နန်းတော်မြေနေရာ မြေသန့်ရေလောင်းမင်္ဂလာ
သမ္ဗေၚ်ဂြဳ သမ္ဗေင်လေင်ကလန်ယင်သင်၊
ဗုံနးဟုရာသမာသအ်တောအ်အာရ်တုက်ဍေက်။ ဍေက်ဂေါးက္လူင် စိပ်တူယ်
သမ္ဗေၚ်ဂြဳဆိုသည်မှာမင်းထံရှေ့မှောက်ဝင်ထွက်နိုင်သည့်အရည်အချင်းရှိသူ(သို့)အမတ်(သို့)သံဗျင်ကြီး
သမ္ဗေင်လေင်ဆိုသည်မှာ အမတ်နီးပါး အရည်အချင်းရှိသူ အမတ်လောင်း(သံဗျင်ငယ်)
ကလန် ဆိုသည်မှာ ကာယဗလ ပညာတတ်မြောက်သူ
ယင်သင် ဆိုသည်မှာ ဉာဏဗလ ပညာတတ်မြောက်သူ
ဗုံနးဟုရာ ဆိုသည်မှာ ပုဏ္ဏားပညာရှိ ဟူးရား
သမာသိအ် အိမ်ဆောက်သမား၊ လက်သမားဆရာ
မြန်မာဘာသာ-အမတ်၊ အမတ်လောင်း၊ ကာယဗလ ပညာရှိ၊ ဉာဏဗလ ပညာရှိ၊ ပုဏ္ဏားပညာရှိဟူရား၊ လက်သမားဆရာတို့ရေသွားခပ်။ ရေရောက်ရှိလာပြီး။
ဟန်တိမုက်တိဍေယ်ဟာန်တ္လင်မိမောက်၊ မုက်တိဍေယ်ဟာန်တ္လင်ပေၚ်လဳရ်၊
မုက်တိဍေယ်ဟာန် တ္လင်ပီရ်လိတ်၊မုက်တိဍေယ်ဟာန်တ္လင်စိင်ကိန္တအ်၊
ဟန်တိပြာသာဒ်ဇၞောက် အုတ်မ္သူန်ဟာန်ဂေါး တူန်ပ္ဟူမ် ကုဍေက်က္လသ်ထရ်
ဩည်တူယ်မ္လေး။
ဟာန် ဆိုသည်မှာ ရေတွက်ရာတွင်သုံး
တိ ဆိုတာ မြေ
မုက် ဆိုတာ မုခ်
တိမုက် ဆိုတာ မုခ်ရဲ့မြေနေရာ
တိရ်ဍေယ် ဆိုတာ ဒုတိယ(သို့) အလယ်
မွန်မှာ ဍောတ်၊ တိရ်ဍေယ်၊ ဇၞောက်
အငယ်ဆုံး၊ အလယ်ဒုတိယ၊ အကြီးဆုံး စကားလုံးသုံးလုံးရှိတယ်၊
တိဍေယ် ဆိုတော့ ဒုတိယ
မုက်တိဍေယ် ဆိုတော့ ဒုတိယမုခ်၊
မွန်စကားနှစ်လုံး မုလေဟ်နဲ့ မောယ်ဟာန်
မုလေဟ် ဆိုတာ နောက်မှာမရှိတော့ဘူး
မောယ်ဟာန် ဆိုတာ နောက်မှာရှိသေးတယ်
မုက်တိဍေယ်ဟာန် ဆိုတော့ ဟာန်ပါနေတယ် နောက်ထပ်မုခ်ရှိဦးမယ်၊
တ္လင်မိမောက်
တ္လင် ဆိုတာ အရပ်မျက်နှာ၊ ထောင့် အဓိပ္ပါယ်ရတယ်
မိမောက် နေထွက်တဲ့အရပ်၊ အရှေ့အရပ်၊ ဗ္မံက် အဓိပ္ပါယ်ရတယ်
မုက်တိဍေယ်ဟာန်တ္လင်ပေၚ်လဳရ်
ပေၚ်လဳရ် အဓိပ္ပါယ်က မြစ်ဘက်ခြမ်းအရပ်
ဧရာဝတီမြစ်သည် ပုဂံကို မြောက်ဘက်အရပ်က ပတ်ကြောင်း၊ မ္လစ်အောက်လို့ ပုဂံကျောက် စာတွင်သုံးထားရာ၊ ပေၚ်လဳရ် သည် မြစ်အောက်အရပ်၊ မြောက်အရပ်ဖြစ်သည်။
မုက်တိဍေယ်ဟာန်တ္လင်ပီရ်လိတ်
ပီရ်လိတ် ဆိုတာ နေဝင်တာ၊ နေဝင်တဲ့အရပ်ကို အနောက်အရပ်ဖြစ်တယ်၊
မုက်တိဍေယ်ဟာန်တ္လင်စိင်ကိန္တအ်
တ္လင်စိင်ကိန္တအ် ဆိုတာ ဆင်ဥယျာဉ်ရှိတဲ့ဘက် အရှေ့၊ အနောက်၊ မြောက်ဖော်ပြပြီး
စိင်ကိန္တအ် ကတော့ တောင်ဘက်မှာရှိပါတယ်၊ တောင်ဘက်အရပ်ပါ။
