ဗမာ ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ဆလုံတို့ကိုးကွယ်ယုံကြည်သောနတ်များနှင့်နတ်ပူ ဇော်ပွဲကျင်းပပုံ
Image

      ဆလုံလူမျိုးတို့သည်အာရှအ‌ရှေ့တောင်ပိုင်းတွင် ဒုတိယရှေးအကျဆုံးသောသြစထရစ်မျိုးရိုးဝင် များဖြစ် ပြီးသြစထရစ်မျိုးရိုးတွင်သြစထရစ်နီးရှန်းနှင့်သြစထ ရစ်အေရှဟူသောမျိုးနွယ်စုရှိသည်။သြစထရစ်နီးရှန်း မျိုးနွယ်စုတွင် အင်ဒိုနီးရှားနှင့် မလေးလူမျိုးစုတစ်စုသည်အခြားလူမျိုးစုများ၏တိုက်ခိုက်လွှမ်းမိုးမှုကြောင့်ထွက်ပြေးလာရာမြန်မာနိုင်ငံတောင်ဘက်စွန်း တစ် ဝိုက်နှင့်မြိတ်ကျွန်းစုအနီးပတ်ဝန်းကျင်သို့ရောက်ရှိပြီး အခြေချနေထိုင်ခဲ့ကြပါသည်။ကျွန်း(၈၀၀)ခန့်ရှိသော မြိတ်ကျွန်းစုဒေသ တွင် ဆလုံလူမျိုး (၃၀၀၀)ခန့် လှည့်လည် နေထိုင်ကြပြီး ကိုယ်ပိုင်စီးပွားရေး၊လူမှုရေးနှင့် ယဉ်ကျေး မှုတို့ တည်ဆောက်အခြေခံကာဒဏ္ဍာရီဆန်ဆန် လူနေ မှုဘ၀ ပိုင်ဆိုင်ကြသူများ ဖြစ်ကြပါသည်။

      ဆလုံလူမျိုးများသည် တူးဒါးခေါ်ကောင်းကျိုးပေးသောနတ်နှင့်ကတွိုင်း (ခေါ်)ဆိုးကျိုးပေးနိုင်သော နတ်တို့ရှိသည်ဟုယုံကြည်ကြသည်။ကောင်းကင်နှင့်မြေကြီးကိုတူးဒါးနတ်ကဖန်ဆင်းပေးခဲ့ပြီး ရေလွှမ်းမိုးမှု ကြီးတစ်ခုကိုပါ ထပ်မံဖန်ဆင်း ပေး ခဲ့သည်။ ထို့နောက်လူမျိုးများအမူအကျင့်တို့ကို လိုက်၍ နယ်မြေများခွဲဝေ  သတ်မှတ်ပေးခဲ့သည်။ ကတွိုင်းနတ်၊ လူပုန်းနတ် တို့အား ပူဇော်ပသရာတွင်နတ်ဆရာမှဦးဆောင်၍ ဆောင် ရွက်ပေးလေ့ရှိသည်။ဆလုံရိုးရာနတ်ပူဇော်ပွဲကို နှစ်စဉ် မြန်မာသင်္ကြန်အပြီးဧပြီလနှောင်းပိုင်းတွင် ပြုလုပ်လေ့ ရှိသည်။

(က) ဆလုံတို့ကိုးကွယ်ယုံကြည်သောနတ်များမှာ

၁။ ဘိုးဘွားဘီဘင်နတ်ကိုးကွယ်မှု

၂။ လှေစောင့်နတ်ကိုးကွယ်မှု

၃။  ပန်းဒေါင်းတို့၏ရိုးရာနတ်ဖြစ်သော မြွေနတ်ကိုးကွယ်မှု

၄။ “ပေတအို” ခေါ် တံခါးပေါက်စောင့်နတ် ကိုးကွယ်မှု

၅။  နတ်တိုင်နှင့်ပူဇော်ပသမှု( ယုံကြည်ကိုးကွယ်မှု ) စသည်တို့ဖြစ်ပါသည်။

နတ်တိုင်နှင့်ပူဇော်ပသမှု (ယုံကြည်ကိုးကွယ်မှု)အပေါ် တွေ့ရှိချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်။

