကချိင်ကသတ် (oMmဂွက်အက)
(၂) ပေဲါပလှ်ဟလာန် (နတ်ပွဲအက)
(၃) ပေဲါဇာတ် (ဇာတ်ပွဲအက)
(ခ) မွန်တူရိယာများ
(၁) ကြိုးတပ်တူရိယာ စောင်း၊ တယော၊ မိကျောင်း
(၂) ကြေးတူရိယာ လင်းကွင်း၊ ကြေး၊ ပတ္တလား၊ ကြေးမောင်း၊ စည်း၊ လခြမ်း၊မောင်းဆိုင်း
(၃) သားရေတူရိယာ ပတ်ဝိုင်း၊ ပတ်မ၊ ထည်စည်၊ အိုးစည်
(၄) လေတူရိယာ နှဲ၊ ငြင်း၊ ခရုသင်း၊ ခရာကောက်၊ တံဗြာ
(၅) လက်ခုပ်တူရိယာ လက်ခုပ်၊ ဝါးလက်ခုပ်၊ တုံး
(ဂ) ပန်းဆယ်မျိုး
အနော်ရထာမင်းစောတို့ ဆောင်ယူမှုကြေင့် ပုဂံသို့ရောက်ရှိခဲ့သည့် မွန်ပညာရှင်တို့၏ ပန်းဆယ်မျိုးလက်ရာကို ပုဂံဘုရားစေတီပုထိုးများတွင်လည်းကောင်း၊ မွန်ပြည်နယ်၊ ဇုတ်သုတ် ဒေသ ဂဝံယဉ်ကျေးမှုအဖြစ်လည်းကောင်း၊ ကရင်ပြည်နယ်၊ ကော့ဂွန်းဂူနံရံရုပ်ထုရုပ်ကြွပန်းချီ ကားများတွင်လည်းကောင်း၊ ရှေးဟောင်းဘုရားစေတီ၊ ဘုန်းတော်ကြီးများတွင်လည်းကောင်း တွေ့မြင့်နိုင်ပါသည်။
မွန်လူမျိုးတို့သည် တစ်ခုတည်းသောစာပေ၊ စကား၊ ယဉ်ကျေးမှုပိုင်ဆိုင်ထားသည့် လူမျိုး တစ်မျိုးဖြစ်သည်ကြောင့် မွန်တစ်မျိုးသားလုံး တစ်ခုတည်းသော “ညီညွှတ...
ဆက်လက်ဖတ်ရှု့ရန်မွန်လူမျိုးတို့သည် တစ်ခုတည်းသောစာပေ၊ စကား၊ ယဉ်ကျေးမှုပိုင်ဆိုင်ထားသည့် လူမျိုး တစ်မျိုးဖြစ်သည်ကြောင့် မွန်တစ်မျိုးသားလုံး တစ်ခုတည်းသော “ညီညွှတ်ခြင်း” အားဖြင့် မိမိတို့စာပေ၊စကား၊ယဉ်ကျေးမှု၊လူမှုရေးကိစ္စအဝဝဖွံ့ဖြိုးတိုးတက်နိုင်စေရန်အတွက် ဆောင်ရွက် သင့်ပေသည်။
မွန်လူမျိုးအများစုသည် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သည့်လူမျိုးဖြစ်သည်ကြောင့် ဗုဒ္ဓတရားတော်နှင့် မအပ်စပ်သော အကျင့်များရှောင်သင့်ပါသည်။ ရိုးရာနတ...
ဆက်လက်ဖတ်ရှု့ရန်မွန်လူမျိုးအများစုသည် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သည့်လူမျိုးဖြစ်သည်ကြောင့် ဗုဒ္ဓတရားတော်နှင့် မအပ်စပ်သော အကျင့်များရှောင်သင့်ပါသည်။ ရိုးရာနတ်များ၏ ကိုးကွယ် ယုံကြည်မှုနှင့်ဆန့်ကျင်သည့်အလေ့အထများကိုလည်းရှောင်သင့်ပါသည်။
မွန်ပြည်နယ်ရှိ မွန်တိုင်းရင်းသားလူမျိုးများ၏ဆင်းသက်လာပုံ
နေထိုင်ရာဒေသ
မွန်လူမျိုးများနေထိုင်ရာဒေသကို ရာမညဒေသဟုခေါ်ဝေါ်သည်။ “ရာမည”ဒေသကို အပိုင်း (၃)ပိုင်း ပိုင်း၍ ကုသိမမဏ္ဍလ(ပုသိမ်အဝန်း-၃၂မြို့)၊ ဟံသာဝတီမဏ္ဍလ (ဟံသာဝတီ အဝန်း-၃၂မြို့)၊ မုတ္တမမဏ္ဍလ(မုတ္တမအဝန်း-၃၂မြို့)ဟူ၍ မွန်လူမျိုးတို့နေထိုင်ရာ(၉၆)မြို့ကို ရာမည တိုင်းကြီးဟု ခေါ်ဆိုခဲ့သည်။ လက်ရှိကာလတွင် မွန်လူမျိုးတို့သည် မွန်ပြည်နယ်၊ ကရင် ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး တို့တွင် အများစုနေထိုင်ပြီး မြန်မာနိုင်ငံတဝန်းလုံးတွင်လည်း ပျံ့နှံ့နေထိုင်ကြသည်။
သွင်ပြင်လက္ခဏာများ
မွန်လူမျိုးတို့သည် မွန်ဂိုလွိုက် အသားဝါလူမျိုးနွယ်စုအုပ်စုဝင်ဖြစ်သည်။ ပျမ်းမျှအရပ် အမြင့် ၅ပေ ၃လက်မမှ ၅ပေ ၈လက်မခန့်ရှိကြပြီး အသားအရောင်က အညိုရောင်၊ အဖြူရောင်၊ မျက်လုံးကညိုရောင်၊ ဆံပင်က အနက်ရောင်တို့ရှိကြသည်။
“တိဘက်တိုဘားမင်းဘာသာစကားအုပ်စုဝင် ဗမာတို့နှင့် မွန်-ခမာအနွယ်ဝင် မွန်လူမျိုး တို့မှာ ဘာသာစကားအုပ်စုမတူသော်လည်း ရုပ်သွင်ပြင်ဆင်တူမှုရှိကြသည်။
(၁) ကြည်မြလွင်-မွန်ဘဝဓလေ့နိဒါန်း၊ စာ-၁
ရိုးရာဓလေ့ထုံးစံများ
မွန်လူမျိုးတို့တွင် အောက်ပါရိုးရာဓလေ့ထုံးစံများရှိပါသည်။
(က) ဗုဒ္ဓဘာသာကိုးကွယ်မှုဆိုင်ရာ ဓလေ့ထုံးစံများ
(ခ) ဟင်္သာဆိုင်ရာယုံကြည်မှု
(ဂ) မွန်ရိုးရာနတ်ကိုးကွယ်ယုံကြည်မှု
(ဃ) ရိုးရာရှင်ပြုမင်္ဂလာ
(င) မိတ်ဖွဲ့ခြင်းဓလေ့
(စ) ရိုးရာမင်္ဂလာပွဲကျင်းပခြင်း
(ဆ) အမွေဆက်ခံခြင်း
(ဇ) အသုဘအခမ်းအနား
(ဈ) ခေါစာပစ်ခြင်း၊ လိပ်ပြာခေါ်ခြင်း
(ည) အရှောင်နှင့်အဆောင်၊ အတိတ်နိမိတ်နှင့် အမှတ်အသားများ
(ဋ) သင်္ဘောမျှောခြင်းဓလေ့
(ဌ) အိမ်မြေနေရာရွေးခြင်း၊ အိမ်ဆောက်ခြင်းဓလေ့
(၁) မွန်လူမျိုးတို့၏စာပေယဉ်ကျေးမှုနှင့်ဘာသာတရား၊ အရှင်ဉာဏဝံသ(ကော့ဘိန်း)
(၂) နိုင်မောင်တိုး၊ မွန်ဓလေ့နှင့်မွန်မှု
မွန်စကားသည် ဩစတြိအေရှတစ် (Austria Asiatic) ဘာသာစကားအစုဝင်ပါဝင်သည်။ မွန်-ခမာ (Mon-Khmer) မိသားစုဝင်ဘာသာစကားဖြစ်သည် နေရာဒေသအလိုက် ပြောဟန်ဆို ဟန်ကွဲပြားသော်လည်း မွန်ဘာသာစကားသည်မှာ တစ်ခုတည်းဖြစ်သည်။
ခရစ်သက္ကရာဇ် ၅ ရာစုလောက်မှစ၍ ယခုတိုင် ရေးသားနေသောမွန်စာပေကို ခေတ်သုံး ခေတ်ခွဲပြီး ပိုင်ခြင်းနိုင်သည်ဟု သုတေသီတို့ကဆိုကြလေသည်။ (၅)ရာစုမှ (၁၂)ရာစုအထိ စာပေ များကိုခေတ်ဟောင်းစာပေ၊ (၁၂)ရာစုမှ (၁၆)ရာစုထိ စာပေများကို အလယ်ခေတ်စာပေနှင့် (၁၆) ရာစုမှယခုချိန်ထိ ရေးသားနေသော စာပေများကို ခေတ်သစ်စာပေဟု ခွဲခြားထားကြသည်။
ခေတ်ဟောင်းစာပေကို ထိုင်းနိုင်ငံ၊ ဒွါရဝတီဟရိဘုဥ္ဇနှင့် မြန်မာပြည်သထုံနှင့်ပုဂံခေတ်တို့ တွင် ရေးသားသည့် အလယ်ခေတ်မွန်စာပေကို ဟံသာဝတီခေတ်တွင် ထင်ရှားကျော်စောသော မွန်ဘုရင်မ ရှင်စောပုနှင့် ဓမ္မစေတီမင်းလက်ထက်ရေးထိုးခဲ့သော ကျောက်စာများဖြစ်သည့် အလယ်ခေတ်တွင် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားရှိ ဓမ္မစေတီကျောင်းစာနှင့် ကလျာဏီသိမ် ကျောက်စာများမှာ ထင်ရှားသည်။
(၁) Emmanue Guillon. The mons A Civiligation of Southeast Asia
ဝတ်စားဆင်ယင်မှု
မွန်လူမျိုးတို့၏ ဝတ်စားဆင်ယင်မှုသည် ဒွါရဝတီခေတ်၊ ဟရီဘုဥ္ဇယခေတ်၊ သုဝဏ္ဏဘူမိ သထုံခေတ်၊ သုဝဏ္ဏဘူမိ သထုံခေတ်လွန်နောက်ပိုင်းကာလ၊ မုတ္တမခေတ်၊ ဟံသာဝတီခေတ်၊ ဟံသာဝတီခေတ်လွန်နောက်ပိုင်းကာလများ၊ မျက်မှောက်ခေတ်ဟူ၍ ဝတ်စားဆင်ယင်မှုခေတ် အလိုက် အမျိုးမျိုးကွဲပြားဝတ်ဆင်လာခဲ့သည်။
မျက်မှောက်ခေတ် အမျိုးသားဝတ်စုံ -
အင်္ကျီအတွင်း ရှင်အင်္ကျီဝတ်ဆင်ပြီး အပြင်တိုက်ပုံမှာ
(၁) အဖြူပေါ်တွင်အနီတစ်ကြောင်း တစ်လက်မအကွက်။
(၂) လည်တွင်ကော်လံလက်မဝက်ခန့် ဗျက်ရှိသောလည်ဝိုက်အနားပြားချုပ်မည်။
(၃) လက်ကိုမခေါက်သိမ်းပဲဖြန့်ထားမည်။
(၄) အောက်အိတ်နှစ်လုံးသာပါမည်။
(၅) ကြိုးလေးချောင်းတပ်မည်၊ အင်္ကျီကိုယ်ထည်တွင် နှစ်လက်မအရှည်ကပ်ချုပ်ပြီး သုံးလက်မအရှည်ကို ချည်ရန်အသုံးပြုမည်။
(၆) လျှာမပါဝင်ရ။
လုံချည်ပုဆိုး
(၁) အနီရောင်အောက်ခံထားမည်။
(၂) အဖြူအစင်းဖြင့်လယ်ကွက်သဏ္ဍာန်သရုပ်ဖော်ထားမည်။
(၃) အလယ်တွင် နှစ်နံဝပ်သဘောဆောင်သည့်အဖြူစင်း လက်မဝက်ဗျတ်ပတ်ထားရန်။
(၄) အောက်ဆုံးအနားသတ်အဖြူ (၁၊ ၄)လက်မခန့်ထားရန်။
(၅) အောက်ဆုံးအဖြူအနားသတ်ပေါ်တွင် (၁.၁ x ၂)လက်မအနီကွက်ထားရှိရန်ဖြစ် သည်။
အမျိုးသမီးဝတ်စုံ
အင်္ကျီ
(၁) အဖြူရောင်
(၂) (V)ပုံသဏ္ဍာန်လည်ဝိုက်
(၃) ရင်စေ့
(၄) ကြိုး ၅ ချောင်းတပ်
(၅) လက်ရှည်
(၆) အောက်အနားအနည်းငယ်ပိုရှည်ရန်
ထဘီ
(၁) အနီရောင်အောက်ခံ
(၂) ကြက်ခြေခတ်အနက်ကွက်
(၃) ရောင်စုံအစင်းပတ်ဗျက်(၆)လက်မ
(၄) အနီနှင့်အဖြူရောယှက်ထားသော ပြောင်အောက်ခံအနား ၁၅ လက်မဗျက်
(၅) အနီခံအနက်ကွက်(အမှတ်စဉ်(၁)နှင့် အ မှတ်(၂)-(၂)လက်မကို တစ်နံယက်မည်
(၆) ရောင်စုံအခင်းဗျက် ၆လက်မနှင့် အနီနှင့် အဖြူရောယှက်ထားသော အောက်အနား ၁၅လက်မပေါင်း(၂၀)လက်မတို့ကို တစ်နံ ယက်မည် အမှတ်စဉ်(၃)+အမှတ်စဉ်(၄)
(၇) ထက်ဆင့်
မွန်လူမျိုးအများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသော်လည်း ရိုးရာနတ်အမျိုးမျိုးကို ယုံကြည် ကိုးကွယ်ပသခြင်းကိုလည်း ပြုကြသည်။ ခရစ်ယာန်ဘာသ...
ဆက်လက်ဖတ်ရှု့ရန် မွန်လူမျိုးအများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသော်လည်း ရိုးရာနတ်အမျိုးမျိုးကို ယုံကြည် ကိုးကွယ်ပသခြင်းကိုလည်း ပြုကြသည်။ ခရစ်ယာန်ဘာသာကိုးကွယ်မှုကိုလည်း ၁၈၂၀ ပြည့်နှစ် မှစ၍ လူနည်းစုက သက်ဝင်ယုံကြည်ကိုးကွယ်လာကြသည်။
- တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးတမ်းများ မွန်စာ-၁၆၆
မွန်လူမျိုးသည် ဤကမ္ဘာမြေပေါ်ဝယ် အတိတ်ကာလအလွန်ထင်ရှားသော လူမျိုးတစ်မျိုး ဖြစ်၍ တိုင်းနိုင်ငံ၊ ထီးနန်း၊ လွှတ်တော်၊ ဗြဲတိုက်၊ ရှေ့ရု...