ဟန်တိပြာသာဒ်ဇၞောက်
ဟန် က ကို၊ တိ က မြေ၊ ပြာသာဒ်ဇၞောက် ဆိုတာက ပြာသာဒ်ကြီး
အဲဒီနေရာက အကြီးဆုံးပြသာဒ်၊ ကျန်စစ်သားမင်း နေတဲ့နေရာ၊
အုတ်မ္သူန်ဟာန်ဂေါး
အုတ် ကအားလုံး မ္သူန် က ၅
အုတ်မ္သူန်ဟာန်ဂေါး - ထိုနေရာ ၅ လုံးကို
ပြာသာဒ်ဆောက်ရန် နေရာ၅ခုကို-
တုန် ဖ္ဟုံ ကု ဍေက် က္လသ် ထရ် ဩည်မ္လေး
တုန် = တစ်ဖန်
ဖ္ဟုံ = ရေလောင်း
ကု = ဖြင့်၊နှင့်
ဍေက် = ရေ
က္လသ် = ကလသာအိုး
ထရ် = ရွှေ
ဩည် = ငွေ
ရွှေ၊ ငွေ၊ ကလသာအိုးများဖြင့် ရေလောင်းသည်။မြန်မာဘာသာ- ဒုတိယမုခ်အရှေ့ဘက်ထောင့်၊ မြောက်ဘက်ထောင့်၊ အနောက်ဘက်ထောင့်၊ တောင်ဘက်ထောင့်နှင့် ပြာသာဒ်ကြီး၊ ထိုမြေနေရာ ၅ နေရာစလုံးကို ရွှေကလသာအိုး၊ ငွေကလသာအိုး တို့ဖြင့် ရေလောင်းကြပြီး
သာလ်ဒိင်္ကရ်စုတ်ပ္ကါဝ်ထရ် သိရ်ဝိင်ပၞေၚ်ဒုလေင်ဂေါးမပုံနးဟုရာ
သံမာသိအ်တောအ် လောရ် အုတ် သ္ထာန်မ္သူန်ဟာန်ဂေါး။
ဗ္လးဂေါဟ်ဟန်တိပြာသာတ်စိန္ဒြောဝ်ပန်ကု တိမုက် ဇုင်ဒလ်အုတ်သ္ထာန်မ္သူန်ဟာန်ဂေါး
မပ္ဟုမ်ကုဍေက် က္လသ်ထရ် ဩည်။ ပ္ဟူမ်းဒမ္လေးသာလ်ဒိင်္ကရ်
စုတ်ပ္ကါဝ်ထရ်သိရ်ဝိပၞေၚ်ဒုလေင်၊ ဗုံနးဟုရာ သမာသိအ်တောအ်တုန်လောဝ်အုတ်
သ္ထာန်မ္သူန်ဟာန်ဒဂေါးဝေလ်။
မြန်မာဘာသာ - ပြီးနောက် ဖျာခင်းထားတယ်၊ ပြီးတော့ဒေါင်းလန်း၊ ကလပ်ပေါ်မှာရွှေရွက်လေးနဲ့ လုပ်ထားတဲ့ပန်းခိုင်(သို့) ပန်းခွေ၊ ဖယောင်းတိုင်ထောင်ပြီးထွန်းထားတယ်၊ ပြီးလျှင်ဟူရား ပုဏ္ဏား၊ လက်သမားဆရာတွေက ၅နေရာစလုံးကို ရှိခိုးကြတယ်။ နန်းတော်မြေနေရာ မြေသန့်မင်္ဂလာအစီစဉ်ပြီး
သိမှတ်ဖွယ်ရာများ
ဤကျောက်စာပါအကြောင်းအရာများတွင် ပုဂံခေတ်ရှေးမွန်တို့ အရပ်လေးမျက်နှာခေါ် ဆိုခဲ့ကြပုံ မြန်မာတို့ အရပ်လေးမျက်နှာ ခေါ်ဆိုခဲ့ကြပုံ နန်းတော်မြေနေရာ မြေသန့်မင်္ဂလာတွင် မှူးမတ်၊ ပုဏ္ဏားဟူးရားဆရာ၊ အမတ်လောင်း၊ ကာယဗလပညာရှင်၊ညာဏဗလပညာရှင် လက်သမားဆရာတို့ ရေခပ်ပြီး ရွှေကလသာအိုး၊ ငွေကလသာအိုးဖြင့် ရေလောင်းကြပြီး၊ ဒေါင်းလန်းကလပ်ဖြင့် ရွှေရွက်၊ ရွှေပန်းခိုင် (သို့) ရွှေပန်းခွေ ဖယောင်းတိုင်ထွန်းပြီး ပူဇော်ကန်တော့ကြပုံများသည် ရှေးမွန်လူမျိုးတို့ဓလေ့ နန်း တော်မြေသန့်မြေနေရာ မင်္ဂလာဆောင်ရွက်ပုံများ သိရှိမှတ်သား ဖွယ်ရာ ဗဟုသုတများရရှိပါသည်။