နတ်တိုင်ဆိုသည်မှာ- နတ်တိုင်များသည် ဆလုံလူမျိုးတို့၏ အဓိက သင်္ကေတများဖြစ်ပါသည်။ နှစ်စဉ်နတ်ပူဇော်ပွဲများ သည်လောကများအားလုံးသမမျှတစွာရပ်တည်နိုင်ရေး အတွက်လူသားနှင့်စိတ်ဝညာဉ်တို့ ပေါင်းဆုံသည့် ပွဲ ဖြစ်ပါသည်။ ဆလုံလူမျိုးတို့သည်ဘိုးဘွား ဘီဘင် နတ် ကိုးကွယ်မှု၊ လှေစောင့်နတ်ကိုးကွယ်မှု စသည်ဖြင့် တစတစကိုးကွယ်မှုများရောနှောလာခြင်းသည်မြန်မာ နှင့်ဆလုံလူမျိုးများအား သဟဇာတဖြစ် စေပါသည်။ ပန်းဒေါင်းတို့၏ရိုးရာနတ်ဖြစ်သည့်မြွေမှာပူဇော်ပွဲတိုင်း တွင် ပါလေ့ရှိပါသည်။ အိုလောင်းပုတိ ခေါ် နတ်ဆရာ တို့သည်ပန်းဒေါင်းအုပ်စုမှတန်ခိုးရှိသူ၏ သင်္ကေတနှင့် နတ်တိုင်များ ပြု လုပ်လေ့ရှိပြီး ဘာဒါ နတ်တိုင်များမှာ လူရုပ်ပုံများဖြစ်ပြီ အများအားဖြင့်ရုပ်ဟန်ပို၍ ပေါ်လွင် သည်။ နတ်တိုင်များထိပ်တွင် လိုဘု(င်) ခေါ် ဒလက် တိုင်များ တတ်လေ့ရှိပြီး အခြားဆလုံ အုပ်စုများနှင့် သော်လည်းကောင်း ဆက်သွယ်ပေးနိုင်သည် ဟု ယုံ ကြည်ကြသည်။ဆလုံလူမျိုးတို့သည်ယခင်က ဘိုး၊ဘွားနတ်များကိုပူဇော်ရာတွင်ဘိုးဘွားကိုးကွယ်မှုမျက်နှာဖုံးများကို ကျင့်သုံးခဲ့သော်လည်း ယခုအခါတွင် အဆိုပါ ဓလေ့ကိုစွန့်ပစ်ခဲ့ကြပြီဖြစ်ပါသည်။ နတ်တေးဆို၍ကခုန်ခြင်း၊နတ်ပူဇော်ပွဲနှင့် ဆေးကု သခြင်း၊ဝိညာဉ်ဆိုး၊ ဝိညာဉ်ကောင်း စသော မလေး ယဉ်ကျေးမှုများ ဆက်စပ်လျှက်ရှိ နေ ပြီး မြန်မာနတ် များနှင့်လည်း ယှဉ်တွဲလျက်ရှိကြပါသည်။ နတ်ကရာ တွင် ရှားမန်း(ခေါ်) နတ်ဆရာ တို့သည် ဗုံစည်းချက်နှင့် အညီ ကခုန်ကာဝိညာဉ်ဝင်ပူး၍ “ကယုန်း” ခေါ်နတ်နှင့် စာချုပ်ချုပ် အနာဂတ်ရှေ့ရေးဟောပြောလေ့ရှိပါသည်။ ထို့အပြင် “စီးတီး” ခေါ်နတ် ဝင်သည်များ၊ “ရှားမန်း” ခေါ် နတ်ဆရာ အတတ်ပညာ သည်မျိုးရိုး ပညာဖြစ်၍ ယောကျ်ား၊မိန်းမမရွေးဆက်ခံနိုင်သည်။သို့သော် အမျိုး သမီးများကသာ တေးဆို၍ ကခုန်တတ်ကြပြီး ဝိညာဉ်ဝင်ပူးနိုင်သည့်“စီးတီး”ခေါ်နတ်ဝင်သည် ဖြစ်နိုင်ပါ သည်။ “စီးတီး”(နတ်ဝင်သည်) မရှိလျှင် နတ်ပူဇော်ပွဲ မဖြစ်နိုင်ပါ။ဆလုံလူမျိုးတို့သည် မိုးတွင်းသို့ ဝင်လာ သည်နှင့် တပြိုင်နက်မျောလှေတို့ စုပေါင်းကာ “ဘိုလို ဘု(င်)”ခေါ်ရိုးရာ နတ်ပူဇော်ပွဲကျင်းပကြပါသည်။ အဆို ပါ ပူဇော်ပွဲတွင် “စီးတီး”ခေါ် နတ်တေးသီဆို ကခုန်သူများ၊ “ဘေးလမ်း”ခေါ် ရှားမင်းနတ် “လေးဖယ်င်း” ခေါ် ပူဇော် ပွဲဆရာများနှင့် ယခုအချိန်တွင် အလေ့အထ နည်းပါး လာသော် လည်း တခါတရံ“ဂျင်းညောင်း” ခေါ် ရှားမန်း နတ်ဆရာတို့သည် နတ်တို့အား ပူဇော်ပင့် မြှောက်ပြီးလျှင်လောကအမျိုးမျိုးနှင့်ဆက်သွယ်ပူးကပ်ပါတော့ သည်။ “စီးတီး” နတ်ဝင်သည်တို့သည်အလှပဆုံး ဝတ်ဆင်လျှက်    စားသောက်ဖွယ်ရာ အမျိုးမျိုးတို့ဖြင့် နတ် တင်ခြင်း၊ နတ်စီးခြင်းများ ပြုလုပ်လေ့ရှိ ကြပါသည်။ နတ်ဆရာသည် နတ်တိင် များကိုပွဲ ဆက်ကပ်ခြင်းဖြင့်   ပူဇော်ပွဲစီစဉ်သည်။  နတ်ဝင်သူ အမျိုးသားနှင့် အမျိုး သမီးများက နတ်ဆရာကို ဦးခိုက်ရသည်။ ဘာဒါနတ် တိုင်ပူဇော်ပွဲ၌ ဘိုးဘွားဝိဉာဉ်နှင့် နတ်ကိုးကွယ်မှုရိုးရာ တို့ကိုပြန်လည်တွေ့နိုင်သည်။ ခေါင်းပေါင်းနီမှာ  ပွဲစီစဉ် သူ ဆရာ၏ တန်ခိုး သင်္ကေတ ဖြစ်ပါသည်။ ရိုးရာပူဇော် ပွဲတွင်ပွဲ နယ်မြေကိုတိုင်များဖြင့်   သိသိသာသာ စည်းတား သတ်မှတ်လေ့ရှိပြီး တဘက်မှာ ကမ်းခြေနှင့် သောင်ပြင်စပ် ဖြစ်၍ကျန်တဖက်မှာ သောင်စပ်နှင့်တောင် စပ်ဖြစ် ပါသည်။ “ပပန်းပုတိ”ခေါ်နတ်စင်၊နတ်တိုင် တို့ ကိုနတ် ဝင်သည်များမှ တဆင့်အရှေ့အရပ်၊ အနောက် အရပ်၊ တောင်တန်း၊ ပင်လယ်တို့၏ “ပေတအို”ခေါ်တံခါး ပေါက်စောင့်နတ်တို့ကိုပူဇော်ပသနိုင်ပါသည်။ဆလုံလူမျိုး များသည်အကာအကွယ်လက်ဖွဲ့များကို တစထက်တစ ကိုင်ဆောင်လာကြသည်ကိုလည်းတွေ့ရှိရပါသည်။နတ်ပူဇော်ပွဲတွင်မပါမဖြစ်ပါဝင်ရသောအရာမှာ ဆလုံ တို့၏ရိုးရာဗုံဖြစ်ပါသည်။ အဆိုပါ ဗုံအား “ဘန” ဟုခေါ် ဆိုပြီးသစ်သားနှင့်မျောက်သားရေ (သို့မဟုတ်) ပဒက် သားရေဖြင့် ပြုလုပ်ထားပါသည်။