ဆက်လက်ဖတ်ရှု့ရန် မွန်လူမျိုးသည် ဤကမ္ဘာမြေပေါ်ဝယ် အတိတ်ကာလအလွန်ထင်ရှားသော လူမျိုးတစ်မျိုး ဖြစ်၍ တိုင်းနိုင်ငံ၊ ထီးနန်း၊ လွှတ်တော်၊ ဗြဲတိုက်၊ ရှေ့ရုံးတော်၊ နောက်ရုံးတော်၊ တရားရုံးတော် စသောနိုင်ငံတော်၏ အမြင့်ဆုံးသောအုပ်ချုပ်ရေး ယန္တရားတည်ထောင်နိုင်ခဲ့ကြသော ပဒေသရာဇ် အုပ်ချုပ်ရေးစနစ်ကို မပျက်မယွင်းခေတ်အဆက်ဆက်က အုပ်ချုပ်လာခဲ့ကြသည်။ ယင်းအုပ်ချုပ် ရေးအရ မွန်တိုင်းရင်းသားအပေါင်းသည် ပဒေသရာဇ်အသွင်သဏ္ဍာန်သည် ပီပီပြင်ပြင်ရှိခဲ့ကြ သည်။ မွန်နိုင်ငံ၏သမိုင်းစဉ်တလျှောက်လုံးတွင် မွန်တိုင်းရင်းသားတို့သည် အထူးသဖြင့် တစ်မျိုး သားလုံးသော မွန်အမျိုးသားတို့သည် အေးအတူပူအမျှ တစ်စည်းတစ်လုံးတည်းရှိကြလျှက် ပဒေသရာဇ် ရိုးရာဓလေ့ထုံးတမ်းဘောင်အတွင်း၌ မင်းဧကရာဇ်တို့၏ အုပ်ချုပ်ရေးစနစ်ဖြင့် ရပ်တည် နေထိုင်လာခဲ့ကြသော လူမျိုးဖြစ်သည်။
မွန်လူမျိုး၊ မွန်အဖွဲ့အစည်းသည် “ရိုးရာလည်းမှန်စေ၊ ငယ်သားလည်းကြိုက်စေ၊ မင်းလည်း ကျေနပ်စေ”ဟူသော ဧကရာဇ်အုပ်ချုပ်ရေးမူကို သမိုင်းစဉ်တလျှောက်လုံး၌ တစ်သမတ်တည်း ကျင့်သုံးဆောက်တည်လာခဲ့ကြသော လူမျိုးဖြစ်သည်။ မွန်ရိုးရာအစဉ်အလာမပျက် မွန်ပဒေသရာဇ် အုပ်ချုပ်ရေးစနစ်ကို စည်းမျဉ်းခံဘုရင်စနစ် (Constitutional Monarchy) အစားထိုးရန် ကြိုးပမ်း အုပ်ချုပ်လိုသည့်အချိန်မှစ၍ မွန်အမျိုးသားလူမှုဘဝသည် အုပ်ချုပ်ရေးနှင့် ပြုပြင်ပြောင်းလဲရေး အရ ဤနေ့၊ ဤအချိန်ကဲ့သို့ ပြောင်းလဲလာခဲ့ရခြင်းဖြစ်သည်ဆိုသည်မှာ မွန်သမိုင်းကိုလေ့လာပါ က သိမြင်နိုင်ကြမည်ဖြစ်သည်။
မွန်လူမျိုးသည် မြန်မာနိုင်ငံခေတ်ဦးကာလများက ဤမြန်မာနိုင်ငံကို အရင်မူလအစ တိုင်း နိုင်ငံ၊ ရဌတည်ထောင်ထားသော လူမျိုးဖြစ်သည်။ ဤမြန်မာပြည်သည် မြန်မာပဒေသရာဇ်လက် ထဲမှ စစ်သုံးကြိမ်ဖြစ်ပွားပြီး အပြီးအပိုင်သိမ်းယူခဲ့ကြသော ကိုလိုနီနယ်ချဲ့ သူတို့၏အပြုအမူ ကြောင့် မွန်အမျိုးသားလုံး အကျိုးလည်းပျက်စီးဆုံးရှုံးခဲ့ရရုံမကဘဲ “ထီးသုဉ်း၊ နန်းသုဉ်း၊ မြို့သုဉ်း သုညဖြစ်ရသည့်ဘဝရောက်ခဲ့ရသည်”။ ထို့ကြောင့် အထွေထွေသော အကြောင်းအရားတို့ကြောင့် မွန်လူမျိုးတို့သည် အုပ်ချုပ်မှုအစဉ်အလာအမျိုးမျိုး၊ စနစ်အထွေထွေကျော်ဖြတ်လာခဲ့ရသည်ဖြစ်သည်။
ယဉ်ကျေးမှု
ဆက်လက်ဖတ်ရှု့ရန်
ယဉ်ကျေးမှု မွန်လူမျိုးတို့၏ စာပေ၊ ဂီတ၊ သုခုမ၊ ပန်းချီ၊ ပန်းပု၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ရှေးနှစ် ပေါင်းများစွာကပင် တွေ့ရှိနိုင်ပါသည်။ (က) မွန်ရိုးရာအကများ (၁) ပေဲါကချိင်ကသတ် (oMmဂွက်အက) (၂) ပေဲါပလှ်ဟလာန် (နတ်ပွဲအက) (၃) ပေဲါဇာတ် (ဇာတ်ပွဲအက) (ခ) မွန်တူရိယာများ (၁) ကြိုးတပ်တူရိယာ စောင်း၊ တယော၊ မိကျောင်း (၂) ကြေးတူရိယာ လင်းကွင်း၊ ကြေး၊ ပတ္တလား၊ ကြေးမောင်း၊ စည်း၊ လခြမ်း၊ မောင်းဆိုင်း (၃) သားရေတူရိယာ ပတ်ဝိုင်း၊ ပတ်မ၊ ထည်စည်၊ အိုးစည် (၄) လေတူရိယာ နှဲ၊ ငြင်း၊ ခရုသင်း၊ ခရာကောက်၊ တံဗြာ (၅) လက်ခုပ်တူရိယာ လက်ခုပ်၊ ဝါးလက်ခုပ်၊ တုံး (ဂ) ပန်းဆယ်မျိုး အနော်ရထာမင်းစောတို့ ဆောင်ယူမှုကြေင့် ပုဂံသို့ရောက်ရှိခဲ့သည့် မွန်ပညာရှင်တို့၏ ပန်းဆယ်မျိုးလက်ရာကို ပုဂံဘုရားစေတီပုထိုးများတွင်လည်းကောင်း၊ မွန်ပြည်နယ်၊ ဇုတ်သုတ် ဒေသ ဂဝံယဉ်ကျေးမှုအဖြစ်လည်းကောင်း၊ ကရင်ပြည်နယ်၊ ကော့ဂွန်းဂူနံရံရုပ်ထုရုပ်ကြွပန်းချီ ကားများတွင်လည်းကောင်း၊ ရှေးဟောင်းဘုရားစေတီ၊ ဘုန်းတော်ကြီးများတွင်လည်းကောင်း တွေ့မြင့်နိုင်ပါသည်။
မွန်လူမျိုးတို့သည် တစ်ခုတည်းသောစာပေ၊ စကား၊ ယဉ်ကျေးမှုပိုင်ဆိုင်ထားသည့် လူမျိုး တစ်မျိုးဖြစ်သည်ကြောင့် မွန်တစ်မျိုးသားလုံး တစ်ခုတည်းသော “ညီညွှတ်ခြင်း” အားဖြင့် မိမိတို့စာပေ၊စကား၊ယဉ်ကျေးမှု၊လူမှုရေးကိစ္စအဝဝဖွံ့ဖြိ...
ဆက်လက်ဖတ်ရှု့ရန်မွန်လူမျိုးတို့သည် တစ်ခုတည်းသောစာပေ၊ စကား၊ ယဉ်ကျေးမှုပိုင်ဆိုင်ထားသည့် လူမျိုး တစ်မျိုးဖြစ်သည်ကြောင့် မွန်တစ်မျိုးသားလုံး တစ်ခုတည်းသော “ညီညွှတ်ခြင်း” အားဖြင့် မိမိတို့စာပေ၊စကား၊ယဉ်ကျေးမှု၊လူမှုရေးကိစ္စအဝဝဖွံ့ဖြိုးတိုးတက်နိုင်စေရန်အတွက် ဆောင်ရွက်သင့်ပေသည်။
မွန်လူမျိုးအများစုသည် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သည့်လူမျိုးဖြစ်သည်ကြောင့် ဗုဒ္ဓတရားတော်နှင့် မအပ်စပ်သော အကျင့်များရှောင်သင့်ပါသည်။ ရိုးရာနတ်များ၏ ကိုးကွယ် ယုံကြည်မှုနှင့်ဆန့်ကျင်သည့်အလေ့အထများကိုလည်းရှော...
ဆက်လက်ဖတ်ရှု့ရန်မွန်လူမျိုးအများစုသည် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သည့်လူမျိုးဖြစ်သည်ကြောင့် ဗုဒ္ဓတရားတော်နှင့် မအပ်စပ်သော အကျင့်များရှောင်သင့်ပါသည်။ ရိုးရာနတ်များ၏ ကိုးကွယ် ယုံကြည်မှုနှင့်ဆန့်ကျင်သည့်အလေ့အထများကိုလည်းရှောင်သင့်ပါသည်။
ပဲခူးတိုင်းဒေသကြီးရှိ မွန်လူမျိုးများ၏ နေထိုင်ရာဒေသနှင့် ရိုးရာဓလေ့ထုံးစံများအကြောင်း
(က) မွန်တိုင်းရင်းသားလူမျိုးများ ဆင်းသက်လာပုံ
မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားမွန်လူမျိုးသည် မျိုးနွယ်အားဖြင့် မွန်ဂိုလွိုက်အနွယ်ဝင် မွန်-ခမာအုပ်စုဝင် ဖြစ်ကြသည်။ မြန်မာနိုင်ငံအတွင်းသို့ မွန်ဂိုလွိုက် မျိုးနွယ်များ ဝင်ရောက်ရာ၌ အုပ်စုကြီးသုံးစုအဖြစ် ဝင်ရောက်ခဲ့ရာ မွန်-ခမာအုပ်စု၊ တိဗက်မြန်မာ အုပ်စုနှင့် ထိုင်း-တရုတ်အုပ်စုတို့ ဖြစ်ကြသည်။ ယင်းတို့အနက် မွန်-ခမာဘာသာစကားမျိုးနွယ် အုပ်စုကြီးမှာ မြန်မာ နိုင်ငံအတွင်းသို့ ပထမဆုံးဝင်ရောက်လာသူများဖြစ်ကြသည်။ မွန်-ခမာသည် သြစတြစ်အနွယ်ကြီး၏ အနွယ်ခွဲ တစ်ခုဖြစ်သော သြစတြိုအေရှတစ် အစုဝင်ဖြစ်သည်။ မြန်မာနိုင်ငံတွင်ရှိသော သြစတြို အေရှတစ်အနွယ်ဝင် များမှာ မွန်၊ ပလောင်၊ ဝ၊ ယင်းနက်(ရိယန်)နှင့် ဒနောလူမျိုးများဖြစ်ကြသည်။(၁)
မွန်-ခမာတို့၏ မူရင်းဒေသမှာ တရုတ်ပြည်ရှိ ယန်စီကျန်မြစ်ဝှမ်းဖြစ်သည်။ တရုတ်စကား ပြောဆိုသူများသည် မြောက်ပိုင်းတရုတ်ပြည်၌ နေထိုင်ကြရာမှ တောင်ပိုင်းသို့ ဖိဆင်းလာကြ သဖြင့် မွန်-ခမာစကားပြောဆိုသူများသည် အနောက်ဘက်သို့လည်းကောင်း၊ တောင်ဘက်သို့ လည်းကောင်း၊ အနောက်တောင်ဘက်သို့လည်းကောင်း ထွက်ခွာခဲ့ကြသည်။ အချို့ မွန်-ခမာများ သည် အာသံပြည်နှင့် အိန္ဒိယအလယ်ပိုင်းသို့ပင် ရောက်ရှိခဲ့ကြသည်။ အသံတွင် ခါစီလူမျိုးနှင့် အိန္ဒိယအလယ်ပိုင်းရှိ မုန္ဒလူမျိုး များသည် မွန်-ခမာစကားပြောသူများဖြစ်ကြသည်။(၂)
မြန်မာနိုင်ငံအတွင်းသို့ ရှေးဦးစွာ ဝင်ရောက်လာကြသည့် မွန်လူမျိုးများနှင့် ဘာသာစကား အနွယ်တူများဖြစ်သော မွန်-ခမာ ဘာသာစကားပါဝင်သည့် သြစတြိုအေရှတစ် စကားပြောသူတို့ ၏ မူရင်းဒေသများမှာ ယန်စီကျန်မြစ်ဝှမ်းဒေသဖြစ်သည်။ ယင်းဒေသမှတဆင့် အကြောင်း အမျိုးမျိုးကြောင့် ဒေသအနှံ့အပြားရောက်ရှိခဲ့ရာ တုန်ကင်လွင်ပြင်နှင့် အာနာမ်တောင်ရိုး တလျှောက် မွန်-ခမာ ဘာသာ စကားမူရင်းကို ယခုထက်တိုင်ဆက်လက်ပြောဆိုနေသေးသည်ကို တွေ့ရှိရသည်။ မွန်-ခမာ ဘာသာစကားနွယ်ဝင်တို့ ပြန့်နှံ့ရောက်ရှိရာ အရှေ့တောင်အာရှဒေသမှာ ရေသွင်း၍ စပါးစိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ရာ ပင်ရင်းဒေသဖြစ်သည့် မွန်-ခမာ ဘာသာစကားနွယ်ဝင်တို့ ဆင်းသက်ရွေ့လျား လာပုံမှာ မဲခေါင်မြစ်ဝှမ်းဒေသမှတဆင့် မဲနမ်မြစ်ဝှမ်း၊ ဧရာဝတီမြစ်ဝှမ်းတလျှောက် စိုက်ပျိုး၍ ကောင်းသောနေရာဒေသများသို့ တဖြည်းဖြည်းပြန့်နှံ့ရောက်ရှိလာခြင်းဖြစ်သည်။ မွန်သုတေသီများက ဖရပထုံနှင့် လော့ဗူရီ မွန်ကျောက်စာအထောက်အထားများအရ မွန်တို့သည် သုဓမ္မပူရ (သထုံ)သို့ မရောက်ရှိမီ ယခုထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဒွါရာဝတီနိုင်ငံကို တည်ထောင်ခဲ့ကြောင်း၊ ခရစ်နှစ်(၁၁)ရာစုတွင် ခမာ(ကမ္ဘောဒီးယန်း)တို့က တိုက်ခိုက်သဖြင့် ထိုင်းနိုင်ငံမြောက်ပိုင်း လန်ဖွန်း (ဟရိဘုဥ္ဇ)သို့ ရွှေ့ပြောင်းကြရကြောင်း၊ တဖန် မြောက်ဘက်မှ ထိုင်းလူမျိုးများ ဖိဆင်းလာ၍ ခရစ်နှစ် (၁၂)ရာစုခန့်တွင် ဒွါရာဝတီနိုင်ငံပျက်သုဥ်း၍ မွန်လူမျိုးများ ကွယ်ပျောက်လုနီးပါးဖြစ်ခဲ့ရသည်။(၃)
တဖန် ဧရာဝတီမြစ်ဝှမ်းဒေသများတွင် နေထိုင်လျက်ရှိသော မွန်လူမျိုးတို့သည် တိဗက်-မြန်မာ အုပ်စုဝင် လူမျိုးများ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာခြင်းကြောင့် မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများသို့ တရွေ့ရွေ့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်ဟု ပညာရှင်များက ယူဆကြသည်။(၄)
