ဗမာ ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ထားဝယ်အမျိုးသားနေ့
Image

        ထားဝယ်အမျိုးသားနေ့သည် ထားဝယ်ဒေသ တွင်နေထိုင်ကြသည့် ထားဝယ်လူမျိုးစုများ သာမက ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော ထားဝယ်တိုင်းရင်းသားအားလုံးနှင့်သက်ဆိုင်သောနေ့ထူးနေ့ မြတ် တစ်ခုလည်းဖြစ်ပါသည်။ နှစ်စဉ်နှစ်တိုင်းကျင်းပခြင်းအားဖြင့် ထားဝယ်လူမျိုးစုညီအစ်ကိုမောင်နှမများ စုစည်းတွေ့ဆုံကာ ချစ်ကြည်ရင်းနှီးမှုနှင့်စည်းလုံးညီညွတ် မှုကိုတိုးမြှင့်ဖေါ်ဆောင်နိုင်ပြီး ဒေသအကျိုး စီးပွားနှင့် နိုင်ငံအကျိုးစီးပွားကို ပိုမိုဆောင်ရွက်နိုင်ဟု ယုံကြည်ကြသည်။ 

         ထားဝယ်အမျိုးသားနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။ 

 (က) ထားဝယ်လူမျိုးများ၊အမျိုးသားရေးစိတ်ဓာတ်များနိုးကြားလာစေရန်

  (ခ) ထားဝယ်လူမျိုးများပိုမိုစုစည်းရန်နှင့်စုစည်းရရှိ လာ သောအင်အားဖြင့်ထားဝယ်လူမျိုးအရေးနှင့် ပတ် သက်သော ကိစ္စ            များကို စည်းလုံးညီညွတ်စွာ လုပ် ဆောင်သွားရန်

  (ဂ)ပုဂ္ဂိုလ်အရေး၊ လူတန်းစားအရေး၊ ဘာသာရေး၊ နိုင်ငံ ရေး၊စီးပွားရေးအရအမြတ်ထုတ်ခြင်းမပြုပဲ ထားဝယ်အမျိုးသား             နေ့ကိုအမျိုးသားရေးစိတ် ဓာတ်ဖြင့်ကျင်းပရန်

(ဃ)ထားဝယ်လူမျိုးများအချင်းချင်း ရိုင်းပင်းကူညီလို သော စိတ်ဓာတ်မြင့်မားလာစေရန်

 (င) လူမျိုးအရေးကဏ္ဍများကို  မြင့်တင်လိုသည့် စိတ်ဓာတ်များကိန်းအောင်းရှင်သန်စေရန်

    ကောဇာသက္ကသရာဇ်၁၁၁၆ခုနှစ် ၊ တပေါင်းလ ဆန်း (၁၃)ရက်နေ့တွင်  ထားဝယ်မြို့အား စတင်တည် ထောင်ခဲ့ခြင်းဖြစ် သည်ဟု မှတ်တမ်းများအရ သိရှိရပါသည်။ ထို့ကြောင့်“ဥဩအော်သည်ထားဝယ်တည်” ဟု ဆိုကြပါသည်။ထားဝယ်တိုင်းရင်း သားများသည် မှန်နန်းရာဇဝင်တွင်တမ္ဗဒီပပျူတို့နေထိုင်ရာဟံသာဝတီ ပြည်ကြီးပျက်စီးသွားချိန်၌ ရခိုင်တစ်စု၊ တနင်္သာရီတစ်စု၊ ထားဝယ်တစ်စု (၃)စု ကွဲသွားခဲ့ကြောင်း ဖော်ပြခြင်းခံခဲ့ ရသည့် လူမျိုးဖြစ်ပါသည်။

  ပုဂံခေတ်မြန်မာမင်းများလက်ထက်တွင် နှစ်သိန်း ပြုမြို့စာရင်းတွင်ပါဝင်သောမြို့လည်းဖြစ်ပါသည်။ ထားဝယ်မြို့အား စတင်တည်ထောင်စဉ်က သာယာဝတီနာမည်ပျောက်ပြီး ထားဝယ်မြို့ဟု ခေါ် သာယာဝတီ မြို့ဟု ခေါ်ဆိုသမုတ်ခဲ့ကြပြီး ထား ဝယ် လူမျိုးများနေထိုင်ကြ သည်ကိုအကြောင်းပြု၍ မူလတွင်ရ ခြင်းဖြစ်ကြောင်း သိရ ပါသည်။ 

