၁။ မုန့်ဖတ် (၅)ပိဿာ
၂။ အကြော် (၃)ထုပ်
၃။ ငါးဖယ် (၃၀)သား
၄။ ငါးကြင်း (၁)ပိဿာ
၅။ ငရုတ်သီးအကျက်မှုန့် (အနည်းငယ်)
၆။ ကြက်သွန်ဖြူ (၁၅)မွှာ
၇။ ဘဲဥ (၁၀)လုံး
၈။ ချင်း (အနည်းငယ်)
၉။ နနွင်းမှုန့် (အနည်းငယ်)
၁၀။ ဆား (အနည်းငယ်)
၁၁။ အရသာမှုန့် (အနည်းငယ်)
၁၂။ ဆီ (၁၀)သား
၁၃။ ငံပြာရည် (ဟင်းခတ်ဇွန်း - ၁ ဇွန်း)
၁၄။ စပါးလင် (အနည်းငယ်)
၁၅။ ငှက်ပျောအူ (အနည်းငယ်)
၁၆။ ငရုတ်သီးစိမ်း (၂၀)တောင့်
၁၇။ ပူစီနံ
၁၈။ ပဲသီး
၁၉။ ကြက်သွန်မိတ်
၂၀။ သံပရာသီး (သို့မဟုတ်) ရှောက်သီး
၂၁။ ပဲပင်ပေါက်
၂၂။ နံနံပင်
ငါးကြင်းကို ပြုတ်၍ အရိုးနွှင်ထားရပါမည်။ ရေနွေးတည်ထားကာ ရေနွေးပွက်ပွက်ဆူ လာလျှင် အရိုးနွှင်ထားသော ငါးနှင့် အခွံနွှာထားသော ကြက်သွန်နီများကို ထည့်၍ မွှေပေးပြီး ကြက်သွန်နီ အရောင်ပြောင်းသည်အထိ အိုးကိုအဖုံးဖုံးအုပ်ကာ တည်ထားရမည် ဖြစ်ပါသည်။ ကြက်သွန်နီ အရောင်ပြောင်းလာလျှင် ပြုတ်ထားသည့် ငါးပြုတ်ရည်ကို ထည့်ရပါမည်။ ထို့နောက် အရသာမှုန့်အနည်းငယ်၊ ဆားအနည်းငယ်နှင့် ပြုတ်ထားပြီးသား ဘဲဥကို အစိတ် ကလေးများ စိပ်၍ ထည့်ပါမည်။ အဆင်သင့်ထောင်းထားသော ငရုတ်သီးစိမ်း၊ စပါးလင်နှင့် ချင်း တို့ကို ထည့်ရပါမည်။ ဌက်ပျောအူကိုလည်း အရောင်လှအောင် ရေထဲသို့ နနွင်းနှင့် ဆား အနည်း ငယ်ထည့်ပြီး ဆေးထားရပါမည်။ ဆေးထားသော ဌက်ပျောအူများကို အိုးထဲသို့ ထည့်ရပါ မည်။ ကြက်သွန်ဖြူဆီချက်၊ ငံပြာရည်တို့ကိုလည်း ထည့်ရပါမည်။ ဟင်းရည် မွှေးအောင် စပါး လင်အရွက်များကို လက်ဖြင့်ချေကာ အိုးထဲသို့ထည့်ပြီး မိနစ်အနည်းငယ် တည်ထား ပေးရ မည် ဖြစ်ပါသည်။ ထို့နောက် ဟင်းရည်ကျက်လျှင် မုန့်ဖတ်နှင့်အတူ နံနံပင်၊ ပဲသီး၊ ပူစီနံ၊ ပဲပင် ပေါက်၊ အကြော် စသည်တို့ဖြင့် တွဲဖက်၍ ကြိုက်နှစ်သက်သလိုထည့်ကာ သုံးဆောင်နိုင် ပါ သည်။