   (ခ) ဘိုးဘွားဘီဘင်နတ်ပူဇော်ပွဲ                      နတ်ပူဇော်ပွဲသည် ဘိုးဘွားဘီဘင် နတ်ကို ပူဇော်သည့် နတ်ပွဲတွင်နတ်ဆရာမ (၇)ယောက် ဖြစ်သည့်အတွက် နတ်တိုင်(၇)တိုင်ပါဝင်ကြောင်း သိရှိရပါသည်။ ဘိုး၊ဘွား နတ်ကိုပူဇော်သည့်ပွဲဖြစ်သည့် အတွက်၎င်းတို့၏အယူအရ နတ်တိုင်များသည် ရှေး ခေတ် ဘိုး၊ ဘွားတွေကို ကိုးကွယ်ကြခြင်းဖြစ်ပါကြောင်း၊နတ်တိုင်များ သည်၎င်း တို့၏အသက်ဖြစ်သကဲ့သို့အဖိုး၊ အဖွားများသည်လည်း ၎င်းတို့၏အသက် ဖြစ်ပါကြောင်း၊ နတ်တိုင် ထူထောင် သည့် အတွက်အားလုံးအသက်ရှည်ကြပါကြောင်း၊ ၎င်း ဘိုးဘွားများကပင် နတ်ဆရာများ ဖြစ်ကြပါကြောင်း၊ ထိုသို့ ကိုးကွယ်သည့် အတွက် မိမိတို့ ကိုလည်း စောင့်ရှောက် ပါကြောင်း၊ဒါ့ကြောင့်နတ်တိုင်ထောင်ပြီးကိုးကွယ်ခြင်း ဖြစ်ပါကြောင်း သိရှိရပါသည်။