           တနင်္သာရီတိုင်းအတွင်း လူများ စတင်နေထိုင်မှု သည်လွန်ခဲ့သည့် နှစ်ပေါင်း ၄၀၀၀ ကျော်ခဲ့ပြီဆိုသည်  ကို ကျောက်ခေတ်လက်နက်များ၊ လူ့အသုံးအဆောင် များက သက်သေခံနေသကဲ့သို့ ထားဝယ်လူမျိုးတို့သည် သက်၊ ရခိုင်၊ တောင်သူ၊ ပျူ၊ ကမ်းယံ၊ ယော ထားဝယ် ဟူသော ရှေးမြန်မာ(၇)မျိုးပါဝင်သောလူမျိုး ဖြစ်သည်။ ရှေးခေတ် ပုဂံ၊ဟံသာဝတီ၊ကုန်းဘောင် မင်းဆက်မပြတ် ဒူရကတိုင်းသား ထားဝယ်မျိုး နွယ်စုများသည် အကျွမ်း တဝင်ရင်းနှီးဆက်ဆံခြင်းရှိ ခဲ့သည့်အစဉ်အလာ သမိုင်း ရှိပြီးဖြစ်သည်။ ထားဝယ် လူမျိုးများသည် မြန်မာသမိုင်း အစပိုင်းမှ စတင်ပြီး ဒူရကတိုင်း ဟုနာမည်ရသည့် ထားဝယ်ရွှေမြေတွင် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှာန်း ဖြင့် စတင်အခြေ ချနေထိုင်ခဲ့ကြပါသည်။ သုံးလောက ထွဋ်တင်သဗ္ဗညု မြတ်စွာဘုရားရှင် လက်ထက်တော် တွင် ဗုဒ္ဓဘုရား ရှင်၊ဂဝံပတိရသေ့ စသည့် သူတော်မြတ် တို့  ဒေသစာရီ  လှည့်လည် သွားလာပြီး  သာသနာပြုတော်မူခဲ့ရာနေ ရာတော်မြတ် သာသနာရိပ်မြုံကြီးတစ်ခု ဖြစ်ခဲ့ပါသည်။သူတော်မြတ်တို့နေရာတွင်လူဖြစ်လာကြ သည့်ထားဝယ်လူမျိုးများသည် ကုသိုလ်ကံစန်းပွင့်၍ လူ့ဘုံ မှန်စွမ်းတင့်မည့်ကုသိုလ်ရှင်များဖြစ်ကြပြီး အမျိုး ဘာသာ၊သာသနာရေးတွင် ဘက်စုံပါဝင်ကူညီ အား ကောင်း ခဲ့ကြသကဲ့သို့ တောင်ထားဝယ်ဗိုလ်၊ မြောက် ထားဝယ်ဗိုလ် ၊ ဗိုလ်မှုးကြီးဗထူး၊ သူရမချစ်ပို စသော ထားဝယ်လူစွမ်းကောင်းများသည် ထားဝယ်လူမျိုး အပေါင်း၏ကိုယ်စား နိုင်ငံတာဝန်ကို ရဲရဲဝံ့ဝံ့သက်စွန့် ကြိုးပမ်း၍ အာဇာနည်ပီပီထမ်းဆောင်ခဲ့ကြသူများ ဖြစ် ကြသည်။ ထားဝယ်လူမျိုးအချင်းချင်း သစ္စာစောင့် သိ၍ မေတ္တာအပြည့်ဖြင့် စည်းစည်းလုံးလုံး နေထိုင်ကြရင်း အမျိုးသားနေ့အား တန်ဖိုးထားကာ ယနေ့မှစ၍ အခြား တိုင်းရင်းသားများနှင့်အတူလက်တွဲကြရင်း “ကမ္ဘာ ဆုံး ထားဝယ်လူမျိုးများ ဆက်လက်တည်ရှိကြရမည်’’ ဟု အဓိဠာန်ပြုကြရင်း နှစ်စဉ်နှစ်တိုင်း ကျင်းပသွားရမည့် နေ့ထူးနေ့ မြတ်ဖြစ်လာခဲ့ပါသည်။
ထားဝယ်အမျိုးသားအလံ၏ အချိုးအစားမှာ ၅:၃ ဖြစ်ပြီးအလံတွင်အဝါရောင်၊ အပြာရောင်၊ အနီ ရောင်နှင့် အဖြူရောင်တို့ပါရှိသည်။ အဝါရောင်သည် ဘာသာ သာသနာ ထွန်းကားရေး၊ ဆန်စပါး၊ အစာရေစာ နှင့် ပညာ ရေးတို့ကို ကိုယ်စားပြုပါကြောင်း၊အပြာရောင်သည် သယံ ဇာတပေါကြွယ်ဝသော ထားဝယ်ဒေသ၏ တောင်ပြာ တောင်တန်းများနှင့် ပင်လယ်ပြင်တို့ကို