မွန် ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

မွန်တိုင်းရင်းသားတို့၏အဆွေခင်ပွန်း(ပရဲ-ဇွာ) မိတ်ဖွဲ့ခြင်းဓလေ့
Image

မွန်တိုင်းရင်းသားလူမျိုးများသည် အများအားဖြင့် တောင်သူလယ်သမားနှင့်ခြံလုပ်ငန်း(ရာဘာ)ဖြင့် အဓိကစီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ကြပါသည်။ တပို့တွဲ တပေါင်းလအချိန်ခါတွင် လယ်ယာလုပ်ငန်းခွင်သိမ်းပြီး ချိန် ရာဘာအစေးလှီး ခေတ္တနားချိန်တို့တွင် အလှူဒါနများပြုလုပ်ခြင်း၊ ဘုရားပွဲတော်ကျင်းပခြင်း ဘုရားဖူးထွက်ခြင်းများ ပြုလုပ်လေ့ရှိကြပါသည်။ ဤသို့ ပြုလုပ်ဆောင် ရွက်သည့်အခါ ရပ်ဝေးရပ်နီး ဧည့်သည်များ သွားလာလေ့ ရှိကြပါသည်။ ရပ်ဝေးရပ်နီး ဧည့်သည်များနှင့် ကြုံဆုံခိုက်တွင် အဆွေခင်ပွန်း မိတ်ဆွေဖွဲ့ခြင်း မွန်ဘာသာဖြင့် (ပရဲ-ဇွာ) မိတ်ဖွဲ့ခြင်း ဓလေ့ရှိကြပါသည်။

(ပရဲ-ဇွာ)ဖွဲ့ရာတွင် တစ်ယောက်နှင့် တစ်ယောက် သာရေးနာရေးများ ကြုံဆုံလာသောအခါ ညီအစ်ကို မောင်နှမအရင်းပမာကူညီဆောင်ရွက်နိုင်ရန်ရည်ရွယ်ပါသည်။တစ်ယောက်နှင့်တစ်ယောက်ကွမ်းယာ အချင်းချင်း ဖလှယ်ပြီးစားခြင်း၊ သောက် ရေခွက်ထဲ သွေးဖောက်၍ သောက်ခြင်း၊ ထမင်းဖိတ်ပြီး မိတ်ဆွေဖွဲ့ခြင်း စသည့် နည်းမျိုးစုံသစ္စာဆို၍ အဆွေခင်ပွန်း မိတ်ဖွဲ့လေ့ရှိကြပါသည်။

(ပရဲ) ခေါ်ဆို မိတ်ဖွဲ့ခြင်း

(ပရဲ)ခေါ်ဆိုမိတ်ဖွဲ့ခြင်းသည်မိန်းကလေးအချင်းချင်း (သို့မဟုတ်)မိန်းကလေးနှင့်ယောကျ်ား အဆွေခင်ပွန်း မိတ်ဖွဲ့ ခြင်းကိုဆိုလိုသည်။ ဤသို့အဆွေ ခင်ပွန်းမိတ်ဖွဲ့ ပြီးလျှင်မိမိတို့နှစ်ဦးစလုံး၏အမည်နာမအရင်းအချာကို တစ်ဦးနှင့်တစ်ဦး ခေါ်ဝေါ်သုံးစွဲခြင်း မပြုတော့ဘဲ တစ်ယောက်နှင့် တစ်ယောက် ချင်ခင်စွာ(ပရဲ) ဟုသာ အပြန် အလှန်ခေါ်ဆိုကြလေတော့ သည်။

(ဇွာ)ခေါ်ဆို မိတ်ဖွဲ့ခြင်း

(ဇွာ) ခေါ်ဆိုမိတ်ဖွဲ့ခြင်းသည် ယောကျ်ားလေး အချင်းချင်း အဆွေခင်ပွန်း မိတ်ဖွဲ့ခြင်းကို ဆိုလိုသည်။ (ဇွာ)ခေါ်ဆို မိတ်ဖွဲ့ခြင်းသည်လည်းအထက်က နည်းတူ စွာ တစ်ဦးနှင့်တစ်ဦး အမည်နာမ အရင်းအချာ မခေါ် တော့ ဘဲ (ဇွာ) ဟု ချစ်စနိုး ခေါ်ဆိုကြလေတော့ သည်။ (ပရဲ-ဇွာ) မိတ်ဆွေဖွဲ့ထားသောအဆွေခင်ပွန်းနှစ်ယောက်အချိန်တန်အရွယ်ရောက် အိမ်ထောင်ပြုပြီး သားသမီးများ ထွန်းကားလာသောအခါ တစ်ဦး၏ သားသမီးကို တစ်ဦးက (ကောန် သေဲ)ဆိုပြီးအလိုအလျှောက်ခေါ်ဆိုသွာကြ ပြန် သည်။ သားသမီးတို့ကလည်း မိဘများ၏ (ပရဲ-ဇွာ)တို့ကို အလိုအလျောက် (အပါသေဲ)၊ (မိသေဲ) ဆိုပြီးမိဘ အရင်း သဖွယ် သဘောထားပြီး ရိုရိုသေသေ ခေါ်ဆိုကြသည် မှာ ချစ်စဖွယ် ကောင်းသောမွန်တို့၏ အဆွေခင်ပွန်း (ပရဲ-ဇွာ) မိတ်ဆွေဖွဲ့ခြင်း ဓလေ့ဖြစ် ကြောင်း တင်ပြအပ် ပါသည်။