“တိုင်းရင်းသားရေးရာအသိပညာပေးခြင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်းအစီအစဉ်နှင့် အခြေခံခြင်းရက်လုပ်ခြင်းသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ် ရန်ကုန်၊ ဇွန် ၂၈
ရန်ကုန်တိုင်းဒေသကြီး 2025-07-02
Image

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူး၍ “တိုင်းရင်းသားရေးရာအသိပညာပေးခြင်း၊ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် တို့ကိုဆန်းစစ်စီမံခြင်းအစီအစဉ်နှင့်အခြေခံခြင်းရက်သင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၂၈-၆-၂၀၂၅) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဒလဘုတ်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားသို့ တိုင်းရင်းသားရေးရာဝန်ကြီး စောဂျက်ကော့ထူးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုက်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးစိုးဝင်းမောင်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မှော်ဘီခရိုင်မှူး ဦးသန်းထွဋ်အောင်၊   လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး  ဒေါ်နီနီဝင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနမှ ခရိုင်မှူး ဦးမြင့်ဇော်ဦး၊ သမဝါယမဦးစီးဌာနမှ တိုက်ကြီးမြို့နယ်ဦးစီးမှူး ဦးအုန်းထွန်း၊  တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်း တို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းဟောပြောခဲ့ကြပါသည်။ 

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများအား အမှတ်တရလက်ဆောင်ပစ္စည်း များပေးအပ်ခြင်းနှင့် စုပေါင်းအမှတ်တရဓါတ်ပုံများ ရိုက်ကူးခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။

ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက တိုင်းရင်းသားဒေသများ၏ ရပ်ရွာအခြေပြုအသက်မွေး ဝမ်းကျောင်းပညာ လိုအပ်မှု ဆန်းစစ်ချက် စစ်တမ်းမေးခွန်းလွှာ(၆၀) အား ရှင်းလင်းခြင်းနှင့် စစ်တမ်းကောက်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။ 

Image
Image
Image
Image
Image
Image