မွန်လူမျိုးတို့ကား မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့်လူမျိုးများအနက် ရှေးအကျဆုံး လူမျိုးဖြစ်သည်။ မွန်လူမျိုးတို့က တရုတ်ပြည်မြောက်ပိုင်း ကုန်းမြင့်ဒေသများမှ တောင်ဘက်သို့ သက်ဆင်း လာပြီး မဲခေါင်မြစ်ဝှမ်းတလှောက်တွင် ဒွါရာဝတီနိုင်ငံ ထူထောင်ခဲ့သည်။ တချို့မှာ အနောက်ဘက်သို့ ရွေ့လျားကာ သုဝဏ္ဏဘူမိသထုံသို့ ရောက်ရှိလာပြီး သုဝဏ္ဏဘူမိနိုင်ငံကို ထူထောင်ခဲ့ကြသည်။ ၎င်းမှတဆင့် ရေကြည်ရာ မြက်နုရာ ပင်လယ်ကမ်းခြေတလှောက်ဖြစ်သည့် ပဲခူးရိုးမတောင်စွယ်ဖြစ်သည့် ဟံသာဝတီ၊ ဒဂုံ၊ ဥက္ကလာပမြို့များ၊ ရခိုင်ရိုးမတောင်ဘက်ဖျား ပုသိမ်မြို့နေရာများသို့တိုင် ရောက်ရှိနေထိုင်ကြသည်။ ဧရာဝတီမြစ်ဝ၊ စစ်တောင်းမြစ်ဝ၊ သံလွင်မြစ်ဝ ဒေသတို့မှာ ရာမညတိုင်းဟု ခေါ်သော မွန်လူမျိုး တို့၏ဒေသဖြစ်သည်။(၅)
မွန်လူမျိုးတို့ ထင်ထင်ရှားရှားသမိုင်းကို စတင်မှတ်တမ်းတင်နိုင်သည့် အချိန်ကာလနှင့် ဒေသမှာ ဂေါတမမြတ်စွာဘုရားလက်ထက် သုဝဏ္ဏဘူမိမြို့ တိုးတက်ထွန်းကားခဲ့သည့် ကာလ ဖြစ်သည်။ သုဝဏ္ဏဘူမိမြို့ကို ဂေါတမမြတ်စွာဘုရားဘိုးတော် အဥ္ဇနမင်းကြီး ဖြိုကြွင်းသက္ကရာဇ် (မဟာသက္ကရာဇ်) ၄၉-ခုနှစ် (ဘီစီ-၆၄၂)လောက်က မွန်လူမျိုးတို့ တည်ထောင်ခဲ့သည်ဟု ဦးဘသန်းရေး ကျောင်းသုံးမြန်မာ ရာဇဝင်တွင် ဖော်ပြခဲ့သည်။
မွန်တို့၏ ဥပ္ပန္နသုဓမ္မဝတီရာဇဝံသကထာကျမ်းအရ အထက်ကာလမတိုင်မီ လွန်ခဲ့သော နှစ်ပေါင်း(၃ဝဝဝ)ကျော် (ဘီစီ-၁ဝဝဝ)ခန့်က သုဓမ္မဝတီအရပ်တွင် သုဓမာနဝလုလင်က ၎င်း၏ အသက် (၂၅)နှစ် ခန့်တွင် သီလသမာဓိနှင့်ပြည့်စုံသဖြင့် လူအများ၏ကြည်ညိုလေးစားခံရ၍ ၎င်းအား ဘုရင်တင်မြှောက်ကာ သုဓမ္မဝတီမြို့ကို တည်ထောင်ကာ ထီးနန်းအုပ်စိုးခဲ့သည်ဟု ဖော်ပြထားသည်။(၆)
(ခ) မွန်တိုင်းရင်းသားတို့၏ နေထိုင်ရာဒေသများ
မွန်တိုင်းရင်းသားတို့သည် ဘီစီ-၁ဝဝဝ ခုနှစ်ခန့်ကပင် သုဓမ္မဝတီ(ခ)သုဝဏ္ဏဘူမိ ယခု သထုံမြို့ အရပ်၌ နေထိုင်ခဲ့ကြပြီး ဘီစီ-၅၇၃ ခုနှစ်ခန့်တွင် ဟံသာဝတီပဲခူးမြို့အရပ်၌ မြို့ပြနိုင်ငံ ထူထောင်ပြီး ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင်လည်း မွန်လူမျိုးများနေထိုင်ကြသည်ဖြစ်၍ မြန်မာနိုင်ငံ အောက်ပိုင်းသည် ဟံသာဝတီပဲခူး မကျဆုံးမီအထိ မွန်လူမျိုးတို့နေထိုင်ရာဒေသ ဖြစ်ခဲ့သည်။ ဧရာဝတီတိုင်းရှိ မြို့ရွာများ၏ အမည်အချို့သည်ပင် ယနေ့တိုင် မွန်အမည်ဖြင့် ခေါ်ဝေါ်နေကြသည်ကို တွေ့ရှိရသည်။
မြန်မာနိုင်ငံပြင်ပတွင် ထိုင်းနိုင်ငံ၌ ယခု လန်ပန်း၊ လန်ဖွန်းဒေသ၌ ဘီစီ-၆ ရာစုတွင် ဟရိဘုဥ္ဇယျတိုင်း၊ ဒွါရာဝတီနိုင်ငံအဖြစ် မွန်မင်းတို့ အုပ်စိုးခဲ့ပြီး ယနေ့တိုင် ထိုင်းနိုင်ငံတွင် မွန်လူမျိုးများ နေထိုင်လျက်ရှိကြောင်း တွေ့ရှိရသည်။ ဟံသာဝတီပျက်သုဥ်းချိန်တွင်လည်း မွန်လူမျိုးများ အမြောက်အများသည် ထိုင်းနိုင်ငံသို့ ထွက်ပြေးကြသဖြင့်လည်း မွန်လူမျိုးများ ထိုင်းနိုင်ငံသို့ ရောက်ရှိနေထိုင်ခဲ့ကြခြင်းဖြစ်သည်။
ယခုအခါတွင် မွန်လူမျိုးတို့သည် မွန်ပြည်နယ် (၁ဝ)မြို့နယ်ဖြစ်သော ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်(မုတ္တမ)၊ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ကျိုက်မရော၊ ချောင်းဆုံ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူး၊ ကဝ၊ သနပ်ပင်၊ ထန်းတပင်၊ ညောင်လေးပင်၊ ရွှေကျင်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြစ်ဝကျွန်းပေါ်ဒေသများတွင် အနှံ့အပြားနေထိုင်လျက်ရှိကြသည်။(၇)
(ဂ) မွန်တိုင်းရင်းသားတို့၏ သွင်ပြင်လက္ခဏာများ
မွန်လူမျိုးတို့သည် သြစတြိုအာရှတစ်အနွယ်ဝင် မွန်ဂိုလွိုက်အုပ်စုဝင်ဖြစ်သည့်အလျောက် အသားဝါလူမျိုးများဖြစ်သည်။ အရှေ့တောင်အာရှဒေသတွင် နေထိုင်ကြသော လူမျိုးများသည် များသောအားဖြင့် အသားဝါလူမျိုးများဖြစ်ကြပါသည်။ မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသော လူမျိုးအများစုမှာ အသားဝါလူမျိုးများဖြစ်ကြသည်။ မျက်နှာသွင်ပြင်အားဖြင့် ဆင်တူကြသည်။
မွန်-ခမာ ဘာသာစကားအုပ်စုဝင် မွန်လူမျိုးများနှင့် တိဗက်-မြန်မာ ဘာသာစကား အုပ်စုဝင် ဗမာလူမျိုးတို့သည် ဘာသာစကားတွင် ကွဲပြားသော်လည်း မျိုးနွယ်ဖက်တွင် တူညီကြ သဖြင့် ရုပ်ရည် လက္ခဏာအားဖြင့် မည်သူက မွန်၊ မည်သူက ဗမာဟူ၍ ခွဲခြားပြရန် ခက်ခဲသည်။ ရုပ်ရည်အားဖြင့် ဆင်တူကြသည်။(၈)
(ဃ) မွန်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ထုံးစံများ
မွန်တိုင်းရင်းသားအများစုသည် ဗုဒ္ဒဘာသာဝင်များဖြစ်ကြသော်လည်း ရိုးရာနတ် အမျိုးမျိုးကို ယုံကြည်ကိုးကွယ်ပသခြင်းကိုလည်း ပြုကြသည်။ မွေးဖွားသည့်အချိန်မှစ၍ ကွယ်လွန်ချိန်အထိ လိုက်နာကြရမည့် ရိုးရာဓလေ့မှာ အများအားဖြင့် တူညီကြသည်။ ရိုးရာ နတ်ကိုးကွယ်မှု ပြုလုပ်ရန်ကိစ္စတွင် အိမ်ထောင်တစ်ခု၌ သားအကြီးဆုံးကသာ ရိုးရာမိသားစု နတ်အမွေကို လက်ခံရသည်။ မိဘများသေဆုံးမှသာ မိဘအမွေကို အညီအမျှ ခွဲဝေယူကြသည်။ အမွေခွဲဝေရာတွင် သားအကြီးဆုံးသည် ပစ္စည်းများ ခွဲဝေပေးရာ၌ သြဇာရှိသည်။ ညီငယ်၊ ညီမငယ်တို့ကလည်း အစ်ကိုအကြီးဆုံး၏ ဆုံးဖြတ်ချက်ကို နာခံကြသည်။(၉)
ကိုယ်ဝန်ဆောင်မိခင်လောင်းတို့ ဆောင်ရွက်ရမည့်ကိစ္စ၊ ရှောင်ရမည့်ကိစ္စများကို ကိုယ်ဝန် ဆောင်၏ မိခင်နှင့် အမေကြီး၊ အဒေါ်ကြီးတို့ ကိုယ်ဝန်ဆောင်အား အမြဲတမ်းပြုလုပ်ရမည့်ကိစ္စ၊ ရှောင်ကြဉ်ရမည့်ကိစ္စများကို အသိပေးလမ်းညွှန်ကြရသည်။ မွေးဖွားသည့်အခါတွင် ဆောင်ရွက် ရမည့်ကိစ္စ၊ ရှောင်ရမည့်ကိစ္စများကို ညွှန်ပြကြရသည်။ ကလေး(၅)နှစ် (၆)နှစ်အရွယ်ရောက်သည့် အခါ ပညာသင်ကြားရေးကိစ္စကို ဝိုင်းဝန်းလမ်းညွှန်ကြသည်။ ယခင်က ယောကျာ်းလေး(၅)နှစ် အရွယ် ရောက်လျှင် ဘုန်းတော်ကြီးကျောင်းသို့ ပို့ရသည်။ မွန်စာကို သင်ကြားရသည်။ ရှင်ကျင့်ဝတ်နှင့် ပရိတ်ကြီး(၁၁)သုတ် ရွတ်ဖတ်နိုင်သောအခါ ရှင်ပြုပေးကြသည်။ နောက်မှ အစိုးရစာသင်ကျောင်းသို့ အပ်နှံကြသည်။ ယခုအခါတွင် ဘုန်းကြီးကျောင်းတွင် မအပ်နှံကြ တော့ဘဲ အစိုးရစာသင်ကျောင်းသို့ တိုက်ရိုက်အပ်နှံကြသည်။
ရှင်ပြုခြင်းကို မပျက်မကွက်ဆောင်ရွက်ကြသည်။ အသက်(၂ဝ)နှစ်ပြည့်လှင် ရဟန်းခံကြ ရသည်။ ရဟန်းခံပြီးမှသာ အိမ်ထောင်ပြုကြရသည်။ မိန်းကလေးများကို မိဘများက လိမ္မာယဥ်ကျေး အောင် မပြတ်သွန်သင်ဆုံးမရသည်။ အပျိုဝင်စအရွယ် ဆောင်ရန်၊ ရှောင်ရန် ကိစ္စများကို မိခင်များက သမီးအား မှာကြားပြီး လိုက်နာခြင်းရှိမရှိကိုလည်း မပြတ်သတိထား ကြသည်။ အိမ်ထောင်ပြုရန် အရွယ်ရောက်သောအခါ ယောကျာ်းလေးဘက်မှ စေ့စပ်ကမ်းလှမ်း လာလှင် မိဘများက သတို့သား၏ စာရိတ္တ၊ အရည်အချင်းကို သဘောကျမှသာ စေ့စပ်ခြင်း လက်ခံကြသည်။
မင်္ဂလာလက်ထပ်ပွဲကို အာဝါဝ၊ ဝိဝါဟ နှစ်မျိုးရှိရာတွင် မိန်းကလေးအိမ်သို့ ယောကျာ်းလေးက သွားရောက်í မင်္ဂလာပွဲပြုသည်ကို ဝိဝါဟဟု ခေါ်ဆိုပြီး သတို့သားဘက်မှ အုန်းပင်ပေါက်၊ ကွမ်းသီး ပင်ပေါက် အသုံးအဆောင်ထည့်သည့် ရွှေတောင်း၊ ငွေတောင်း၊ မင်္ဂလာခန်းဝင်ပစ္စည်းများဖြစ်သည့် ခေါင်းအုံး၊ စောင်၊ ခြင်ထောင်၊ ဘီရို၊ ကုတင်စသည်တို့ကို တန်းစီသယ်ဆောင်သွားပြီး လက်ထပ်မှုပြုကြသည်က များသည်။ ယောကျာ်းလေးအိမ်သို့ သတို့သမီးမိန်းကလေးကို ပို့ဆောင်ပြီး လက်ထပ်သည်ကို အာဝါဟစု ခေါ်ဆိုသည်။ ဤဓလေ့မှာ မွန်လူမျိုးတို့၏ မင်္ဂလာပွဲပြုလုပ်မှု နည်းပါးသည်။
အိမ်သစ်ဆောက်လုပ်ခြင်း၊ အိမ်သစ်တက်ခြင်း မင်္ဂလာများလည်း ရှိသေးသည်။ ရက်ကောင်းရက်မြတ်ရွေးချယ်ခြင်း၊ သစ်ရွေးချယ်ခြင်း၊ မြေအနေအထား အနိမ့်အမြင့် ရွေးချယ်ခြင်းများရှိသည်။ အိမ်ဆောက်ရန်အကောင်းဆုံးလများမှာ ကဆုန်၊ ဝါခေါင်၊ တန်ဆောင်မုန်း၊ တပေါင်း စသည့်လများကို ရွေးချယ်ကြသည်။
အိမ်စတင်ဆောက်မည့်နေ့ရက်များကိုလည်း ရွေးချယ်ရန်လိုသည်။ တနင်္ဂနွေနေ့တွင် စတင် ဆောက်ပါက လာဘ်ရမည်။ ပျော်ရွှင်မည်။ တနင်္လာနေ့ဆောက်ပါက ချမ်းသာတိုးတက် မည်။ အင်္ဂါနေ့ နှင့် စနေနေ့သည် မကောင်းí ရှောင်ရန်ဖြစ်သည်။ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့များသည် အကောင်းအဆိုးနှောသဖြင့် ဆင်ခြင်ရန်ဖြစ်သည်။
အိမ်ဆောက်ပြီး အိမ်သစ်တက်မည်ဆိုပါက လိုက်နာရသော စည်းကမ်းများ၊ တက်သင့်သော နေ့၊ မတက်သင့်သောနေ့ဟု သတ်မှတ်ချက်ရှိပြန်သည်။ တနင်္ဂနွေနေ့တွင် အိမ်တက်မင်္ဂလာပြုပါက ဘုရားကို ဦးစွာ အိမ်ပေါ်ပင့်တင်ရသည်။ တနင်္လာနေ့ဆိုလှင် ခေါင်းအုံး၊ အင်္ဂါနေ့ဆိုလှင် ရွှေ၊ ငွေ၊ ဗုဒ္ဓဟူးနေ့ဆိုလျှင် အစားအစာ၊ ကြာသပတေးနေ့ဆိုလှင် အမွှေးနံ့သာတိုင်များ ထွန်းညှိ၍ တက်ရန်၊ သောကြာနေ့ဆိုလှင် မိဘများ ဦးဆောင်၍ အိမ်ပေါ်သို့တက်ရန် သတ်မှတ်ထားသည်။ စနေနေ့တွင် အိမ်တက်ခြင်းမင်္ဂလာ မပြုလုပ်ပါ။