(ဂ)နတ်ပူဇော်ပသရာတွင်ပါဝင်ပစ္စည်းများ     နတ်ပူဇော်ပသရာတွင်အောက်ဖေါ်ပြပါပစ္စည်းများ ပါဝင်ရမည်ဖြစ်ပါသည်-

       လိပ်၊သစ်ပလုပ်၊ပျား၊သံပချုပ်၊ ငှက်ပျောသီး၊ ပင် လယ်ထဲမျောနေသော အုန်းသီး၊ ကြက်၊ ဝက်၊ အရက် အမျိုးမျိုး၊ အမွှေးတိုင်၊ ဖယောင်းတိုင်၊ ဆေးလိပ်၊ ဆေး တံ၊ ကွမ်းသီး၊ ကွမ်းရွက်၊ ထုံး။

(ဃ)နတ်ပူဇော်ရန် လှေတွင် ထည့်ရသောပစ္စည်းများ

နတ်ပူဇော်ရန်လှေတွင် ထည့်ရသောပစ္စည်း များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

           မီးသွေးရောထမင်း၊ ထမင်းဝါ၊ ဆန်ပြုတ်၊ဆန်၊ ရေ ၊ လက်ဖက်ရည်၊ ထင်း၊ မီးဖို၊ ပြုံးခက်၊ခရုဖင်ချွန်း၊စေတီခရု၊မုတ်ခွံ၊ ကွမ်းသီး၊ ကွမ်းရွက်၊ ဆေးလိပ်၊ ငါး၊ ဂဏန်း၊အမွှေးတိုင်၊ဖယောင်းတိုင်၊ ပိတ်အဖြူ၊ အနီ။

