- ငှက်ပျောဖူး
- သင်္ဘောသီး
- ပုစွန်
- စပါးလင်
- ပင်စိမ်း
- ကြက်သွန်ဖြူ/နီ
- ငရုတ်သီးစီမ်းမှုန့်
- ဆန်နှစ်မှုန့်
- အသားမှုန့်
- ဆီအနည်းငယ်
- ငံပြာရည်အနည်းငယ်
- နနွင်းအနည်းငယ်
ယခုခေတ်အခါကာလတွင် ပြည်ပအစားအစာများကိုသာ ဦးစားပေးစားသောက်သော ခေတ်တွင် ကျန်းမာရေးရှုထောင့်ဖြင့် စားသောက်ခဲ့သော ရှေးမွန်တို့၏ စားစရာများ ပျောက်ကွယ် လုနီးနီးဖြစ်၍ ရှေးခေတ်မွန်လူကြီးမိဘများ စားသောက်ခဲ့သော အစားစာများသည် အစာလည်းဆေး ဆေးလည်းအစာ သဘောသက်ရောက်သော ဟင်းလျာတစ်မျိုးဖြစ်သည့် ပံင်(ခေါ်) ပေါင်းထုပ် ဟင်းလျာကို တင်ပြပါသည်။
ပုစွန်ငါးပေါင်းထုပ်ဟင်းလျာ၏ အဓိကဆေးဘက်ဝင်ဖြစ်သော သော့ချက်မှာ ရဲယိုရွက်၊ စပါးလင်၊ ပင်စိမ်းစသည်များဖြစ်ပါသည်။ ငှက်ပျောဖူး၊ မျှစ်၊ သင်္ဘောသီးတို့သည်လည်း ဓါတု ပစ္စည်းလွတ်ကင်းသော သဘာဝသီးနှံဖြစ်သဖြင့် ကျန်းမာရေးကို အထောက်အကူဖြစ်စေသည်။
ရဲယိုရွက်
ဆေးပညာရှင်အဆိုအရ ဗီတာမင်စီ ပါဝင်သောကြောင့် သွေးကြောနံရံများ ပျက်စီးမှုမှ ကာကွယ်ပေးပါသည်။ သွေးတိုးကျစေနိုင်ပါသည်။ သွေးတွင်း ကိုလက်စထရော ကျဆင်းစေနိုင် သည်။ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပြီး နိုက်ထရစ်အောက်ဆိုဒ်ထွက်ရှိစေရန် လှုံ့ဆော် ပေးစွမ်းနိုင်ပါသည်။
ပင်စိမ်းရွက်
သွားများကို သန့်ရှင်းစင်ကြယ်စေသည်။ ခံတွင်းရနံ့ကိုလည်း သန့်ရှင်းစေသည်။ အသံ ကြည်လင်စေသည်။ နှလုံးခုန်နှုန်းနှင့် သွေးဖီအားတို့ကို ကောင်းစွာ ထိန်းချုပ်ပေးနိုင်ပါသည်။ သွားနှင့် အရိုးကို ကျန်းမာသန်စွမ်းစေပြီး ဒူးနာ၊ ခါးနာသက်သာစေပါသည်။
စပါးလင်
အကျိုးအာနိသင်ကို ဖေါ်ပြရမည်ဆိုပါက ခါး၏၊ စပ်၏၊ မွှေး၏၊ ဆီးဝမ်းသက်သာစေ၏၊ ဆာလောင်ခြင်းကိုဖြစ်၏၊ လေနာ၊ အူရောင်၊ နူနာ၊ ဝက်ရူးပြန်ရောဂါတို့ကို ပျောက်ကင်းစေ၏။
ပစ္စည်းများစုံလင်လျှင် ရောသမနယ်ပြီး ရဲယိုရွက်နှင့် ငှက်ပျောဖက်ထပ်ပြီး ထုပ်ပါ။ ပြီးလျှင် ပေါင်းအိုးနှင့် မိနစ် (၃၀) ခန့် ပေါင်းလျှင် အနံ့အရသာနှင့် ပြည့်စုံသော ပုစွန်ငါးပေါင်းဟင်လျာ ရရှိပါသည်။ အစာလည်းဆေး၊ ဆေးလည်းအစာဖြစ်သော မွန်တို့၏ဒြပ်မဲ့ယဉ်ကျေးမှု ဟင်းလျာကို စားသုံးပြီး သက်ရှည် ကျန်းမာ ချမ်းသာစွာ နေထိုင်နိုင်မည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။