မွန်လူမျိုးတို့ပြောဆိုသော ဘာသာစကားမှာ မွန်-ခမာစကားနွယ်ဝင်ဖြစ်သည်။ မြန်မာနိုင်ငံတွင်ရှိသော တိုင်းရင်းသားလူမျိုးအားလုံးတို့သည် လူမျိုးနွယ်(Race) အားဖြင့် မွန်ဂိုလွိုက်များဖြစ်ကြသော်လည်း ဘာသာစကားနွယ်(Language)အားဖြင့် ကွဲပြားကြသည်။ သြစတြိုအေရှတစ် အနွယ်တွင် မွန်နှင့်ပလောင်၊ ဝ၊ ရိယန်(ယင်းနက်) အင်(န်)တို့ ပါဝင်သည်။ မွန်-ခမာကို ယခင်က မွန်-အာနမ်ဟု ဘာသာဗေဒဆရာ ဒေါက်တာလိုဂန်က ခေါ်ဆိုခဲ့ သော်လည်း နောက်ပိုင်းတွင် မွန်-ခမာဟုပင် ခေါ်ကြသည်။ သြစတြိုဆိုသည်မှာ တောင်ပိုင်းဟု အနက်ရှိသည်။ ပညာရှင်များ၏ သုတေသနပြုချက်အရ မွန်ဘာသာစကားမှာ သြစတြိုအေရှတစ် ဘာသာစကားနွယ်ဝင်ဖြစ်ကြောင်း တွေ့ရှိရသည်။ မွန်ဘာသာစကားနှင့် ဗမာဘာသာစကားတို့မှာ မတူညီကြသော်လည်း ယဥ်ကျေးမှု ကူးလူးဆက်ဆံကြခြင်းကြောင့် ပုဂံခေတ်တွင် မွန်စကားကို ဗမာတို့ ယူငင်သုံးစွဲကြသကဲ့သို့ အင်းဝခေတ်တွင် ဗမာစကားကို မွန်တို့ ယူငင်သုံးစွဲခဲ့ကြသည်။
မွန်စာပေသမိုင်း
ပြည်ထောင်စုမြန်မာနိုင်ငံတွင် မွန်ယဥ်ကျေးမှုမှာ အစောဆုံးဖြစ်သည်။ ယဥ်ကျေးမှု အရာတွင် မွန်တို့က မြန်မာထက် အနည်းဆုံး အနှစ်တစ်ထောင်စောသည်။(၁ဝ) ထို့ကြောင့် မွန်စာပေမှာလည်း မြန်မာစာပေထက် နှစ်ပေါင်းများစွာ စောခဲ့၊ ရှေးကျခဲ့ပေသည်။ တနည်းအားဖြင့်ဆိုသော် မွန်စာပေသည် မြန်မာစာပေ၏ ရေသောက်မြစ်တစ်ခုဟု ခေါ်ဆိုနိုင် သည်။ မွန်စာပေယဉ်ကျေးမှုသည် ခိုင်ခံ့သောစာပေ ယဉ်ကျေးမှုတစ်ခုဖြစ်သည်။ မွန်စာပေကို အင်္ဂလန်နိုင်ငံ၊ လန်ဒန်တက္ကသိုလ်၊ အာဖရိကနှင့် အရှေ့တိုင်း ဘာသာရပ်လေ့လာရာ ကျောင်း၌လည်း သင်ကြားပို့ချပေးခဲ့သည်။ မွန်စာပေသည် ရှေးကျသော စာပေတစ်ရပ် ဖြစ်ကြောင်း ကျောက်စာအထောက်အထားများကို လေ့လာခြင်းဖြင့် သိရှိနိုင်သည်။ ဘီစီ ၃ဝဝ ခန့်က ထွန်းကားလာသော မွန်ကျောက်စာများကို လေ့လာခြင်းဖြင့် မွန်အက္ခရာသည် အာသောက အက္ခရာပွား ပလ္လဝအက္ခရာမှတဆင့် ဆင်းသက်လာသည်ဟု အက္ခရာပါရဂူများက ယူဆကြသည်။ အေဒီ ၄ဝဝ ခန့်တွင် အိန္ဒိယ တောင်ပိုင်းမှတဆင့် မွန်တို့သည် အက္ခရာကို စတင်ရရှိသည်ဟု ပညာရှင်များက ယူဆကြသည်။ သထုံပြည်တွင် ပါဠိတော်များကို ဗြာဟ္မီအက္ခရာပွားဖြစ်သော အိန္ဒိယတောင်ပိုင်းအက္ခရာ များဖြင့်သာ ရေးသည်ဟု ယူဆဖွယ် ရှိသည်။(၁၁)
မွန်စာပေသမိုင်းကို ဆန်းစစ်မည်ဆိုလျှင် ကျောက်စာ၊ ခေါင်းလောင်းစာ၊ စဉ့်ချပ်စာ (ဝါ) စဉ့်ကွင်းစာ၊ မင်စာ၊ အုတ်ခွက်စာ၊ အင်္ဂတေစာ၊ ပေစာ၊ ပုရပိုဒ်စာ စသည်ဖြင့် အမြောက်အများ တွေ့ရှိနိုင်သည်။ ထို့ပြင် ဗုဒ္ဓဘာသာဆိုင်ရာ ပိဋကတ်စာပေ၊ ဇာတ်တော်သမိုင်း၊ ဆေးကျမ်း၊ ဗေဒင်ကျမ်း၊ သိုက်တဘောင်၊ ပျို့၊ ကဗျာ၊ လင်္ကာ၊ သီချင်း၊ ပုံပြင်၊ ဝတ္ထု၊ စကားထာ၊ စကားပြေ အရေးအသား များကိုလည်း တွေ့ရှိနိုင်သည်။
ရှေးအကျဆုံး မွန်ကျောက်စာကို ထိုင်းနိုင်ငံတောင်ပိုင်း၊ ဘန်ကောက်မြို့အနောက်ဘက် မိုင်(၃ဝ)ခန့်အကွာတွင်ရှိသော ဖရပထုံဘုရားတွင် တွေ့ရှိရသည်။ မြန်မာနိုင်ငံအတွင်းရှိ တွေ့ရှိရသော မွန်ကျောက်စာများနှင့် ထိုင်းနိုင်ငံတွင် တွေ့ရှိရသော မွန်ကျောက်စာများကို ဆန်းစစ်ပြီး မွန်ကျောက်စာကို ခေတ်(၅)ခေတ် ပိုင်းခြားနိုင်သည်။
(၁) ဒွါရာဝတီခေတ်
(၂) သုဝဏ္ဏဘူမိသထုံခေတ်
(၃) ပုဂံခေတ်
(၄) ဟာရိဘုဥ္ဇခေတ်(လန်ဖွန်း)
(၅) ဟံသာဝတီခေတ် ဟူ၍ဖြစ်သည်။
ဒွါရာဝတီခေတ် မွန်ကျောက်စာများတွင် ဖရပထုံမွန်ကျောက်စာသည် ရှေးအကျဆုံး ဖြစ်သည်။ ယင်းကျောက်စာကို အခြေပြု၍ ဒွါရာဝတီခေတ် မွန်စာပေသည် အေဒီ ၆ ရာစုမှ ၁ဝ ရာစုထိ ထွန်းကား ခဲ့သည်ဟု ပြင်သစ်လူမျိုး ကျောက်စာပါရဂူ ဂျော့ဆီးဒီးက ဆိုသည်။ ဒုတိယ ရှေးကျသော မွန်ကျောက်စာကိုလည်း ထိုင်းနိုင်ငံအလယ်ပိုင်း လော့ဗူရီမြို့ဟောင်း၌ တွေ့ရသည်။
ဒွါရာဝတီခေတ်ကုန်ပြီးနောက် သထုံခေတ်မွန်စာပေသည် ဆက်လက်ထွန်းကားခဲ့သည်။ သထုံခေတ် မွန်ကျောက်စာအရေးအသားသည် ဒွါရာဝတီခေတ်ထက် များစွာအဆင့်အတန်းမြင့် လာသည်ဟုဆိုသည်။
ပုဂံခေတ်တွင် ရှင်အရဟံအမှူးပြုသော ပညာရှိသုခမိန်အပေါင်းတို့၏ ကျေးဇူးကြောင့် ယင်းခေတ်တွင် မွန်စာပေသည် အဆင့်အတန်းတိုးတက်မြင့်မားခဲ့သည်။ ကျန်စစ်သားမင်းသည် မွန် ယဥ်ကျေးမှုအနုပညာရပ်များနှင့် မွန်စာပေထွန်းကားရေးကို အလေးထားဆောင်ရွက်ခဲ့သဖြင့် ပုဂံခေတ်တွင် မွန်စာပေယဥ်ကျေးမှု တိုးတက်ထွန်းကားလာခဲ့သည်။ ပုဂံခေတ်တွင် စောလူးမင်း ရေးထိုးသော မြစ်သားမြို့နယ်မှ ပေတောကျောက်စာမှာ သက္ကရာဇ် ၄၄၂ ပါရှိ၍ သမိုင်းတန်ဖိုး ကြီးမားသည်။ ကျန်စစ်သားမင်း ရေးထိုးသော ရွှေစည်းခုံရှိ ၎င်း၏နန်းတက်မော်ကွန်းကို မွန်ဘာသာဖြင့် ရေးထိုးခဲ့သည်။ ကျန်စစ်သားမင်း သားတော် ရာဇကုမာရ ရေးထိုးသော မြစေတီ ကျောက်စာသည် ထင်ရှားကျော်ကြားသည်။ ၎င်းမင်း လက်ထက်တွင် မွန်ပြည်နယ်၊ ဘီးလင်း မြို့နယ်၊ ကျိုက်တဲမွန်ကျောက်စာနှင့် ကျိုက်တလန်း(ခ)မြသိန်းတန်စေတီ မွန်ကျောက်စာ ရှိသည်။ ၎င်းကျောက်စာကို ယခုအခါ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တွင် ထိန်းသိမ်းပြသ ထားသည်။
ဟရိဘုဥ္ဇခေတ်တွင် ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဇင်းမယ်မြို့၊ အရှေ့တောင်ဘက်(၁၇)မိုင် အကွာရှိ ဟရိဘုဥ္ဇခေါ် လန်ဖွန်းမြို့တွင် မွန်ကျောက်စာ ခုနစ်ချပ်ကို တွေ့ရှိရသည်။ ယင်းကျောက်စာများမှာ ပုဂံခေတ်လွန် ကျောက်စာများနှင့် အက္ခရာအရေးအသား တူညီကြသည်။
ဟံသာဝတီခေတ်တွင် ဘုရင်မကြီးရှင်စောပု၏ သမက်တော်သူ ရာမာဓိပတိဘွဲ့ခံ ဓမ္မစေတီ မင်းသည် ပဲခူးမြို့အနီးတဝိုက်တွင် မွန်ကျောက်စာ(၁၉)နေရာ ရေးထိုးခဲ့ကြောင်း တွေ့ရှိရသည်။ ယင်း ကျောက်စာများအနက် ကလျာဏီသိမ်ကျောက်စာသည် (၁ဝ)ချပ်ရှိပြီး အရှည်လျားဆုံး ဖြစ်သည်။ ထင်ရှားကျော်ကြားသော ကျောက်စာဖြစ်သည်။ ခုနစ်ချပ်မှာ ပျက်စီးနေပြီး (၃)ချပ်သာ အသင့်အတင့်ကောင်းမွန်စွာ ရှိသည်။
ခေါင်းလောင်းစာများအနက် ပုဂံရွှေစည်းခုံဘုရားရှိ ကျန်စစ်သားမင်း ရေးထိုးခဲ့သော မွန် ခေါင်းလောင်းစာသည် အစောဆုံးဟု ဆိုရမည်ဖြစ်သည်။ ဟံသာဝတီ တတိယခေတ်၊ ကောဇာ သက္ကရာဇ် ၁၁၁၆ ခုနှစ်တွင် အိမ်ရှေ့ဥပရာဇာမင်းက ရွှေမော်ဓောစေတီတော်မြတ်တွင် လှူဒါန်းခဲ့သော မွန်စာရေးထိုးသည့် ခေါင်းလောင်းသည် အင်္ဂလိပ်များက အိန္ဒိယသို့ ယူဆောင်ခဲ့ပြီး (၂၇.၆.၁၉၅၇) ရက်နေ့တွင် မြန်မာကောင်စစ်ဝန်မှတဆင့် မြန်မာနိုင်ငံ အမျိုးသားပြတိုက်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ အိန္ဒိယပြန် ခေါင်းလောင်းဟု လူသိများ ကြသည်။
မွန်ဘာသာဖြင့် စဉ့်ကွင်းစာ၊ မင်စာ၊ အုတ်ခွက်စာ၊ အင်္ဂတေစာ၊ ပေစာများလည်း မြန်မာ နိုင်ငံအောက်ပိုင်းတွင် များစွာတွေ့ရှိရသည်။
မွန်အမျိုးသားတို့သည် ရှေးအခါက ပုဆိုးနှင့် ရှပ်အင်္ကျီ၊ တိုက်ပုံတို့ကို ဝတ်ဆင်ကြသည်။ အမျိုးသမီးများသည် ထဘီနှင့်အင်္ကျီ၊ ပုဝါတို့ကို ဝတ်ဆင်ကြသည်။ ယောကျာ်းလေးများသည် ရှေးအခါက ငယ်စဥ်အခါ၌ ကတုံးဆံတောက်ထားပြီး (၁ဝ)နှစ်သားပတ်ဝန်းကျင် ရောက်သော အခါ ဆံရစ်ဝိုင်းထားကြသည်။ နားသံသီး ဆင်ကြသည်။ ရှင်ပြုပြီးနောက် လူပျိုအရွယ် ရောက်သောအခါ ဘိုကေဆံတောက်ထားကြသည်။ မိန်းကလေးများမှာ ငယ်စဉ်မှ အပျိုဘော် ဝင်သည်အထိ ဆံရစ်ဝိုင်း ထားကြသည်။ နားဆွဲ၊ နားကပ် ဝတ်ဆင်ကြသည်။ အပျိုအရွယ် ရောက်သောအခါ ဆံထုံးထုံးပြီး နားနောက်က ဆံတောက် ကောက်ထားကြသည်။ နားကပ်၊ လည်ဆွဲ၊ ဘယက်၊ ပုတီး၊ ဆံညှပ်၊ ဆံထိုး၊ ရွှေဘီး၊ လက်ကောက်၊ လက်စွပ် ဝတ်ကြသည်။ အဆင်တန်ဆာများကို ရွှေဖြင့် ပြုလုပ်ပြီး ဝတ်ဆင် ကြသည်။
၁၉၇၂ ခုနှစ်မှစí မွန်အမျိုးသားဝတ်စုံကို သတ်သတ်မှတ်မှတ် ဝတ်ဆင်ရန် တီထွင် ကြသည်။ အမျိုးသားများအနေဖြင့် ပုဆိုးကို အနီပေါ် အဖြူရောင်ဖြင့် လေးထောင့်ကွက်ငယ်နှင့် နှစ်နံစပ်၍ ချုပ်လုပ် ဝတ်ဆင်ကြသည်။ ထိုသို့သတ်မှတ်သည့် ရည်ရွယ်ချက်မှာ မွန်လူမျိုးတို့သည် လယ်ယာ လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသူများဖြစ်သည့်အတွက် လယ်ကွက်သင်္ကေတရှိ ပုဆိုး ကွက်ကို ဝတ်ဆင်ကြသည်။ ရှပ်အင်္ကျီမှာ အဖြူရောင်ဝတ်ကြပြီး မွန်တိုက်ပုံကို အဖြူခံ အနီလေးထောင့်ကွက် အဆင်ကို တိုက်ပုံအဖြစ် ဝတ်ဆင်ကြသည်။
မွန်အမျိုးသမီးများသည် ထဘီကို အနီရောင် (သို့မဟုတ်) နီညိုရောင် အောက်ခံထားပြီး ကြက်ခြေခတ်အနက်ကွက်၊ ရောင်စုံအစင်းပတ်လည် ဗျက်(၆)လက်မ၊ အနီခံအနက်ကွက် (၂၁)လက်မကို တစ်နံယက်ပြီး ရောင်စုံအစင်း(၆)လက်မနှင့် အနီအဖြူ ရောယှက်ထားသော အောက်နား(၁၅)လက်မ၊ ပေါင်း(၂၁)လက်မကို တစ်နံယက်ရန်ဖြစ်သည်။ ထက်ဆင်ပါရှိမည်။ အမျိုးသမီးအင်္ကျီမှာ အဖြူရောင်ဖြစ်ပြီး ပုံသဏ္ဌာန်လည်ဝိုက်၊ ရင်စေ့၊ လက်ရှည်၊ အောက်နား အနည်းငယ်ပိုရှည်သည်။ ထဘီပါ ကြက်ခြေခတ် အနက်ကွက်မှာ ကောက်စိုက်သော စူးထိုးချက်ကို ရည်ညွှန်းပုံဖော်သည်။
မွန်လူမျိုးအများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ နတ်ကိုးကွယ်မှု၊ ရိုးရာနတ် အမျိုးမျိုးတို့ကို ယုံကြည်ကိုးကွယ်ပသခြင်းလည်းရှိသည်။ ခရစ်ယာန်ဘာသာဝင် အနည်းအကျဉ်း လည်းရှိသည်။ ခရစ်ယာန်ဘာသာကိုးကွယ်မှုကို အောက်မြန်မာနိုင်...