(င)နတ်ပူဇော်ထားသည့်လှေငယ်ကိုမျှောရခြင်းရည်ရွယ်ချက်

နတ်ပူဇော်မည့်လှေငယ်တွင်  လိုအပ်သောပစ္စည်းများထည့်ပြီးပါက လှေကို ထမ်းပြီး ရွာကို(၁)ပတ်ပတ် ကြရာလှေ၏နောက်မှ ဆလုံရိုးရာဗုံကို တီးခတ်ကြပြီး နတ်ဝင်သည် နတ်ဆရာမများသည် စည်းချက်နှင့်အညီ ကခုန်၍ လိုက်ကြပြီး ရွာသူရွာသားများနှင့် ပျော်ရွှင်စွာ လှည့်လည်ကြပါသည်။ ထို့နောက်ရွာအရှေ့ဘက်တွင် လှေကို (၁ )ရက်နှင့် (၁)မနက် ကျောက်ချထား ပြီး ရပ် နားထားရပါသည်။ကျောက်ချရပ်နားထားစဉ်နတ်ဆရာမှလှေငယ်ပေါ်ရှိဘိုး၊ဘွားဝိဉာဉ်များအား ဤကျွန်း၌ရှိသော မကောင်း ဆိုးဝါးများကို ခေါ်ဆောင်ပြီး အခြားကျွန်း၊ အခြားနေရာများဆီသို့သွားရောက်နေထိုင်ကြပါ၊ ဒီကျွန်းမှာမနေကြပါနှင့်၊ ထိုကဲ့သို့ သွားရောက်နေထိုင် ကြရန်အတွက်လည်း လှေနှင့် စားသောက်စရာ များအား လုံးကိုလည်းပြည့်ပြည့်စုံစုံပေးထားပြီးဖြစ်ပါ၍ အားလုံး ဒီလှေငယ်နှင့်အတူမကောင်းသောကိစ္စရပ်များအားလုံး ကို ယူဆောင်၍ သွားကြပါရန်နှင့် မိမိတို့၏သားသမီး၊ မြေး၊မြစ်များအားနေကောင်းရန်၊ စီးပွားရေးအဆင်ပြေ ရန် နှင့်လုပ်ငန်းကိုင်ငန်းများ  အားလုံး  အဆင်ပြေစေရန်စောင့်ရှောက်ပေးပါရန် တောင်းကြကြောင်း သိရှိရ ပါသည်။ ကျောက်ချရပ်နားထားစဉ် အ တွင်း အဆိုပါ လှေ ငယ်သည် အလိုအလျောက်ကျောက် ချထားသော ကြိုး ပြတ်ပြီး မျောသွားမည်ဖြစ်ပြီး ထိုကဲ့သို့ မျောသွားပါက ၎င်းတို့ ယုံကြည်သော လှေငယ်ထဲက နတ်ဆရာများ (ဘိုး၊ဘွားဝိဉာဉ်များ)သည် ရွာထဲရှိ မကောင်းဆိုးဝါးများ ကို ခေါ်ဆောင်ပြီးတော့အ ခြားကျွန်း၊အခြားနေရာများ သို့သွားနေကြခြင်းဖြစ်ပါကြောင်း၊ ၎င်းတို့အားဘိုး၊ ဘွား နတ်များမှ စောင့်ရှောက်လျှက်ရှိကြောင်း ကိုလည်း ယုံ ကြည်ကြ ပါသည်။တခါတရံတွင်ကျောက်ချထားသော လှေသည် (၃) ရက်ကြာသည်အထိ မမျောသေးပါက  ၎င်းတို့ ရွာတွင်ဘေးအန္တရာယ်များ ကျရောက်နိုင်သောကြောင့်တစ်စုံတစ်ဦးမှတိတ်တဆိတ်သွားရောက်၍ လှေ မှကျောက်ဆူးကြိုးကိုဖြတ်ပြီးလှေကိုမျောစေပါ သည်။

(စ) နတ်ပူဇော်ပုံ 

နတ်ပူဇော်ပွဲပြုလုပ်ရာတွင် သက်ဆိုင်ရာ နတ် ဆရာမများမှဦးဆောင်၍နတ်တိုင်များထွင်းခြင်း ၊ နတ် တိုင်များအားအလှဆင်ခြင်း၊ နတ်ပူဇော်ရန်ပစ္စည်းများ ပြင်ဆင်ခြင်းများပြုလုပ်ကြပြီး နတ်ဆရာမများမှ ဝါး ဆစ် များ၊ ဗုံများနှင့်ဒန်အိုး များကိုတီးခတ်ပြီးပထမတွင် ငြိမ့်ညောင်းစွာစည်းချက်နှင့်အညီ ကခုန်ကြပြီး နောက် ပိုင်းတွင် မြိုင်မြိုင်ဆိုင်ဆိုင် ကခုန်ကြပါသည်။  ထိုသို့ကခုန်ရာတွင် ဆလုံရိုးရာတေးသီချင်းကိုလည်း သီဆိုကြပါသေးသည်။နတ်တင်ရန်အတွက်လိပ်၏ ကလီ စာများကို နတ်ဆရာမ (၇)ယောက်ရှိသည့်အတွက်(၇)ပုံ ပုံပြီး နတ်ဆရာမများ နတ်ပူဇော်ရန်အတွက်     ဖယ်ပေး ရပါသည်။ ထို့နောက်ပြုတ်ထားသောလိပ်သားများကို နတ်ဆရာမများမှ ပထမဆုံး စားသုံးရပါသည်။ နတ်ဆရာမများ စားသုံးပြီးပါကကျန်သည့် လိပ်သား များကိုအခြားကျေးရွာများမှလာသော ဧည့်သည်များ နှင့်နတ်ပွဲသို့လာရောက်ကြသောဧည့်သည်များအားကျွေးမွေးပါသည်။