ကိုယ်စားပြုပါ ကြောင်း၊ လေးထောင့်ကွက်တွင် ပါဝင်သည့် အနီရောင် သည် ထားဝယ်လူမျိုးတို့၏ သတ္တိ၊ ဇွဲ၊ လုံ့လ နှင့်မဟုတ် မခံသော စိတ်ဓာတ်တို့ကို ကိုယ်စားပြုပါကြောင်း၊ အဖြူရောင်သည်ထားဝယ်လူမျိုးတို့၏ သဘောထား ဖြူစင်မှု၊ ရိုးသားမှုနှင့်ကူညီတတ်မှုတို့ကိုကိုယ်စားပြုပါသည်။ဒင်္ဂါး အဝိုင်းရှိ ခဲရောင်သည် ခဲမဖြူအများဆုံး ထွက်ရှိသည့် ဒေသတွင်အခြေချနေထိုင်သော ရှေးကျသည့်လူမျိုး ဖြစ် ကြောင်းဖော်ပြခဲ့ပါသည်။အနီရောင်မျဉ်းဖြင့်ပုံဖော် ထား သောလေးထောင့်ကွက်နှစ်ခုပါဝင်ပြီး၎င်း၏ အဓိပ္ပါယ်မှာ  ထားဝယ်ခရိုင်အတွင်းရှိမြို့နယ်လေးမြို့နယ်ကိုကိုယ်စား ပြုပြီးအခြားတိုင်းရင်းသားများနှင့်ချိတ်ဆက်နေထိုင် တတ်ရန်ဖြစ်ပါသည်။ တံဆိပ်ပါ သင်္ကေတများ နှင့် အရောင် တို့၏ အဓိပ္ပါယ်မှာ အလံအဓိပ္ပါယ် ဖွင့်ဆိုချက် အတိုင်းဖြစ်ပါသည်။ တံဆိပ်အပေါ်ပိုင်းမှ ထားဝယ်ဟူ သောစာလုံးသည် ထားဝယ်လူမျိုးတစ်ရပ်လုံးကို ကိုယ် စားပြုသည်။တံဆိပ် အောက်ပိုင်းမှ ၃၇၉ ဟူသော သက္က ရာဇ်သည် ထားဝယ်အမျိုးသား ညီလာခံ အောင်မြင်စွာ ကျင်းပနိုင်သောခုနှစ်ကို ကိုယ်စား ပြုရေးသား ခြင်းဖြစ် သည်။
         ထားဝယ်စကားကို ကြားဖူးသူများသည်ထားဝယ်   စကားပြောသံကို  ရုတ်တရက်ကြားလိုက်လျှင် ရှမ်း စကားလော၊ မွန်စကားလော၊ ရခိုင်စကားလော၊ မြန်မာ စကားသံနှင့်လည်းဆင်ဆင်တူနေသဖြင့်နားစိုက်ထောင် တတ်ကြသည်။ နားမလည်သောအခါ ထားဝယ် စကား ပြောသူအား ဘာလူမျိုးလဲဟု မေးသူကမေး တတ်ကြ သည်။ တချို့ကမူ ထားဝယ် စကားသံကို အကြောင်း ပြုပြီး မြန်မာစကားဝဲပြီး ပြောသောအမျိုးကွဲတစ်မျိုးဟု ယူဆကြသည်။ အချို့ကမူ ဒေသချင်းနီးစပ်မှုရှိသော မွန် သို့မဟုတ်ယိုးဒယားရှမ်းအမျိုးကွဲဟုယူဆကြသည်။ အချို့ကမူ ရာဇဝင်သမိုင်းအရ ပုဂံခေတ်မြန်မာများ လာ ရောက်လွှမ်း မိုးစဉ်က ဆင်းသက်လာသူများဟု လည်း ကောင်း၊ အချို့က ဓညဝတီ အရေးတော်ပုံပါ အာလော တတ် ညွှန့်လူစုကို အကြောင်းပြုကာ ရခိုင်နွယ်များဟု လည်းကောင်း လိုရာဆွဲယူပြောကြလေသည်။ ယင်းသို့ ထင်မြင်ယူဆချက် အမျိုးမျိုးမည်သို့ရှိစေကာမူ အရိုးကို အရွက်မဖုံး အရင်းစစ်လျှင်လည်း အမြစ်မြေကဟု ဆိုရိုး စကားရှိထားချက်အရ လူမျိုးငယ်သည် လူမျိုးကြီး၏ ယဉ်ကျေးမှုလွှမ်းမိုးခံရသည်ဖြစ်စေ၊ အုပ်ချုပ်ခြင်းခံသွား ရသည်ဖြစ်စေ ဇာတိစိတ်နှင့်ပြောဆိုသော စကား