၁။ ဝက်သား (၁)ပိဿာ
၂။ ငရုတ်သီးစိမ်း (အနည်းငယ်)
၃။ မရမ်းပြား (အနည်းငယ်)
၄။ သံပရာသီး (အနည်းငယ်)
၅။ ကြက်သွန်နီ (၈)လုံး
၆။ ကြက်သွန်ဖြူ (၄)လုံး
၇။ ချင်း (အနည်းငယ်)
၈။ စိမ်းစားငပိ (အနည်းငယ်)
၉။ ဆား (အနည်းငယ်)
၁၀။ ရှောက်ရွက် (အနည်းငယ်)
၁၁။ ဆီ (အနည်းငယ်)
၁၂။ နနွင်းမှုန့် (အနည်းငယ်)
၁၃။ ကြက်သွန်နီဆီချက် (အနည်းငယ်)
ရေဆေးသန့်စင်ထားသော ဝက်သားကို နနွင်း၊ ဆားတို့နှင့် အရသာစိမ့်ဝင်အောင် နယ်ပြီး နှပ်ထားရပါမည်။ ဝက်သားကို မြေအိုးထဲထည့်၍ ရေအနည်းငယ်နှင့် ပြုတ်ရပါမည်။ ညှီံနံပျောက်စေရန် ချင်းနှင့် ကြက်သွန်ဖြူကို ဓားပြားရိုက်၍ မြေအိုးထဲထည့်ရပါမည်။ ကြက် သွန်နီကို ပါးပါးလှီးပြီး ငရုတ်သီးစိ်မးနှင့် ရှောက်ရွက်တို့ကိုလည်း လှီးထားရပါမည်။ ပြုတ် ထားသော ဝက်သားများကို အနေတော်တုံးထားရပါမည်။ ပန်းကန်ထဲသို့ အနေတော်တုံးထား သည့် ဝက်သားထည့်ပြီး လှီးထားသော ငရုတ်သီးစိမ်း၊ ရှောက်ရွက်နှင့် ကြက်သွန်နီ တို့ကို ထည့် ရပါမည်။ ကြက်သွန်နီဆီချက်ကို ကြိုက်နှစ်သက်သူများ ထည့်စားနိုင်ပါသည်။ စိမ်းစားငပိ အနည်းငယ်နှင့် မွန်ရိုးရာအစားအစာဖြစ်သော မရမ်းပြားကို ကြေအောင် ချေ၍ထည့်ရပါမည်။ ဆားအနည်းငယ်ထည့်၍ နယ်ရပါမည်။ ဝက်သားသုတ်ရလျှင် အနံမွှေးစေရန် သံပရာသီးညှစ် ထည့်ရပါမည်။ ထိုအခါ ရိုးရှင်းလွယ်ကူသော မွန်ရိုးရာ ဝက်သားသုတ်ကို ရရှိပါမည်။