ဆက်လက်ဖတ်ရှု့ရန်မွန်လူမျိုးအများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ နတ်ကိုးကွယ်မှု၊ ရိုးရာနတ် အမျိုးမျိုးတို့ကို ယုံကြည်ကိုးကွယ်ပသခြင်းလည်းရှိသည်။ ခရစ်ယာန်ဘာသာဝင် အနည်းအကျဉ်း လည်းရှိသည်။ ခရစ်ယာန်ဘာသာကိုးကွယ်မှုကို အောက်မြန်မာနိုင်ငံအား အင်္ဂလိပ်တို့ သိမ်းပိုက်သည့်အချိန် ၁၈၂ဝ ခုနှစ်ကျော်လောက်တွင် လူနည်းစု ကိုးကွယ်ကြသည်။
ရွှေတိဂုံဘုရားကျောက်စာအရ ဂေါတမမြတ်စွာဘုရား ပွင့်တော်မူချိန်ကပင် မွန်ကုန်သည် တဖုဿနှင့် ဘလ္လက ညီနောင်တို့ ဆံတော်ရှင်ရှစ်ဆူကို ရရှိသည့်အချိန်မှစ၍ ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်ကိုးကွယ်ခဲ့ကြသည်။ သီရိဓမ္မာသောကမင်းကြီးလက်ထက် တတိယသင်္ဂါယနာ တင်ပြီး ဗုဒ္ဓသာသနာတော်နှင့် စာပေယဉ်ကျေးမှုသည် သုဝဏ္ဏဘူမိသထုံပြည်သို့ ရောက်ရှိ လာခဲ့ရာ ဘီစီ ၂၅ဝ ခန့်တွင် သာသနာပြု အရှင်သောဏထေရ်နှင့် ဥတ္တရထေရ်တို့ အမှူးပြုသော ရဟန်းတော်များ သထုံသို့ရောက်ရှိ လာသည်။ သုဝဏ္ဏဘုမ္မိမှ ရှင်ဗုဒ္ဒဃောသထေရ်သည် အေဒီ ၄ ရာစုတွင် သီဟိုဠ်ကျွန်းမှ ပိဋကတ်တော် များကို မွန်အက္ခရာဖြင့် ကူးယူခဲ့ပြန်သည်။(၁၂)
မွန်ပြည်နယ်တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင်လည်းကောင်း၊ ရှေးမွန်ဘုရင်များနှင့် ပြည်သူများသည် စေတီဘုရား မြောက်များစွာ တည်ထားကိုးကွယ်ခဲ့ကြသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် မွန်လူမျိုးတို့သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်မှာ ထင်ရှားသည်။
ရိုးရာနတ်များနှင့်ပတ်သက်၍ မွန်လူမျိုးသည် ရိုးရာနတ်အမျိုးမျိုးတို့ကို ကိုးကွယ်ကြ သည်။ ရိုးရာနတ်များကို အစဉ်အလာမပျက် အလေးထား၍ ပူဇော်ပသကြသည်။ မွန်လူမျိုးတို့ အများစု ကိုးကွယ်ပသသည့် ရိုးရာနတ်များမှာ (၁)အုန်းသီးနတ်၊ (၂)ဝတ်စုံနတ်၊ (၃)ကျည်တောက်နတ်၊ (၄)ဘိုးဘိုးနတ်(ရွာစောင့်နတ်)တို့ ဖြစ်ကြသည်။ အုန်းသီးနတ် ကိုးကွယ်ခြင်းမှာ အများစုဖြစ်သည်။ အုန်းသီးအရည်ခြောက်ပါက အသစ်လဲပေးရသည်။
ဝတ်စုံနတ်ရိုးရာကိုးကွယ်သူများမှာ ဝတ်စုံကို အမြတ်တနိုးသိမ်းဆည်းကြရသည်။ ဝတ်စုံတွင် တောင်ရှည်ပုဆိုး၊ ရင်ခွဲအင်္ကျီ၊ ခေါင်းပေါင်းဖြူ၊ လက်စွပ်တို့ကို ပုန်းဖြင့် သိမ်းဆည်းထားရသည်။
ကျည်တောက်နတ်ရိုးရာကိုးကွယ်သူတို့မှာ ဝါးကျည်ထောက်ထဲ နတ်ပန်းညိုကို ထည့်တင် ရသည်။ တချို့က ဝါးကျည်တောက်များကို ခြင်းထဲတွင်ထည့်၍ ချိတ်ဆွဲရသည်။ အိမ်သားတစ်ဦးဦး ဖျားနာလျှင် ဝါးကျည်တောက်အသစ် လဲလှယ်ပေးရသည်။
ဘိုးဘိုးနတ်ကို ရှင်ကြီးဟုလည်း ခေါ်ကြသည်။ မွန်လူမျိုးတို့၏ ရိုးရာအစဥ်အလာအရ ရွာစောင့်နတ်၊ မြို့စောင့်နတ်တို့ကို နှစ်စဥ်ပူဇော်ပသကြသည်။ အထူးသဖြင့် လယ်လုပ်သူများမှာ လယ်စောင့်နတ်ကို စပါးမစိုက်မီ တစ်ကြိမ်၊ စပါးသိမ်းခါနီးတွင် တစ်ကြိမ် ပူဇော်ကြသည်။
မွန်လူမျိုးတို့သည် ရှေးပဝေသဏီကပင် ဘုရင်စနစ်ဖြင့် အုပ်ချုပ်လာသော အစဥ်အလာ ရှိခဲ့သည်။ သုဝဏ္ဏဘုမ္မိခေတ်၊ ဟံသာဝတီခေတ်၊ ပါဒနိုင်ငံတော်ခေတ်၊ ထိုင်းတွင် ဒွါရာဝတီခေတ်ဟူí ရှိခဲ့သည်။ ဘုရင်စနစ်တွင် ဘုရင်နန်းတော်တွင် ဝန်ကြီး...
ဆက်လက်ဖတ်ရှု့ရန်မွန်လူမျိုးတို့သည် ရှေးပဝေသဏီကပင် ဘုရင်စနစ်ဖြင့် အုပ်ချုပ်လာသော အစဥ်အလာ ရှိခဲ့သည်။ သုဝဏ္ဏဘုမ္မိခေတ်၊ ဟံသာဝတီခေတ်၊ ပါဒနိုင်ငံတော်ခေတ်၊ ထိုင်းတွင် ဒွါရာဝတီခေတ်ဟူí ရှိခဲ့သည်။ ဘုရင်စနစ်တွင် ဘုရင်နန်းတော်တွင် ဝန်ကြီးများရှိသည်။ နယ်စား ပယ်စားများရှိသည်။ နယ်စား ပယ်စားအောက်တွင် မြို့သူကြီး၊ ရွာသူကြီးများ ရှိသည်။ ရွာသူကြီးအောက်တွင် ရွာခေါင်း၊ ရာအိမ်ခေါင်း၊ ဆယ်အိမ်ခေါင်းများ၊ လူမှုရေးကိစ္စတွင် လူပျိုခေါင်း၊ အပျိုခေါင်း စသည်များရှိသည်။ အောက်ခြေမှ အထက်ထိ အုပ်ချုပ်မှုအဆင့်ဆင့်တွင် သြဇာတိက္ကမ ရှိသူများကို ခန့်အပ်တာဝန်ပေး ကြသည်။
ထင်ရှားသော မွန်ဘုရင်များမှာ သုဝဏ္ဏဘူမိခေတ်တွင် မနူဟာမင်း၊ ဒွါရာဝတီခေတ်တွင် ဓမ္မဒေဝီဘုရင်မ၊ ဟံသာဝတီ ပထမခေတ်တွင် သမလမင်း၊ တိဿမင်း၊ မုတ္တမခေတ်တွင် ဝါရီရူ၊ ဟံသာဝတီ ဒုတိယခေတ်တွင် ရာဇာဓိရာဇ်၊ ဘုရင်မကြီးရှင်စောပု၊ ရာမာဓိပတိဘွဲ့ခံ ဓမ္မစေတီမင်း၊ ဟံသာဝတီ တတိယခေတ်တွင် ဗြမိုင်းဓိရာဇာ(ခေါ်)ဗညားဒလမင်း တို့ဖြစ်ကြသည်။ ထင်ရှားသော သူရဲကောင်းများမှာ သမိန်ဗရမ်း၊ လဂွန်းအိန်၊ အမတ်ဒိန်၊ အဲမွန်ဒယာ တို့ဖြစ်ကြသည်။ သူရဲကောင်း များသည် ဘုရင်၏ သြဇာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အဓိကအထောက်အကူဖြစ်သည်။
အမှုအခင်းများ စီရင်ရာတွင်လည်း အမှုအကြီးအငယ်ပေါ် မူတည်၍ လက်အောက် တရားသူကြီး၊ ပညာရှိဝန်ကြီးများ၊ ဘုရင်ကိုယ်တိုင်စီရင်သော အမှုအခင်းများရှိသည်။ ထင်ရှားသော ဥပဒေဖြတ်ထုံးမှာ ဝါရီရူဓမ္မသတ်ရှိခဲ့သည်။ ဝါရီရူဓမ္မသတ်တွင် တရားစီရင် ဆုံးဖြတ်သည့် စီရင်ထုံးများစွာ ပါဝင်သည်။ အလားတူ ဓမ္မစေတီမင်းလက်ထက်တွင်လည်း ဓမ္မစေတီဖြတ်ထုံး ပေါ်ပေါက်ခဲ့သေးသည်။ ဓမ္မသတ်၊ ဖြတ်ထုံးများတွင် လူမှုရေးကိစ္စ၊ စီးပွားရေး ကိစ္စ အငြင်းပွားမှုများကို စီရင်ဆုံးဖြတ်သည်။
ယဥ်ကျေးမှုဆိုရာတွင် လူမျိုးတစ်မျိုး၏ ယုံကြည်ကိုးကွယ်မှု၊ ဝတ်စားဆင်ယင်မှု၊ ဓလေ့ထုံးတမ်း၊ စာပေအဆင့်အတန်း၊ ဂီတအနုပညာ၊ အသက်မွေးဝမ်းကျောင်းအတတ် စသည်တို့ ပါဝင်ပြီး ကျယ်ပြန့်ပါသည်။ မွန်လူမျိုးတို့သည် မူလအစကပင် ဗုဒ္ဓဘာသ...
ဆက်လက်ဖတ်ရှု့ရန်ယဥ်ကျေးမှုဆိုရာတွင် လူမျိုးတစ်မျိုး၏ ယုံကြည်ကိုးကွယ်မှု၊ ဝတ်စားဆင်ယင်မှု၊ ဓလေ့ထုံးတမ်း၊ စာပေအဆင့်အတန်း၊ ဂီတအနုပညာ၊ အသက်မွေးဝမ်းကျောင်းအတတ် စသည်တို့ ပါဝင်ပြီး ကျယ်ပြန့်ပါသည်။ မွန်လူမျိုးတို့သည် မူလအစကပင် ဗုဒ္ဓဘာသာ ကိုးကွယ်သူများ ဖြစ်ကြသည်။ သုဝဏ္ဏဘူမိခေတ်၊ ဒွါရာဝတီခေတ်၊ ပုဂံခေတ်၊ ဟံသာဝတီခေတ် တို့တွင် ဗုဒ္ဓဘာသာ ကိုးကွယ်ပြီး ဘုရားစေတီပုထိုး တည်ထားကိုးကွယ်လှူဒါန်းမှုပြုပြီး ထိုအကြောင်းကို ကျောက်စာ၊ ခေါင်းလောင်းစာများ ရေးထိုးမှတ်တမ်းတင်သည်။ ရိုးရိုးနတ် ကိုးကွယ်မှုလည်း ပြုကြသည်။ ဒွါရာဝတီ၊ သုဝဏ္ဏဘူမိ၊ ဟံသာဝတီ ရှေးခေတ်အုတ်ခွက်ရုပ်ပုံများ၊ စဥ့်ပန်းချီကားများသည် မွန်လူမျိုးတို့၏ ဝတ်စားဆင်ယင်မှုကို ဖော်ပြလျက်ရှိသည်။ အထူးသဖြင့် ဂီတသမား၊ အကဝတ်စုံများဖြင့် ကနေပုံအုတ်ခွက်ရုပ်ပုံတို့မှာ ယဉ်ကျေးမှုအဆင့်အတန်းကို ဖော်ပြလျက်ရှိသည်။ ဒွါရာဝတီခေတ် အုပ်ခွက်ရုပ်ပုံအချို့ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ပြတိုက်တွင် တွေ့ရှိနိုင်သည်။ သထုံသုဝဏ္ဏဘူမိခေတ် အုတ်ခွက်ရုပ်ပုံများကို မော်လမြိုင်မြို့၊ မွန်ပြည်နယ်ပြတိုက်တွင် တွေ့ရှိရသည်။ ဟံသာဝတီခေတ် ဘုရင်မကြီးရှင်စောပု အုတ်ခွက်ရုပ်ပုံ နှင့် ရွှေဖြင့်ပြုလုပ်ထားသော ဦးခေါင်းဆောင်း တို့သည် အင်္ဂလန်နိုင်ငံ ဝိတိုရိယပြတိုက်နှင့် အဲလ်ဘတ်ပြတိုက်တွင် ယနေ့တိုင် တွေ့ရှိနိုင်သည်။
စာပေအရေးအသားအနေဖြင့်လည်း သုဝဏ္ဏဘူမိခေတ်၊ ဒွါရာဝတီခေတ်၊ ဟံသာဝတီခေတ် တို့တွင် ကျောက်စာ၊ အုတ်ခွက်စာ စသည်တို့များပြားခဲ့သည်။ ထိုင်းနိုင်ငံ ဟရိဘုဥ္ဇယ၊ လော့ဗူရီ ကျောက်စာ၊ ပုဂံ မြစေတီကျောက်စာ၊ ရွှေစည်းခုံ မွန်ကျောက်စာ၊ သထုံခေတ် ကော့ဂွန်းဂူကျောက်စာ၊ တြပ်ကျောက်စာ၊ ဟံသာဝတီပဲခူးရှိ ကလျာဏီသိမ်ကျောက်စာ အပါအဝင် ကျောက်စာအများအပြား ရေးထိုးခဲ့သဖြင့် မွန်လူမျိုးတို့၏ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားခဲ့ပုံကို အထူးပြောစရာ မလိုပေ။
အသက်ဝမ်းကျောင်းအနေဖြင့်လည်း ရှေးပဝေသဏီကပင် စပါးစိုက်ပျိုးသည့်အတတ်ကို မွန်လူမျိုးတို့က မြန်မာနိုင်ငံတွင် ရှေးဦးစွာ မိုးရေသောက် လယ်ယာစိုက်ပျိုးခြင်းလုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့ကြသူဖြစ်သည်ဟု H.Gluce က ဆိုထားသည်။ (၁၃)
မြန်မာနိုင်ငံတွင် ရာဘာစိုက်ပျိုးခြင်းပညာကို ဦးရွှေလှေးက ၁၉ဝ၇ ခုနှစ်က စတင် စိုက်ပျိုးခဲ့သည်။ နိုင်ငံခြားမှ နည်းပညာရယူပြီး ဧက ၂ဝဝဝ ကျော်အထိ စိုက်ပျိုးခဲ့သည်ကို တွေ့ရှိရသည်။ [မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)၊ စာ-၄၆၄]
ဂီတနှင့် အနုပညာဘက်တွင်လည်း ဇာတ်၊ သီချင်းကြီး၊ သီချင်းခံ၊ အက စသည်တို့တွင်လည်း မွန်နှစ်ပါးသွားအက၊ ရွှေဟင်္သာမင်းအက၊ ယိမ်းစသည်ဖြင့် အမျိုးမျိုးရှိပြီး မွန်နှစ်ပါးသွားအကသည် မြူးကြွပြီး လူကြိုက်များခဲ့သည်။
မွန်လူမျိုးတို့သည် ဗေဒအတတ်ပညာကို ရှေးယခင် မင်းများ၊ နန်းတွင်းသားများကပင် ယုံကြည်ခဲ့ကြသည်။ ဗေဒင်ပညာကို လိုက်စား၍ တွက်ချက်သော အလေ့အထရှိကြသည်။ ဗေဒင်ဟောရာ၌ လောကသိဒ္ဓိကျမ်း၊ လောကသမုတ္တိကျမ်းများကို အသုံးပြုကြသည်။ သက္...