(ဆ) ဘိုး၊ ဘွားနတ်များအားပူဇော်ကန်တော့ခြင်း

            နတ်ဆရာမများနှင့်ဆလုံလူမျိုးများသည် ကျွန်း တစ်ဘက်ကမ်းရှိ၎င်းတို့၏  သင်္ချိုင်းသို့သွားရောက်ကြပြီးသေဆုံးသွားပြီဖြစ်ကြသောဘိုး၊ဘွားများ၏မြုပ်နှံထားသောမြေပုံနေရာတွင်နတ်တိုင်များစိုက်ထူ၍ဆုတောင်းကြပါသည်။ အဆိုပါနေရာတွင်အမွှေးတိုင်၊ ဖယောင်းတိုင်များ ထွန်းညှိ၍     လိပ်နတ်တိုင်အတွက်

ပထမဦးဆုံးပူဇော်ပသရပါသည်။ပူဇော်ပသရာတွင် လိပ်၏ဦးခေါင်းများ၊ လိပ်၏ ကလီစာများ၊ အရက်မျိုးစုံမုန့်မျိုးစုံ၊ဆေးလိပ်နှင့်အချိုရည်မျိုးစုံတို့ဖြင့်လည်းကောင်း၊

ဆလုံတေးသီချင်းများဆို၍ ဗုံကိုစည်းဝါးညီညီ တီးခတ် ပြီး ကခုန်ကာ လိပ်နတ်ကိုပူဇော်ပါသည်။ ထို့နောက် နတ်ဝင်သည် (စီးတီး) နတ်ဆရာမသည် အခြား နတ် တိုင်များ(ဘိုး၊ ဘွားနတ်တိုင်များ)ရှိရာ သို့ အလှည့်ကျ သွားရောက်ပြီးကခုန်ပူဇော်ပါသည်။ထို့နောက်အကြီးဆုံးနတ်ဆရာမအဖြစ် သတ်မှတ်ထားသော နတ်ဝင်သည်သည်သေဆုံးသွားသောဘိုး၊ဘွားများကို သွားရောက် ၍ကြည့်ရှုမည်ဆိုကာ ၎င်းကိုယ်ပေါ်တွင် ပိတ်ဖြူစကို လွှမ်းအုပ်စေ၍မြေအောက်ကမ္ဘာသို့ သွားရောက်သည် ဟု ဆိုပါသည်။ထိုသို့ပိတ်ဖြူစလွှမ်းထားချိန်တွင်ခြေ ထောက် ဖြင့်(၃)ကြိမ် မြှောက်၍အချက်ပေးပါသည်။ (၃) ကြိမ် မြောက်အချက်ပေးပြီးပါကနတ်ဝင်သည့် နတ်ဆရာမ အားပိတ်ဖြူလွှမ်းထားခြင်းကိုဖယ်၍အားကောင်းသော အမျိုးသား၃ ဦး ၄ ဦး မှ နတ်ဝင်သည်အား ကိုင်၍ ပြင်းပြင်းထန်ထန်လှုပ်ပေးရပါသည်။ထိုသို့ခြေထောက် ဖြင့် အချက်ပြသည်ကိုမသိလိုက်၍ မလှုပ်ပေးပါက အဆို ပါနတ်ဝင်သည် သေဆုံးတတ်ကြောင်းကို လည်းသိရှိခဲ့ရ ပါသည်။ မြေအောက်ကမ္ဘာသို့သွား ရောက်ရာမှ ပြန် လည်ရောက်ရှိလာသော နတ်ဝင်သည်သည် ကြွေ ပန်း ကန်အသေးအားပါးစပ်ဖြင့်ကိုက်ပြီးအရက်သောက်ကာ ကြွေပန်းကန်အား ပြန်ချသည့်အခါကြွေပန်းကန်၏အနေအထား(ဉပမာ ကြွေပန်းကန်သည် အတည့်ကျလား၊မှောက်၍ကျလား)ပေါ်မူတည်၍၎င်းတို့ မျိုးနွယ် စု၏ အနာဂတ်အခြေအနေအားဟောပေးသကဲ့သို့ ရေ ခွက်ထဲတွင်ရေအပြည့်ထည့်၍ဖယောင်းစက်ချပြီး လည်း အနာဂတ်ကို ဟောပါသည်။ ထိုနေ့တစ်နေ့လုံးသည် ၎င်းတို့၏ဘိုး၊ ဘွားနတ်များကိုပူဇော်သော အား ဖြင့် အရက်သောက်ခြင်း၊ ကခုန်ခြင်းတို့ဖြင့် ပူဇော် ဆု တောင်းပွဲများပြုလုပ်ကြပါသည်။

