မွန် ရိုးရာအစားအစာများ

မွန်ရိုးရာသစ်တိုသီးဝက်သားချက် ( အဓိကအစားအစာ )

ပါဝင်ပစ္စည်းများ

၁။ ဝက်သား (၃၀) သား

၂။ သစ်တိုသီး (၁၀) သား

၃။ ဂျင်း အနည်းငယ်

၄။ ကြက်သွန်ဖြူ (၅) မွှာ

၅။ ငရုတ်သီးအစိမ်းမှုန့် အနည်းငယ်

၆။ နနွင်း အနည်းငယ်

၇။ ဆား အနည်းငယ်

၈။ ကြက်သွန်နီ (၁) လုံး

၉။ ငါးပိ အနည်းငယ်

၁၀။ ဆီ (၂) ဇွန်း(စားပွဲတင်ဇွန်း)


ချက်ပြုတ်နည်း

ပထမဦးစွာ ဝက်သားကို အနေတော်တုံးပါ။ အနေတော်တုံးထားသည့် ဝက်သားကို ဆား၊ နနွင်းအနည်းငယ်နယ်ပြီး နှပ်ထားရပါမည်။ ထို့နောက် ဆီသတ်ရန် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်အစိမ်းမှုန့်၊ ငါးပိ၊ ဂျင်း အနည်းငယ်ရောထောင်းပါ။ ဆီပူလာလျှင် ထောင်းထားသောပစ္စည်းများကို အနံ့မွှေးလာသည်အထိ ဆီသတ်ပေးရပါမည်။ ဆီသတ်ပြီး ပါက နှပ်ထားသောဝက်သားထဲသို့ထည့်ပြီး သမအောင်မွှေပေးရပါမည်။ မွှေပြီးပါကဝက်သား ထဲသို့ ရေအနည်းငယ်ထည့်ပြီးနူးသည်အထိ ရေပွက်ပွက်ဆူလာ အောင်တည်ပေးရပါမည်။ ဝက်သား နူးလာလျှင် သစ်တိုသီးကိုထည့်ပြီး ရေအနည်းငယ်ထည့်ကာ ကျက်သည်အထိ ဆူအောင်တည်ပေးပါ။ ထိုအခါ မိုးဦးကျကာလများတွင် စားသုံးလေ့ရှိသည့် မွန်ရိုးရာသစ် တိုသီးဝက်သား ချက်ကို ရရှိမည်ဖြစ်ပါသည်။