ဆက်လက်ဖတ်ရှု့ရန်မွန်လူမျိုးတို့သည် ဗေဒအတတ်ပညာကို ရှေးယခင် မင်းများ၊ နန်းတွင်းသားများကပင် ယုံကြည်ခဲ့ကြသည်။ ဗေဒင်ပညာကို လိုက်စား၍ တွက်ချက်သော အလေ့အထရှိကြသည်။ ဗေဒင်ဟောရာ၌ လောကသိဒ္ဓိကျမ်း၊ လောကသမုတ္တိကျမ်းများကို အသုံးပြုကြသည်။ သက္ကရာဇ် ၁၁ဝဝ ခန့်က မွန်ရဟန်း ဝေါဆရာတော် ဘဒ္ဒန္တဥတ္တမရမ္ဘ ပြုစုသော လောကသိဒ္ဓိကျမ်းသည် ထင်ရှားသည်။ ယင်းကျမ်းများမှာ မွန်တို့၏ ရှေးရိုးစဉ်လာဓလေ့များ၊ လူ့အဖွဲ့အစည်းများ အတွင်းရှိ လူမှုရေးကိစ္စအားလုံးနှင့်ဆိုင်သော အကြောင်းအရာများ၊ ရှောင်ရန်ဆောင်ရန် အချက်များ၊ လမ်းညွှန်ချက်များနှင့် ဗေဒင်တွက်ပုံတွက်နည်းများ၊ ဂြိုလ်နက္ခတ် သွားလာပုံများ၊ တွက်ချက်နည်း များပါ ပါဝင်သည်။ ဗေဒအရ ဆောင်ရန်များ လိုက်နာ၍ ယတြာချေခြင်း ပြုကြသည်။
မွန်လူမျိုးတို့မှာ ရှေးယခင်ကပင် ရိုးရာဆေးပညာများဖြင့် ကုသကြ၍ ဆေးကျမ်းများပြုစု ထားရှိသည်။ ပညာရှင်များက အများသိရှိလိုက်နာရန် ဆေးကျမ်းများ ရေးသားပြုစု၍ မှတ်တမ်းထားရှိကြသည်။
အိမ်ဆောက်ရာတွင်လည်း ရက်ကောင်းရက်မြတ်ရွေးချယ်ကြသည်။ နှစ်ဦးတွင် လယ်ယာ လုပ်ငန်း စတင်လယ်ထွန်သည့်ရက်ကိုလည်းကောင်း၊ မျိုးစပါးစိုက်သည့်ရက်ကိုလည်းကောင်း၊ မျိုးကြဲရက် ကိုလည်းကောင်း၊ ကောက်စိုက်သည့်ရက်ကိုလည်းကောင်း ရွေးချယ်ကြသေးသည်။ လယ်လုပ်သူများသည် တနင်္ဂနွေနေ့တွင် လယ်စထွန်ရန်၊ တနင်္လာနေ့တွင် ပျိုးကြဲရန်၊ အင်္ဂါနေ့တွင် စပါးရိတ်ခြင်း၊ နယ်ခြင်း စတင်ရန်၊ ဗုဒ္ဓဟူးနေ့တွင် စ၍ စပါးရိတ်ရန်၊ ကြာသပတေးနေ့တွင် စပါးစ၍ ကျီသွင်းရန်၊ သောကြာနေ့ တွင် မျိုးရေစိမ်၊ စနေနေ့တွင် စ၍လှေ့ရန် ဖြစ်သည်။
အိမ်ဆောက်လှင်လည်း နတ်တိုင်ကို ရှာဖြူရှာနီစည်း၍ ပထမဆုံးတိုင်ထူရသည်။ ထို့ပြင် ရှင်ပြု၊ ရဟန်းခံ၊ မင်္ဂလာဆောင်ရက်၊ အိမ်သစ်တက် မင်္ဂလာရက် စသည်တို့တွင်လည်း ဆောင်ရန်၊ ရှောင်ရန် ရက်ရွေးချယ်ကြသည်။
မွန်တိုင်းရင်းသားအများမှာ ဗုဒ္ဒဘာသာဝင်များဖြစ်ကြသဖြင့် ဗုဒ္ဓတရားတော်အရ ပညတ်ချက် များကိုလည်း ရှောင်ကြဉ်ကြသည်။ ရိုးရာနတ်များ မကြိုက်မနှစ်သက်သည့် အပြုအမူများကိုလည်း ရှောင်ကြဉ်ကြရသည်။ ရှေးရိုးစဉ်လာ လောကသိဒ္ဓိကျမ်းပါ...
ဆက်လက်ဖတ်ရှု့ရန်မွန်တိုင်းရင်းသားအများမှာ ဗုဒ္ဒဘာသာဝင်များဖြစ်ကြသဖြင့် ဗုဒ္ဓတရားတော်အရ ပညတ်ချက် များကိုလည်း ရှောင်ကြဉ်ကြသည်။ ရိုးရာနတ်များ မကြိုက်မနှစ်သက်သည့် အပြုအမူများကိုလည်း ရှောင်ကြဉ်ကြရသည်။ ရှေးရိုးစဉ်လာ လောကသိဒ္ဓိကျမ်းပါ ရှောင်ကြဉ်ရန် အချက်များကိုလည်း လိုက်နာကြသည်။
အိမ်တစ်ဆောင်ဆောက်မည်ဆိုလှင် အင်္ဂါနေ့နှင့် စနေနေ့ကို ရှောင်ကြဉ်သည်။ အကြောင်းမှာ အင်္ဂါနေ့တွင် အိမ်ဆောက်ပါက အိမ်မီးလောင်တတ်သည်။ စနေနေ့တွင် ဆောက်ပါက ဘေးအန္တရာယ် များ ကြုံတတ်သည်ဟု လောကသဒ္ဓိကျမ်း၌ ပြဆိုထားသည်။
ဆံပင်ညှပ်လျှင်လည်း တနင်္လာနေ့နှင့် ဗုဒ္ဓဟူးနေ့ကို ရှောင်ကြဉ်ကြသည်။ ခြေသည်း လက်သည်း လှီးလျှင်လည်း တနင်္ဂနွေ၊ အင်္ဂါ၊ စနေနေ့များကို ရှောင်ကြသည်။ ယင်းနေ့များတွင် လှီးပါက ကျက်သရေယုတ်တတ်သည်ဟု ယူဆကြသည်။
အိမ်ဆောက်ခြင်းနှင့်ပတ်သက်သော ရှောင်ကြဉ်ရန်အချက်များမှာ-
(၁) တန်ခူးလနှင့် ဝါတွင်းလများတွင် အိမ်မဆောက်ရ။
(၂) အိမ်ဆောက်ရာ၌ ညောင်သား၊ သင်္ကန်းသား၊ အနန်းသား၊ သပြေသား၊ ဝါးနက်၊ ဝါးသုဉ်းရုံမှ ဝါးမသုံးရ။
(၃) အိမ်ဆောက်ရန်အတွက် အိမ်တိုင်အဖြစ် အသုံးပြုရန် သစ်ခုတ်ရာတွင် အောက်ခြေ သေးပြီး အပေါ်ပိုင်းကြီးသော သစ်ပင်ကို မခုတ်ရ။
(၄) အပေါ်သေး၊ အောက်သေး၊ အလယ်ကြီးသော သစ်ကို မသုံးရ။
အခြားရှောင်ကြဉ်ရန် အချက်များမှာ-
(၁) မြောက်နှင့်အနောက်ကို ခေါင်းပြုမအိပ်ရ။
(၂) ကိုယ်ဝန်ဆောင်များ အခြားအိမ်သို့အလည်သွားလျှင် ခြေဆင်းမထိုင်ရ၊ လဲလျောင်းခြင်း မပြုရ။
(၃) အစ်ကိုဖြစ်သူ၏ဇနီး ကိုယ်ဝန်ရှိနေလျှင် ကျန်ညီကိုများ မင်္ဂလာမဆောင်ရ။
(၄) တစ်နှစ်အတွင်း မင်္ဂလာ(၂)ခု မပြုရ။
ဤသည်တို့ကား မှတ်သားဘွယ်ရာဖြစ်သည်။
ယခုအခါတွင် ဆောင်ရန်ရှောင်ရန် ကိစ္စများကို လူအတော်များများ လိုက်နာမှုအားနည်း ကြသည်။ ခေတ်ပညာတိုးတက်လာသည့်အတွက်ကြောင့်လည်းဖြစ်နိုင်သည်။ မည်သို့ဆိုစေ ဆောင်ရန်ကိစ္စများကို မဆောင်စေကာမူ ရှောင်ရမည့်ကိစ္စများကို ရှောင်နိုင်ရန် လိုအပ်ပါသည်။ မရှောင်မိက စိတ်ထဲ မရှင်းမလင်းဖြစ်ပြီး ဥပါဒါန်ကြောင့် ဥပါဒ်ရောက်မည်ဆိုသည့် စကားကလည်း ရှိပေသည်။
တနင်္သာရီတိုင်းဒေသကြီးရှိ မွန်လူမျိုး၏ ဆင်းသက်လာပုံ
ဆင်းသက်လာပုံ
မွန်လူမျိုးများသည် မြန်မာနိုင်ငံအတွင်းအခြေချသောအခြားသော လူမျိုးများနည်းတူ မွန်ဂိုလွိုက်အနွယ်ဝင်လူမျိုးဖြစ်သည်။ မွန်လူမျိုးတို့ပြောဆိုသောဘာသာစကားမှာမူ ဩစတစ် ခေါ်တောင်ပိုင်းဘာသာစကားမျိုးနွယ်မှ ဩစတိုအေးရှားတစ်ခေါ် မွန်-ခမာ ဘာသာစကား မျိုးခွဲကိုပြောဆိုကြသူများဖြစ်သည်။ အလွန်ရှေးကျသော အချိန်ကာလ များတွင် မွန်-ခမာ စကားပြောသူများသည် တရုတ်နိုင်ငံတောင်ပိုင်း ယန်စီကျန မြစ်ဝှမ်းဒေသတွင် အခြေစိုက် ခဲ့ကြပြီး ဆန်စပါးစိုက်ပျိုးရေးကို ဦးစွာစတင်ခဲ့ကြသူများ ဖြစ်သည်။ ထိုအချိန်က တရုတ်နိုင်ငံ မြောက်ပိုင်း ဟွန်ဟိုမြစ်ခေါ် မြစ်ဝါမြစ်တွင် အခြေစိုက်သော တရုတ်လူမျိုးများ လူဦးရေများပြား လာသဖြင့် မွန်-ခမာစကားပြောသူ များနေရာ ယန်စီကျန်မြစ်ဝှမ်းသို့ပြန့်နှံ့ ရောက်ရှိ လာသည်။ ထိုတရုတ်လူမျိုးတို့၏ ဖိအားကြောင့် မွန်ခမာစကားပြောသူတို့သည် မြစ်နီမြစ်ကြောင်း၊ မဲခေါင်မြစ်ကြောင်း၊ သံလွင်မြစ်ကြောင်း၊ ဧရာဝတီမြစ်ကြောင်းများ အတိုင်း အရှေ့တောင်အာရှ နိုင်ငံများသို့ ဝင်ရောက်ခဲ့ကြသည်။ မွန်-ခမာ စကားပြောသူ များသည် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းတွင် ဒုံဆွန်းကြေးယဉ်ခေတ်မှုဒေသနှင့် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဘန်ချိုင်းကြေးခေတ် ယဉ်ကျေးမှုဒေသများအပါအဝင် အရှေ့တောင် အာရှတွင် ပထမဆုံးကြေးခေတ် ယဉ်ကျေးမှု ကို တည်ထောင်ခဲ့ကြသည်။ မွန်လူမျိုးတို့သည် ထိုင်းနိုင်ငံအနှံ့အပြားနှင့် မြန်မာနိုင်ငံ တောင်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသနှင့် မွန်-တနင်္သာရီ ကမ်းရိုးတမ်းဒေသများတွင် ဝင်ရောက် အခြေစိုက်ခဲ့ကြသည်။
နေထိုင်ရာဒေသများ
မွန်လူမျိုးများသည်ခရစ်နှစ်ဦးကာလများမှစ၍ ထိုင်းနိုင်ငံတဝှမ်းနှင့် မြန်မာနိုင်ငံ တောင်ပိုင်း ဒေသများတွင် ဒေသအလိုက်မွန်နိုင်ငံများကိုတည်ထောင်ခဲ့ကြပါသည်။ ထိုင်းနိုင်ငံ အလယ်ပိုင်းတွင် ဒွါရဝတီနိုင်ငံ၊ အရှေ့မြောက်ပိုင်းတွင် ဧသနပူရနိုင်ငံ၊ တောင်ပိုင်းတွင် သီရိဓမ္မရာဇ် နှင့် မြောက်ပိုင်းတွင် ဟရိဘုဉ္ဇယ နိုင်ငံများကိုတည်ထောင်ခဲ့ကြပါသည်။ မြန်မာ နိုင်ငံတောင်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသတွင်ဟံသာဝတီနိုင်ငံ၊ မုတ္တမကမ်းရိုးတန်း ဒေသတွင် သုဓမ္မဝတီနိုင်ငံများကို တည်ထောင်ခဲ့ကြပါသည်။ ဟရိဘုဉ္ဇယနိုင်ငံမှအပ ကျန်ရှေးမွန် နိုင်ငံများသည် အေဒီ ၁၁ ရာစုအတွင်း အန်းကောအင်ပိုင်ယာနှင့် ပုဂံအင်ပိုင်ယာတို့၏ လက်အောက်သို့ ကျရောက်ခဲ့ ရပါသည်။ ဟရိဘုဉ္ဇယနိုင်ငံသည် အေဒီ ၁၃ ရာစုတွင် လန်းနားနိုင်ငံလက်အောက်သို့ ကျရောက်ခဲ့ရပါသည်။ ထို့အတွက်မွန်တို့နေထိုင်ရာ ဒေသများ လျှော့ပါး သွားခဲ့ရပါသည်။ အေဒီ ၁၂၈၁ တွင် မုတ္တမကိုမြို့တော်ပြု၍ မွန်နိုင်ငံကိုပြန်လည် ထူထောင်ခဲ့ကြပါသည်။ ထိုအလယ်ခေတ် မွန်နိုင်ငံသည် ပုသိမ် ၃၂ မြို့၊ ဟံသာဝတီ ၃၂ မြို့၊ မုတ္တမ ၃၂ မြို့ ဖြစ်သော ရာမညတိုင်းမွန် ၃ ရပ်ပါဝင်သည့်နိုင်ငံဖြစ်ပါသည်။ ထိုရာမည တိုင်းသည် အေဒီ ၁၇၅၇ ခုနှစ်တွင် ကုန်းဘောင် အင်ပါယာ လက်အောက်သို့ ကျရောက် ခဲ့ရပါသည်။ ထို့အတွက်မွန်တို့နေထိုင်ရာဒေသများ ထပ်မံလျှော့ပါးသွားပါသည်။ ယခု အချိန်တွင် မွန်လူမျိုး များသည် မွန်ပြည်နယ်မော်လမြိုင်ခရိုင် တွင် အဓိက နေထိုင် ကြပါသည်။ မွန်ပြည်နယ် သထုံခရိုင်တွင်လည်း အသင့်တင့်နေထိုင်ကြပါသည်။ ကရင် ပြည်နယ် ဘားအံ၊ ကော့ကရိတ် နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များ နှင့် တနင်္သာရီတိုင်း ဒေသကြီး၊ ရေဖြူမြို့နယ်၊ မြိတ်မြို့နယ်၊ ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ်၊ ဘုတ်ပြင်း မြို့နယ်နှင့် ကော့သောင်းမြို့နယ် တို့တွင်လည်း အတင့်သင့်နေထိုင်ကြပါသည်။ ရန်ကုန်မြို့ နှင် ပဲခူးမြို့များတွင်လည်း နေထိုင်ကြပါသည်။ ထိုင်းနိုင်ငံ ကမ်ချနဗူရီခရိုင်နှင့် ထိုင်းနိုင်ငံ အလယ်ပိုင်းမြစ်ဝှမ်းလွင်ပြင်များ တလျှောက်တွင်လည်း အနည်ငယ်မျှပြန့်ကျဲ နေထိုင် ကြပါသည်။
