ထားဝယ်ဒေသတွင် ရိုးရာဓလေ့ပွဲများနှစ်စဉ် နှစ် တိုင်းကျင်းပလျက်ရှိရာဒန်းကျွတ်ဘိမျှောပွဲဟုခေါ်သည့် သီတင်းကျွတ် သပိတ်မျှောပွဲသည်လည်းထင်ရှားသည့်ပွဲတော်တစ်ခုဖြစ်ပါသည်။ထားဝယ်လိုဒန်းကျွတ်ဘိမျှောပွဲဟုခေါ်သည့် ထားဝယ်သပိတ်မျှောပွဲသည် နှစ်စဉ် သတင်းကျွတ်လပြည့်နေ့တွင် ကျင်းပလေ့ရှိသည့် ထား ဝယ်ရိုးရာယဉ်ကျေးမှုဓလေ့တစ်ခုပင်ဖြစ်ပေသည်။
သပိတ်မျှောပွဲဟူသည်မှာ ထေရဝါဒ ဗုဒ္ဓဘာသာဝင် ထားဝယ်သူ ထားဝယ်သားများအတွက် ရိုးရာယဉ်ကျေးမှုတစ်ရပ်ဟုဆိုပါက မှားမည်မဟုတ်ပါ။ တောင်သမုဒ္ဒရာတွင် ကြေးပြသာဒ်ဖြင့် စံပယ်လျက်ရှိသော ရဟန္တာအရှင် မြတ်ရှင်ဥပဂုတ္တအားရည် စူး၍ဆွမ်း၊သစ်သီး၊ဆီမီး၊ ပန်း စသည်တို့ကို ဆက်ကပ်လှူဒါန်းသည့်ပွဲဟု ဆိုလိုခြင်း ပင်ဖြစ်သည်။
ထေရဝါဒဗုဒ္ဓဘာသာဝင်များသည် အလှူ ဒါနပွဲ လမ်းပြုလုပ်သည့်အခါ လေပြင်းမုန်တိုင်း ကျရောက် ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများ ဖြစ်ပေါ်လာပါ ကမာရဒေဝ(မာရ်နတ်)ဖျက်ဆီးခြင်းဖြစ်နိုင်သည်ဟု ယူဆလေ့ရှိကြသည်။ ထိုသို့ဖြစ်ပေါ်လာပါက အရှင်ဥပဂုတ္တ မထေရ်မြတ်အား ရည်စူး၍ ရှိခိုးပူဇော်ခြင်း၊ လျှောက် ထား တိုင်တည်ခြင်း တို့ကိုပြုလေ့ရှိပါသည်။ ဤသို့ ပြု လုပ်ပါက မိုးရွာခြင်း၊လေပြင်းမုန်တိုင်းကျခြင်းမှ လွတ် ကင်းသည်ဟု ယုံကြည်ကြသည်။
ထားဝယ်ဒေသတွင် ဒူရကတိုင်း၊ အောင်သာဝတီ ပြည် ကလိန်အောင်မင်းဆက် လက်ထက်ကတည်း က ပင် ရှင်ဥပဂုတ္တမထေရမြတ်အား ဆွမ်းတော်တင်လှူ ခြင်းကို ထားဝယ်မြစ်မှတစ်ဆင့် ရေတွင်မျှော၍ ပူဇော် ကိုးကွယ်သည့် ဓလေ့ရှိခဲ့သည် ဟု ဆိုသည်။ ထိုမှရေတွင် သပိတ်တော်ဖြင့်ဆွမ်းတော်မျှော၍ ရှင်ဥပဂုတ္တရဟန္တာအား တင်လှူသည့်ဓလေ့သည်ယနေ့ခေတ်အထိ ဆက်လက် တည်ရှိလာခဲ့သည်။ သို့ဖြစ်၍ ထိုဓလေ့ကိုထားဝယ်ရိုးရာ ဓလေ့တစ်ခုအနေဖြင့် ထားဝယ်သူ၊ ထားဝယ်သားများ သည်စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
ဝါတွင်းသုံးလကုန်ဆုံးပြီး၍ဝါကျွတ်ချိန် သီတင်း ကျွတ်လပြည့်နေ့ နံနက်အရုဏ်တက် ချိန်တွင် ရှင်ဥပ ဂုတ္တမထေရ် ရဟန္တာအရှင်မြတ်အား ရည်စူး၍ အရုဏ် ဆွမ်းအနေဖြင့် ဆက်ကပ် လှူဒါန်းကြခြင်း ဖြစ်သည်။ ဆွမ်းခဲဖွယ်၊ သစ်သီး၊ ပန်းမန်၊ ဆီမီး၊ တံခွန်ကုက္ကား စုံလင်စွာဖြင့် သပိတ်ထဲတွင် ထည့်ကာ ထားဝယ်မြစ် အတိုင်း ပင်လယ်ထဲသို့ မျှောလိုက်ကြပါသည်။