      ဆလုံလူမျိုးတို့၏ တမလွန်ဘဝနှင့် ပတ်သက်၍ လည်းယုံကြည်မှုများရှိပါသည်။ယခင်က လူတစ်ဦးသေ ဆုံးပါကထိုသူပိုင်ဆိုင်သောပစ္စည်းအားလုံးကို ထိုသူနှင့် အတူထည့်သွင်းမြှုပ်နှံပေး ရသည်။ ထိုသို့ထည့်၍ မြှုပ်နှံပေးခြင်းဖြင့် သေဆုံးသူမှာ တမလွန်ဘဝတွင်လည်း ထိုပစ္စည်းများကိုရရှိပိုင်ဆိုင်နိုင်ကြသည်ဟုယူဆကြပါသည်။ရှေးယခင်ကဆလုံလူမျိုးတို့သည်သင်္ချိုင်း ကျွန်း ပေါ်ရှိ လင့်စင်တွင်အလောင်းနှင့်အတူ သေသူပိုင်ဆိုင် သောရွှေငွေအပြင် တန်ဖိုးရှိသော ပစ္စည်းများ၏ တစ် ဝက်တိတိကိုထည့်ကာ သင်္ဂြိုဟ်သောဓလေ့ရှိ ခဲ့သော် လည်းယခုအခါတွင် စတိသဘော အနည်းငယ်သာ အခေါင်းထဲသို့ ထည့်ကြပြီး အလောင်းနှင့်အတူ ရေ၊ ဆန်၊ အိုးအပြင် အမျိုးသား သေလျှင် ပုဆိန်၊ လွှ၊ ဓား၊ ဆောက် ၊လှေငယ်အသေးတစ်စီး စသောအသုံး အဆောင် ပစ္စည်းများထည့်လေ့ရှိသကဲ့သို့ ရေငုပ်ရာ တွင် အသုံးပြုသောရေငုပ်မျက်မှန် ကိုလည်းကောင်း၊ အမျိုးသမီးသေဆုံးလျှင်ခက်ရင်း၊သံကောက်အစရှိ သော ခရင်းခွာသည့် ပစ္စည်း များကိုထည့်ပေးကြ သကဲ့ သို့  ယခုခေတ်တွင်အဆို ပါပစ္စည်းများအစားဆံညှပ်ကိုလည်းကောင်းထည့်ပေးလေ့ရှိပါသည်။ အချို့ဆလုံလူမျိုးများသည် အမျိုးသားသေဆုံးလျှင် ဒီရေတက်ချိန် တွင် လည်းကောင်း၊ အမျိုးသမီးသေဆုံးလျှင်ဒီ ရေကျ ချိန်တွင်လည်းကောင်း၊ မြှုပ်နှံကြသော်လည်း အချို့ ဆလုံလူမျိုးတို့ သည် သင်္ဂြိုဟ်သည့်အချိန် သတ်မှတ်ထားခြင်းမရှိပေ။အသက်ကြီးသောအမျိုးသားသေဆုံးလျှင် ကျောက်တုံးကြီးကြီး တစ်လုံး ကိုလည်းကောင်း၊ အသက်ငယ်သော အမျိုးသားသေဆုံးလျှင် ကျောက် တုံးငယ်ငယ် တစ်တုံးကို မြေပုံပေါ်တွင်  စိုက်ထားပြီး၊ အမျိုးသမီးများ သေဆုံးလျှင် ခရင်းပါသော ကျောက်တုံးကိုမြေပုံပေါ်တွင်စိုက်ထားရကြောင်းနှင့်ကလေးငယ် သေဆုံးပါက အုန်းသီးအသေးတစ်လုံးကို စိုက်ထူထားကြပါကြောင်းသိရှိရပါသည်။ ဆလုံလူမျိုးတို့သည်တမလွန်ကိုယုံကြည်ရခြင်းမှာလည်း ၎င်းတို့၏ ဘိုး၊ ဘွားများ သေဆုံးသွားသောအခါ ဘိုး၊ဘွားဝိညာဉ်များ အဖြစ် ၎င်းတို့က မမြင်ရသော်လည်း ဘိုး၊ ဘွားဝိညာဉ်များကမြင်ရပြီး၎င်းတို့ကို စောင့်ရှောက်ကြသောကြောင့် ဘိုး၊ဘွားဝိညာဉ်ကိုးကွယ်မှုများအား ဆောင်ရွက်ခြင်းဖြစ်ကြောင်းကို လည်း သိရှိရပါသည်။