သွင်ပြင်လက္ခဏာ
မွန်လူမျိုးတို့၏သွင်ပြင်မှာမြန်မာလူမျိုးတို့နှင့်မကွာခြားလှပေ။ သာမာန်အမြင် အားဖြင့် မခွဲခြားနိုင်ပေ။ မွန်အမျိုးသားများသည် မျက်ခုံးပိုထူလေ့ရှိကြသည်။ မွန်လူမျိုးများသည် မြန်မာလူမျိုးများ ထက်တောင့်တင်းခိုင်မာမှု အနည်းငယ်ပြေလျှော့သည်။ အသားလတ်သည်။
ရိုးရာဓလေ့
မွန်လူမျိုးတို့၏ဓလေ့ထုံးစံများမှာများပြားလှသည်။ လောကသိဒ္ဓိအစရှိသော လောကီ ဆိုင်ရာ ကျမ်းမျာအတိုင်းလိုက်နာကျင့်သုံးကြသည်။ မွေးဖွားခြင်း၊ ကင်ပွန်းတပ်ခြင်း၊ ရှင်ပြုခြင်း၊ မိတ်ဖွဲ့ခြင်း၊ လူပျိုလှည့်ခြင်း၊ လက်ထပ်ထိမ်းမြားခြင်း၊ အိမ်ဆောက်ခြင်း၊ သေဆုံးခြင်း စသည် လူ့ဘဝဖြစ်စဉ်တလျှောက် အတွက် သက်ဆိုင်သော ဓလေ့ထုံးစံ သတ်မှတ်ချက်များရှိပေသည်။ မွန်လူမျိုးအများစုသည်ဗုဒ္ဓဘာသာ ကိုးကွယ်ကြသူများ ဖြစ်ရာ ဗုဒ္ဓဘာသာဆိုင်ရာ ဓလေ့ထုံးစံများလည်းရှိကြသည်။ သင်္ကြန်နှစ်သစ်ကူးခြင်း၊ ညောင်ရေသွန်းခြင်း၊ သဲပုံစေတီတည်ခြင်း၊ ဝါဆိုပန်းကပ်ခြင်း၊ ရွှေအိုးလှူခြင်း၊ သင်္ဘော ဆွမ်းကပ်ခြင်း အစရှိသည့်ဓလေ့ထုံးစံများလည်းရှိသည်။ မွန်လူမျိုးတို့သည်ဗုဒ္ဓဘာသာ ကိုးကွယ်မှုနှင့်အတူ ရိုးရာနတ်ကိုလည်းကိုးကွယ်ကြသည်ဖြစ်ရာ နတ်ပူဇော်ပသခြင်းနှင်း နတ်ကနားကခြင်းဓလေ့ထုံးစံများလည်းရှိပါသည်။
မွန်ဘာသာစကားသည် ဩစတစ်ဘာသာစကားအုပ်စုကြီးမှ မွန်- ခမာ ဘာသာစကား အုပ်စုခွဲတွင်ပါဝင်ပါသည်။ ထိုအုပ်စုခွဲတွင် မွန်လူမျိုးများနှင့်အတူ အိန္ဒိယနိုင်ငံမှ မုဏ္ဍ နှင့် ခါစီလူမျိုးများ၊ ဗီယက်နမ်လူမျိုး၊ ကမ္ဘောဒီယားလူမျိုး၊ မလေးကျွန်းဆွယ် နှင့် နီကိုဘာ ကျွန်းမှ မှ အသားမည်းလူမျိုးစုများ၊ မြန်မာနိုင်ငံမှ ဝ၊ ပလောင်း၊ ရိအန် အစရှိသော လူမျိုးများပါဝင်ပါသည်။ မွန်တို့နှင့် ဘာသာစကား အနီးစပ်ဆုံးလူမျိုးများမှာ ထိုင်းနိုင်ငံ ကိုးရတ် ကုန်းပြင်တွေအနည်းငယ်မျှသာ ပြန့်ကျဲကျန်ရှိ နေသော ညေးကူလူမျိုးများ ဖြစ်ပေသည်။ မွန်တို့သည် အိန္ဒိယတောင်ပိုင်းမှ ပလ္လဝအက္ခရာ နှင့် ပါဠိ၊ သက္ကတသ စာပေအရေးအသားများကိုရယူအခြေပြု၍ မွန်စာပေကို အေဒီ ၆ ရာစုတွင် တီထွင်ပြီး စတင်ရေးသားလာခဲ့ကြပေသည်။ မွန်စာပေသည်အရှေ့တောင်အာရှဒေသတွင် ရှေးအကျဆုံး စာပေ တစ်မျိုးလည်း ဖြစ်ပေသည်။ မွန်အက္ခရာနှင့် မွန်စာပေအရေးအသားများမှတဆင့် မြန်မာစာပေနှင့် ထိုင်းလန်းနားစာပေများ ဆင့်ပွားလာခဲ့ပေသည်။ ရှေးခေတ်ကာလများဆီက မွန်စာပေသည် ဒေသအတွင်း အခြားစာပေများအပေါ်တွင် များစွာလွှမ်းမိုးမှုရှိခဲ့ပေသည်။ မွန်စာပေအရေးအသားများကို အေဒီ ၆ ရာစုမှစ၍ ကျောက်စာ၊ မင်စာ၊ အုတ်ခွက်စာ၊ စဉ့်ကွင်းစာ၊ အင်္ဂတေစာ၊ ခေါင်းလောင်းစာ၊ တံဆိပ်ပြားစာ၊ ပေစာ၊ ပရပိုက်စာ များမှသည် ပုံနှိပ်စာအထိ မျိုးစုံတွေ့ကြရပေသည်။ ဒွါရာဝတီခေတ်မှ သထုံခေတ်၊ ပုဂံခေတ်၊ ဟရိဘုဉ္ဇယခေတ်အထိ အေဒီ ၆ ရာစုမှ ၁၃ ရာစုအထိ တွေရသောစာပေများကို ရှေးမွန်ဟူ၍သတ်မှတ်ကြပါသည်။ မုတ္တမခေတ်နှင့် ဟံသာဝတီခေတ်များဖြစ်သည့် အေဒီ ၁၄ ရာစုမှ အေဒီ ၁၇ ရာစုအထိတွေ့ရသောစာပေများကို ခေတ်လယ်မွန်ဟုသတ်မှတ်ပါသည်။ အေဒီ ၁၇ ရာစုမှ အေဒီ ၁၉ ရာစုအထိတွေ့ရသော မွန်ပေစာ၊ပုရပိုက်စာများကို ခေတ်နှောင်းမွန်စာပေဟုသတ်မှတ်ကြပါသည်။ အေဒီ ၁၉ ရာစုမှ ယနေအထိထုတ်ဝေသော ပုံနှိပ်စာများကို မျက်မှောက်ခေတ်မွန်စာပေအဖြစ်သတ်မှတ်နိုင်ပေသည်။
မွန်လူမျိုးတို့သည် သမိုင်းကြောင်းရှည်လျှားသည့်အပြင် နယ်မြေကျယ်ပြန့်စွာ အခြေစိုက်ခဲ့ကြသဖြင့် ခေတ်အပိုင်းအခြားအလိုက်အားဖြင့်လည်းကောင်း နယ်မြေအပိုင်း အခြား အလိုက် အားဖြင့်လည်ကောင်းဝတ်စာဆင်ယင်မှုပုံစံများရှိခဲ့ကြပေသည်။ ဒွါရာ ဝတီခေတ်၊ သထုံခေတ်၊ ပုဂံခေတ်၊ ဟရိဘုဉ္ဇယခေတ်၊ဟံသာဝတီခေတ် များအတွက် ခေတ်အလိုက်၊ဒေသအလိုက် ဝတ်စားဆင်ယင်မှုများကို ကျောက်ဆစ်လက်ရာများ၊ မြေမီးဖုတ်ရုပ်ကြွမျာ၊ နံရေးဆေးရေးများ၊ စဉ်ကွင်းရုပ်ကြွများတွင်တွေ့ရှိရပါသည်။ ပဲခူးဟံသာဝတီတွင်နန်းစိုက်သော တပင်ရွှေထီးမင်းသည် မွန်ပုံစံဆံပင်ဖြတ်၍ မွန်ဓလေ့ ထုံးစံဖြင့်လည်း ဘိက်သိတ်ခံနန်းတက်ခဲ့ကြောင်းသမိုင်းမှတ်တမ်းများတွင် တွေ့ရပါသည်။ နောင်းပိုင်းခေတ်များတွင် မွန်လူမျိုးတို့၏ဝတ်စားဆင်ယင်ပုံမှာ မြန်မာတို့နှင့်များစွာ တူပေသည်။အမျိုးသားများသည် ပုဆိုး၊အင်္ကျီနှင့် ခေါင်ပေါင်းများကို ဆင်မြန်းကြသည်၊ မွန်ရိုးရာခေါင်းပေါင်းမှာ မြန်မာနှင့် အနည်းငယ်ကွာခြားမှုရှိပြီး ခေါင်းပေါင်းစနှစ်ဖက်ထောင် ထားလေ့ရှိသည်။ အမျိုးသမီးများသည် ထမီနှင်အင်္ကျီကိုမြန်မာများကဲ့သို့ပင် ဝတ်ဆင် ကြပါသည်။ ဆံပင်ထုံးဖွဲ့မှုတွင်အနည်းငယ်ကွာခြားမှုရှိပါသည်။ ၁၉၇၂ ခုနှစ်တွင်မွန် အမျိုးသား ဝတ်စုံများကိုစံသတ်မှတ်ခဲ့ပါသည်။ အမျိုးသားများ၏ လုံချည်သည်အနီရောင် အောက်ခံတွင် အကွက်များပါပြီး အလယ်တွင်ပတ်လည်ဆင်းတခုပါဝင်သည်။အကျီအဖြူနှင့် အဖြူခံတွင်အနီရောင်အကွက်များပါသောတိုက်ပုံအင်္ကျီကိုဝတ်ဆင်ကြပြီး ခေါင်းပေါင်း ပေါင်းကြ ပါသည်။ အမျိုးသမီးများ၏လုံချည်မှာ အနီရောင်အောက်ခံတွင် အနက်ရောင် အဆင်များ ဖော်ထားပြီး အများအားဖြင့်အင်္ကျီအဖြူကို ဝတ်ဆင်ကြပါသည်။ ပုဝါကိုစလွယ်သိုင်း၍ ဆင်မြန်းကြပါသည်။ ဆံထုံးကိုလည်းထုံးဖွဲ့ကြပါသည်။
မွန်လူမျိုးအများစုတို့သည်ထေရဝါဒဗုဒ္ဓဘာသာကိုကွယ်ကြပါသည်။ ရိုးရာနတ် ကိုလည်း ဗုဒ္ဓ ဘာသာနှင့်အတူ ယုံကြည်လက်ခံကြပါသည်။ ဗုဒ္ဓဘာသာအပြင် ခရစ်ယာန်နှင့် အစ္စလမ်သာသာကိုးကွယ်သူ အနည်းငယ်လည်းရှိပါသည်။ မွန်လူမျိုးများသည် အရှေ့...
ဆက်လက်ဖတ်ရှု့ရန်မွန်လူမျိုးအများစုတို့သည်ထေရဝါဒဗုဒ္ဓဘာသာကိုကွယ်ကြပါသည်။ ရိုးရာနတ် ကိုလည်း ဗုဒ္ဓ ဘာသာနှင့်အတူ ယုံကြည်လက်ခံကြပါသည်။ ဗုဒ္ဓဘာသာအပြင် ခရစ်ယာန်နှင့် အစ္စလမ်သာသာကိုးကွယ်သူ အနည်းငယ်လည်းရှိပါသည်။ မွန်လူမျိုးများသည် အရှေ့ တောင်အာရှဒေသတွင် ထေရဝါဒဗုဒ္ဓဘာသာကို အဦးဆုံးလက်ခံရရှိပြီး၊ ထိုဘာသာကို ဒေသအတွင်း အခြားလူမျိုးများထံဖြန့်ချီပေးခဲ့သောသူများလဲဖြစ်ကြပါသည်။ မွန်လူမျိုးတို့ အခြေစိုက်ခဲ့သည်။ အောက်မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအနှံ့အပြားတို့တွင် စေတီပုထိုးများမရေ တွက်နိုင်အောင် တည်ထားခဲ့ကြသည်။ အောက်မြန်မာတွင် ရန်ကုန်မြို့ရှိရွှေတိဂုံစေတီ၊ တွံတေးရွှေဆံတော်စေတီ၊ သံလျှင်ကျိုက်ခေါက်စေတီ၊ ပုသိမ်ရွှေမုဋ္ဌောစေတီ၊ ပဲခူး ရွှေမမော်ဓောစေတီ၊ သထုံရွှေစာရံစေတီ၊ ကျိုက်ထီးရိုးစေသည်၊ မော်လမြိုင်ကျိုက်သန်လံ စေတီ အစရှိသည့် အထင်ကရစေတီကြီးများကိုတည်ထားခဲ့ကြသည်။ ထိုင်းနိုင်ငံတွင် အကြီး ဆုံးဖြစ်သော ဖရပထုံစေတီ၊ ဇင်းမယ်နယ်တွင် ဝပ်ဘုရားဓာတုစေတီကြီးမျာကိုလည်း မွန်လူမျိုးများတည်ထားခဲ့ကြသည်။ ထို့အပြင် ပုဂံမြို့ဟောင်းရှိ အာနန္ဒာ အစရှိသော ပုဂံခေတ်ဦး စေတီကြီးများတည်ဆောက်ရာတွင်လည်းမွန်ပညာရှင်များ ပါဝင်သည်ဟု ဆိုကြသည်။ မွန်လူမျိုးတို့သည်ဗုဒ္ဓဘာသာနှင့်အတူ ရိုးရာနတ်ယုံကြည်သူများလည်း ဖြစ်သည်။ မွန်ရိုးရာနတ်များမှာ ဒေသအလိုက် အုန်းသီးနတ်၊ ဝတ်စုံနတ်၊ ကျည်တောက် နတ်နှင့် ရွာစောင့်နတ်များဖြစ်ကြပါသည်။ အုန်သီးနတ်ဆိုသည်မှာ မင်းမဟာ ဂိရိ နတ်ပင် ဖြစ်ပေသည်။ မြန်မာလူမျိုးတို့သည်လည်း မင်မဟာဂိရိနတ်ကို အထူးကိုးကွယ်ကြ ပေရာ မွန်နှင့်မြန်မာနတ်ကိုးကွယ်မှုများမှာဆက်စပ်နေပေသည်။ ထို့အပြင် သီခြားနတ်များ ဖြစ်သော ဦးရှင်ကြီးနတ် နှင့် နန်ကရိုင်းမယ်တော်နတ်များမှာ မွန်ရိုးရာနတ်များ ဖြစ်သော် လည်း မြန်မာများလည်းကိုးကွယ်ကြပေသည်။
မွန်လူမျိုးများသည် အလွန်ရှေးကျသောခေတ်များကပင်မြို့ပြ ပြည်ရွာများ တည်ထောင်ခဲ့ကြပြီး အုပ်ချုပ်ရေး စီမံခန်ခွဲရေးများကိုဆောင်ရွက်လာခဲ့ကြပေသည်။ အိန္ဒိယမှယဉ်ကျေးမှု များကို ဆက်ခံရရှိပြီးသည့်အခါ ထိုမှအုပ်ချုပ်ရေးစနစ်မျ...