သီတင်းကျွတ်လဆန်း ၁၄ရက်နေ့ ညကတည်းကပင် သပိတ်မျှောသွားရန်အတွက် ထားဝယ်မြို့တစ်ခွင်အုန်းအုန်းကျွတ် ကျွတ်ဖြစ်နေကြပေပြီ။ တီးသံမှုတ်သံများဖြင့် ခြိမ့်ခြိမ့်ညံလျက်ရှိသည်။ ဤသည်မှာ တောရောမြို့ပါ နေရာအနှံ့ပင်ဖြစ်၏။ အရုဏ်တက် ချိန် သပိတ်မျှောရန်အတွက် ညလုံးပေါက် ပြင်ဆင်ကြ သည်။ထားဝယ်မြစ်ကမ်းတစ်လျှောက် သပိတ်မျှောရန် အသုံးပြုသော သပိတ်များမှာ မြေသပိတ်များဖြစ်သည်။ ထိုမြေသပိတ်များကိုထားဝယ်မြို့၊အိုးလောက်ပ္လန်ဟုခေါ်သော အိုးလုပ် ရပ်ကွက်မှပြုလုပ်သည်။ သပိတ်အိုး များကိုတစ်လ၊နှစ်လခန့်ကပင်ကြိုတင်ပြုလုပ်ထားရ သည်။
သီတင်းကျွတ်လပြည့်နေ့ နံနက်အရုဏ် တက် ချိန်တွင် ဆွမ်းချက်ကာ သပိတ်ထဲတွင် ဆွမ်း၊ ခဲဖွယ်၊ ပန်း၊ သစ်သီး၊ ဆီမီး၊ တံခွန်ကုက္ကား များကိုပြင်ဆင်၍ ထားဝယ်မြစ်ကမ်းရှိသပိတ်မျှောရန်ပြင်ဆင်ထားသည့် နေရာများသို့သပိတ်မျှောရန်အတွက်တဖွဲဖွဲရောက်လာ ကြတော့သည်။ သပိတ်မျှောမည့်မြစ်ဆိပ်သို့ဆင်းရန် ဝင်္ကပါလျှောက်လမ်းတစ်ခုကိုဝါးများဖြင့် ဆောက်လုပ် ထားသည်။ မိသားစုလိုက်၊ အသင်းအဖွဲ့လိုက်၊ ရပ်ရွာ လိုက် အစုအဖွဲ့များဖြင့် လာကြ သူများရှိသလို သူငယ် ချင်း မိတ်ဆွေများစသည့် ဖြင့် သပိတ်မျှောရန် လာကြ သည်။ သပိတ်ထဲတွင် ထည့်သွင်းရန် ဆွမ်း၊ ခဲဖွယ်၊ သစ်သီး၊ ပန်း၊ ဆီမီး၊ တံခွန်ကုက္ကားများကို ကိုယ်တိုင် ပြင်ဆင်၍လာရောက်ကြသူများရှိသလို အချို့ကလည်း သပိတ်မျှောပွဲကျင်းပရာနေရာတွင်အဆင်သင့်ပြင်ဆင်ထားသော သပိတ်များကို ဝယ်ယူ၍လည်းပူဇော်ကြ သည်။ အချို့က သပိတ်မျှောရာသို့ အတီးအမှုတ် အကအခုန်များဖြင့် လာရောက် သပိတ်မျှောကြသည်။ ထို့ကြောင့်သပိတ်မျှောပွဲ ကျင်းပသည့်နေ့သည် ထားဝယ် သူ၊ ထားဝယ်သားများ မအိပ်သောညဟုဆိုကြသည်။ လမ်းတကာ နေရာအနှံ့ သပိတ်မျှောပွဲ သွားသူ လာသူ များဖြင့် စည်ကားလှပေသည်။ တီးမှုတ်သံဆိုသံများဖြင့် သောသောညံ နေပေတော့သည်။ သပိတ်မျှောပွဲ ကျင်းပရာနေရာတွင် ဝင်္ကပါလျှောက်လမ်း တစ်လျှောက် သပိတ် ကိုယ် စီကိုင်ဆောင်ကာ တရွေ့ရွေ့သွား နေကြ သည်ကို မြင်တွေ့နိုင်ပါသည်။ ထားဝယ်မြစ်ထဲတွင် ကား မျှောလိုက်သော သပိတ်များထဲရှိ ဆီမီးရောင်များ ဖြင့် ရှုမငြီးစရာ၊ ပီတိဖြစ်စရာ ကောင်းလှပေသည်။ ဆီမီးရောင် တန်းကြီးသည် ကွေ့ကာဝိုက်ကာတစ်မျိုး၊ စီတန်းလျက်တစ်ဖုံ မြစ်ရေပြင်ထဲတွင် မြူးတူး ပျော်ပါး နေသောနဂါးကြီးတစ်ကောင်အလား မြင်ကွင်းက ပသာဒ ရှိလှပေသည်။ သပိတ်မျှောသည့် အချိန်သည် အရုဏ်တက်ချိန် ဖြစ်ရသလို ဒီရေကျချိန်နှင့်လည်း အချိန်ကိုက် ဖြစ်ရပေသည်။ထိုမှသာ မျှောလိုက်သောသပိတ်မျှောများသည် ဒီရေ အကျနှင့် ထားဝယ်မြစ်ရိုးတစ်လျှောက် မျှောပါကာ ပင်လယ်ဝမှတစ်ဆင့်သမုဒ္ဒရာထဲရှိ ရှင်ဥပဂုတ္တ မထေရ် မြတ်ထံ ရောက်ရှိသွားသည်ဟု ယုံကြည်ကြသည်။