တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိသားစုများ၏ ဒသမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ နေပြည်တော် ဇူလိုင် ၁၀
နေပြည်တော် 2025-07-10
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိသားစုများ၏ ဒသမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည်ညိုကြပါသည်။ 

အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌ၊ အေးမြရွှေပြည် ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တမဉ္ဇူသကမှ ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့် ဧည့်ပရိတ်သတ်များက ဆရာတော် ဘဒ္ဒန္တမဉ္ဇူသကထံမှ  ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်များမှ ပရိတ်တရားတော်များ ရွတ်ပွားသရဇ္စျာယ် ချီးမြှင့်တော်မူကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပါသည်။

ထို့နောက် ဆရာတော်ထံမှ အနုမောဒနာတရားများ နာယူကြည်ညိုကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍  အခမ်းအနားကို ရုပ်သိမ်းပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

Image
Image
Image
Image
Image