မပျောက်နိုင်ကြောင်း၊ထားဝယ်များပြောဆိုသော စကား ကိုဆန်းစစ်သုတေသနပြုကြည့်ရာထားဝယ်စကားသည် မြန်မာစကားနှင့်တူသယောင် ရှိသော်လည်း ဝေါဟာရ စကားသုံးတစ်မျိုး၊စကားသံတစ်မျိုးသီးခြား တစ်ဘာသာ ရှိနေခြင်းကထားဝယ်လူမျိုးရှိခြင်းကို ထင်ရှားစေပါသည်။ သို့သော် ယခုကာလ ပြောဆိုကြသော ထားဝယ် စကား များသည် တောကျေးလက်နှင့်မြို့ အတိမ်အနက် ကွဲလွဲ နေသည်သာမက ထားဝယ်စကားများ၌ တိုင်းရင်းသား နှင့် တိုင်းတစ်ပါးသားတို့၏ ပြောစကားများလည်းအတန် အသင့်ရောပြွမ်း ရှိနေကြောင်းကို သိရပေသည်။ ယခု ရောပြွမ်းစွာပြောဆိုနေကြသောထားဝယ်စကား ဝေါဟာ ရများကိုသုတေသနပြု၍ ကဏ္ဍအစုခွဲကြည့်ရာ ခန့်မှန်း ရာခိုင်နှုန်းဖြင့် တွေ့ရှိချက်များမှာအောက်ပါအတိုင်း ဖြစ် ပါသည်-
              (၁) ရှေးဟောင်းပေါရာဏစကားများ                          ၁၀     ရာခိုင်နှုန်းခန့်
              (၂) ပကတိမြန်မာစကားများ                                         ၈ ရာခိုင်နှုန်းခန့်
              (၃) အသံဖလှယ်မြန်မာစကားများ                              ၁၀ ရာခိုင်နှုန်းခန့်
              (၄)တိုင်းရင်းသားနှင့်တိုင်းတပါးသားစကားများ      ၂ ရာခိုင်နှုန်းခန့်
             (၅)သီးခြားဘာသာထားဝယ်စကားများ                      ၆၅ ရာခိုင်နှုန်းခန့်
              (၆)လဆွဲသံတစ်ဘာသာထားဝယ်စကားများ            ၅ ရာခိုင်နှုန်းခန့်
              မှတ်ချက်။   ထားဝယ်စကားကို ထားဝယ်အသံထွက် အတိုင်း  စာလုံးပေါင်းထားပါသည်။ ထားဝယ်မှ သုံးနှုန်း ပြောဆိုသောစကားများသည် စကားလုံးကို ချုံ့ပြီး ပြော တတ်သည်။မြို့ပေါ်တွင်ပြောသောစကားလုံးထက်တော ကျေးလက်တွင်ပြောသော စကားများသည်ပို၍ ချုံ့ပြီး ပြောသည့်အပြင် အသံလေးနက်သော စကားလုံးများနှင့် ပြောတတ်သဖြင့်မြို့နှင့်ကျေးလက်ထားဝယ်အချင်းချင်း ပင်ရုတ်တရက်နားမလည် နိုင်သလိုရှိသည်။ 
ထားဝယ်အမျိုးသားနေ့ ကျင်းပခြင်းအားဖြင့် ထားဝယ်အမျိုးသားနေ့၏ ရည်ရွယ်ချက်ကို သိရှိပြီး ထားဝယ်လူမျိုးများအချင်းချင်း အမျိုးသားနေ့၊ အမျိုးသား အလံ၊ အမျိုးသားတံဆိပ်၊ စကား၊ စာပေ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကိုသိရှိပြီ းပျောက်ကွယ်နေသော ရိုးရာယဉ်ကျေးမှုများပြန်လည်ဖေါ်ထုတ်ခြင်းအားဖြင့် ထားဝယ် လူမျိုးတို့၏ အမျိုးဂုဏ်ဇာတိဂုဏ်ပြန်လည်တက်ကြွလာ စေမည်ဖြစ်ပါသည်။