ဆက်လက်ဖတ်ရှု့ရန်မွန်လူမျိုးများသည် အလွန်ရှေးကျသောခေတ်များကပင်မြို့ပြ ပြည်ရွာများ တည်ထောင်ခဲ့ကြပြီး အုပ်ချုပ်ရေး စီမံခန်ခွဲရေးများကိုဆောင်ရွက်လာခဲ့ကြပေသည်။ အိန္ဒိယမှယဉ်ကျေးမှု များကို ဆက်ခံရရှိပြီးသည့်အခါ ထိုမှအုပ်ချုပ်ရေးစနစ်များ တရား စီရင်ရေးစနစ် များကိုရယူပြီး မိမိတို့လူမျိုးစရိုက်၊ ကိုးကွယ်သည့်ဘာသာတရားနှင့် လိုက်လျှောညီထွေ ဖြစ်အောင်ပြုပြင်ပြောင်းလဲကာ အုပ်ချုပ်ရေးတရားစီရင်ရေးများကို ဆောင်ရွက်ခဲ့ ကြပေသည်။ ရှေးခေတ်အခါက ဘုရင်စနစ်အုပ်ချုပ်ရေးပင်ဖြစ်သည်။မွန်တို့၏ အုပ်ချုပ် ရေးမှာ မင်းဧရာဇ်၊ နယ်စားများ၊ မြို့စားများ၊ ရွာသူကြီးများ စသည့် ပဒေသရာဇ် အုပ်ချုပ်ရေး စနစ်အတိုင်းပင်ဖြစ်သည်။ မွန်တို့၏အုပ်ချုပ်ရေးမှာ သထုံခေတ်တွင် မင်း ၃၃ ပါးအုပ်ချုပ်သည့် စနစ်ဖြစ် ဟန်တူကြောင်း ခေတ်လယ်မွန်ကျောက်စာများနှင့် မွန်ရာဇဝင် များတွင်တွေ့ရသည့် မြတ်စွာဘုရား သွားတော်ဓာတ် ၃၃ ဆူ အကြောင်းကိုကား၍ ဆိုကြသည်။ မင်း ၃၃ ပါးဆိုသည်မှာ မြင်းမိုရ်တောင်ထိပ်တွင် စိုးစံသော သိကြားမင်းသည် အကြီးအကဲဖြစ်သည်။ ထို့နောက် စတုမဟာရာဇ်ခေါ် လောကပါလ နတ်မင်း ၄ ပါး ရှိပြီး၊ နောက်တွင် ယက္ခသေနာပတိ ၂၈ ပါးရှိ သဖြင့် စုစုပေါင်း ၃၃ ပါးဖြစ်ပေသည်။ ဟံသာဝတီခေတ်သို့ ရောက်သောအခါ ထိုအုပ်ချုပ်ရေးကိုပင်အကျယ်ချဲ့က ၁၀၁ ပါး ထီးဆောင်းမင်းအုပ်ချုပ်ရေး ဖြစ်ပေါ်လာသည် ဟုဆိုသည်။ ဟံသာဝတီခေတ် ရာမည တိုင်း တွင် ပုသိမ်၊ ဟံသာဝတီ နှင့် မုတ္တမဟူသည် မဏ္ဍလ ၃ ရပ်ရှိပြီး၊ မဏ္ဍလ တခုစီတွင့် မြို့တော် တခုစီ နှင့် အရံမြို့ ၃၂ မြို့စီ ရှိရာ မဏ္ဍလတခုစီတွင် နယ်စားမင်းနှင့် မြို့စား ၃၂ ဦး၊ပေါင်း ၃၃ ဦးစီရှိပေသည်။ မဏ္ဍလ ၃ ခုပေါင်းလျှင် နယ်စား၊မြို့စား ၉၉ ဦးရှိပေသည်။ ထိုအထက်တွင်မှ မဟာဥပရာဇာခေါ် အိမ်ရှေ့မင်းနှင် ဧကရာဇ်မင်းတို့ရှိပေရာ စုစုပေါင်း ၁၀၁ ပါးဖြစ်လာ ပေသည်။ ထိုအချင်းအရာသည် ၁၀၁ ပါသော ထီးဆောင်းမင်းပုံစံဖြစ်မည်ဟု သမိုင်းပညာရှင် အိတ်ခ်ျ အယ်လ် ရှော့တို က လေ့လာ တင်ပြထားပေသည်။ မွန်တို့သည် အုပ်ချုပ်ရေးနည်းတူ တရားစီရင်ရေး အတွက်လည်း အိန္ဒိယမှ ဓမ္မသတ်ကျမ်းများကို ရယူပြီး မိမိတို့နှင့် လျှော်ညီအောင်ပြင်ဆင်ပြုစုကြပေသည်။ မြန်မာနိုင်ငံတွင်ပထမဦးဆုံးသော သမိုင်းတင် ဓမ္မသတ်ကျမ်းကို ပုဂံခေတ်တွင် ဒလ (တွံတေး)မြို့မှ မွန်ဆရာတော် ဓမ္မဝိလာသမထေရ်ပြုစု ကြောင်းဆိုကြပေသည်။ နောက်ပိုင်း ခေတ်များတွင် သုံးသော ဓမ္မသတ်ကျမ်းများ၏အခြေခံ မူလကျမ်း မုတ္တမမြို့တော်ကို တည်ထောင်သော ဝါရီရူ မင်းလက်ထက်တွင် မွန်ပညာရှင်များ ပြုစုခဲ့ကြပြီး ဝါရီရူဓမ္မသတ်ဟု တွင်ပါသည်။ ထိုဝါရီရူ ဓမ္မသတ်ကျမ်းကို ဘုရင့်နောင် မင်းတရား လက်ထက်တွင် မြန်မာ ဘာသာသို့ ပြန်ဆိုခဲ့ ပေသည်။ ထိုကာလအတွင်းမှာပင် ထိုင်းဘာသာသို့လည်း ပြန်ဆိုခဲ့ကြပေသည်။ ထိုဓမ္မသတ်ကျမ်းသည် ယနေ့အချိန်အထိ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် တရား စီရင်ရေးအတွက်လက်ခံကျင့်သုံးနေသော ဗုဒ္ဓ ဘာသာ တရား ဥပဒေ၏ အခြေခံပင် ဖြစ်လေသည်။
မွန်လူမျိုးများသည် သမိုင်းကြောင်းရှည်လျှားပြီး ရှေးအခါကပင်မြိုပြပြည်ရွာများ တည်ထောင်ခဲ့ကြသည်။ မိမိတို၏ကိုယ်ပိုင်ယဉ်ကျေးမှုများအပြင် အိန္ဒိယမှယဉ်ကျေးမှုများ ကိုလည်း လက်ခံရရှိပြီး မိမိတို့နှင်လျှော်ညီအောင်ပြုပြင်ခ...
ဆက်လက်ဖတ်ရှု့ရန်မွန်လူမျိုးများသည် သမိုင်းကြောင်းရှည်လျှားပြီး ရှေးအခါကပင်မြိုပြပြည်ရွာများ တည်ထောင်ခဲ့ကြသည်။ မိမိတို၏ကိုယ်ပိုင်ယဉ်ကျေးမှုများအပြင် အိန္ဒိယမှယဉ်ကျေးမှုများ ကိုလည်း လက်ခံရရှိပြီး မိမိတို့နှင်လျှော်ညီအောင်ပြုပြင်ခဲ့ကြသည်။ မွန်လူမျိုးများအခြေစိုက် ခဲ့ရာ ဒေသများတွင် ဂီတ၊အက သုခုမဆိုင်ရာ အထောက်အထားများအဖြစ် ရုပ်ကြွ၊ရုပ်တုများ တွေ့ရပေသည်။ ရှေးတရုတ်မှတ်တမ်းများတွင် ခွန်လွန်ဟုခေါ်သောမွန်လူမျိုးများသည် အဆိုအကကိုခုံမင်ကြပြီး အိမ်များတွင်ပင်စည်မျာကိုတီးခတ်ရန်စီစဉ်ထားကြပြီး ဂီတနှင့် အကတွင်ထူးချွန်ကြသည်ဟုဆိုသည်။ အေဒီ ၉ ရာစုဦးတွင် တရုတ်နိုင်ငံသို့သွားသော ပျူသံအဖွဲ့တွင် အနုပညာအဖွဲ့လည်းလိုက်ပါသွားကြပြီး မွန်ဂီတပညာရှင်များပါဝင်ကာ မွန်တူရိယာများကိုတီးမှုတ်ကြကြောင်း ရှေးတရုတ်မှတ်တမ်းများတွင်တွေ့ရပေသည်။ အေဒီ ၈ ရာစု ဂျပန်၌ ထင်ရှားသော နန်းတွင်းအကတမျိုးသည် ဒွါရဝတီမွန်လူမျိုးတို့ဆီမှ ရောက်လာခြင်း ဖြစ်ဟန်ရှိကြောင်း ဂျပန်းရှေးမှတ်တမ်းတခုတွင်ပါရှိပေသည်။ ပုဂံခေတ် ကျန်စစ်သားမင်း၏နန်းတည်မွန်ကျောက်စာတွင် နန်းတည်အခန်းအနား၌ မြန်မာသီချင်း၊ မွန်သီချင်း၊ ပျူသီချင်းများ တင်ဆက်ဖျော်ဖြေကြောင်းပါရှိပါသည်။ ပုဂံခေတ် အခါတွင်ပင် မွန်နှင့်မြန်မာ အနုပညာယဉ်ကျေးမှုများ ဖလှယ်နေကြပြီကိုသိရှိနိုင်ပေသည်။ နောက်ပိုင်း ခေတ်များတွင်လည်း မြန်မာနန်းတော်တွင် မွန်အနုပညာရှင်များဖျော်ဖြေခြင်းနှင့် မွန်နန်းတော်တွင် မြန်မာအနုပညာရှင်များဖျော်ဖြေကြကြောင်းတွေ့ရပေသည်။ မွန်စာပေ များတွင် မွန်ဘုရင်များလက်ထက်အခါက မွန်အကများနှင့် မွန်တူရိယာပစ္စည်းများ အကြောင်းကို တွေ့ရပေသည်။ မွန်တူရိယာများတွင်း စည် ၂၀ မျိုးနှင့် အခြားတူရိယာ ၂၂ မျိုးရှိကြောင်းဖော်ပြကြပေသည်။ ယခုအချိန်အထိ တီးခတ်နေသည့်မွန်တူရိယာများထဲတွင် မိကျောင်းတူရိယာနှင့် လခြမ်းတူရိယာတို့မှာ မွန်တို့၏ကိုယ်ပိုင်တူရိယာများအဖြစ် ထူးထူး ခြားခြားတွေ့ရပေသည်။ ကုန်းဘောင်ခေတ် သာယာဝတီမင်းလက်ထက်တွင် မွန်ဂီတ သံများကိုအခြေခံ၍ မြန်မာတေးသီချင်းမျာရေးစပ်ခဲ့ကြသဖြင့် မြန်မာမဟာဂီတ သီချင်းကြီး များတွင် မွန်သီချင်းဟူသည့် ကဏ္ဍတရပ်ထွန်းကားခဲ့ပေသည်။
မွန်လူမျိုးများသည်ဗုဒ္ဓဘာသာဝင်အများစုဖြစ်ပေရာ ဗုဒ္ဓတရားတော်နှင့်အညီ ဆောင်ရွက်ကြပေသည်။မွန်လူမျိုးတို့သည်ရိုးရာနတ်ကိုလည်းယုံကြည်ကြပေရာ ရိုးရာရှိသည့် အတိုင်း ဆောင်ရွက်ကြရပေသည်။ မွန်လူမျိုးများသည်လောကီကျမ်းဂန်များကိ...
ဆက်လက်ဖတ်ရှု့ရန်မွန်လူမျိုးများသည်ဗုဒ္ဓဘာသာဝင်အများစုဖြစ်ပေရာ ဗုဒ္ဓတရားတော်နှင့်အညီ ဆောင်ရွက်ကြပေသည်။မွန်လူမျိုးတို့သည်ရိုးရာနတ်ကိုလည်းယုံကြည်ကြပေရာ ရိုးရာရှိသည့် အတိုင်း ဆောင်ရွက်ကြရပေသည်။ မွန်လူမျိုးများသည်လောကီကျမ်းဂန်များကိုလည်း ယုံကြည်သည်ဖြစ်ရာ ထိုကျမ်းသတ်မှတ်ချက်များအတိုင်း ဆောင်ရန်ရှိသည်တို့ကို ဆောင်ရွက် ကြပေသည်။
ဆောင်ရန်အချက်တွင်ဖော်ပြသည့်အတိုင်းပင် ဗုဒ္ဓတရားတော်နှင့် မစီလျှော်သော အမှုများကိုရှောင်ကြရပါမည်။ရိုးရာနတ်ကိုးကွယ်မှုများမှဆန့်ကျင်နေသည်များကို ရှောင်ကြဉ် သင့်ပါသည်။ လောကသိဒ္ဓိ စသော မွန် လောကီကျမ်းများတွင် မသင့်က...
ဆက်လက်ဖတ်ရှု့ရန်ဆောင်ရန်အချက်တွင်ဖော်ပြသည့်အတိုင်းပင် ဗုဒ္ဓတရားတော်နှင့် မစီလျှော်သော အမှုများကိုရှောင်ကြရပါမည်။ရိုးရာနတ်ကိုးကွယ်မှုများမှဆန့်ကျင်နေသည်များကို ရှောင်ကြဉ် သင့်ပါသည်။ လောကသိဒ္ဓိ စသော မွန် လောကီကျမ်းများတွင် မသင့်ကြောင်း ဖော်ပြထားသည်တို့ကို ရှောင်ကျဉ်သင့် ပေသည်။ မြန်မာတို့သည်မွန်လူမျိုးတို့ကို ပုဂံခေတ်က တန်လိုင်ဟုခေါ်ပြီး တောင်ငူခေတ် မှစ၍ တလိုင်းဟုခေါ်ပါသည်။ သို့ပါသော်လည်း ကုန်းဘောင်ခေတ်တွင် မြန်မာတို့က မွန်တို့ကို နှိမ့်ချလိုသည့်သဘောဖြင့် တလိုင်းဟု ခေါ်သည်ဟု မွန်လူမျိုးများကယူဆသဖြင့်မွန်လူမျိုးများအား တလိုင်းဟုခေါ်ခြင်းမှရှောင်ကြဉ် သင့်ပေသည်။