လူမျိုးတိုင်းတွင်အခြေချနေထိုင်ခဲ့သည့်ဒေသများ ရှိသကဲ့သို့အဓိကကျသော ရိုးရာပွဲတော်များလည်း ရှိပါသည်။ရိုးရာပွဲတော်ဆို သည်မှာလည်းသက်ဝင်ကိုးကွယ်မှုအရ ကျင်းပပြုလုပ်သည့် ပွဲတော်များလည်းရှိသကဲ့သို့ ဒေသ၏အလေ့အထများအရ ကျင်းပ ပြုလုပ်သည့် ရိုးရာပွဲတော်များလည်းရှိပါသည်။ မြန်မာနိုင်ငံတွင်လူမျိုးပေါင်းအဓိက(၈)မျိုးမှီတင်းနေထိုင်ပြီး ထိုလူမျိုးများထဲမှချင်းလူမျိုးသည်လူမျိုးနွယ်စုအများဆုံးဖြစ်သည့်အလျောက် ရိုးရာပွဲတော်လည်း များစွာရှိပါသည်။ ချင်းပြည်နယ်တွင်နေထိုင်သည့် လူမျိုးများတွင်အဓိကအခြေချနေထိုင်ခဲ့သည့်နေရာဒေသများမှာလိုင်းလွန်၊ မိုးပီ၊ ကျိမ်နွဲဟူသည့် ဒေသ(၃)မျိုးဖြစ် ကြောင်းပါးစပ်ရာဇဝင် ရှိခဲ့ပါသည်။
ထိုဒေသ (၃)ခုထဲမှ ကျိမ်နွဲဒေသကို အခြေချနေ ထိုင်ခဲ့သော ဇိုမီးလူမျိုးတို့တွင် ရှာလ်ဆောမ်ပွဲ၊ ခွါဒိုပွဲ၊ ဇူနွန့်ပွဲ၊ တွန့်ပွဲစသည့်ဖြင့်များစွာရှိပါသည်။ ပွဲတော်များကို လူမှုရေးအရသော်လည်းကောင်း၊ ယုံကြည်သက်ဝင်ကိုးကွယ်မှုအရ သော်လည်းကောင်း၊ ဂုဏ်အရှိန်အဝါကို ပြသလိုသည့်အခါသော်လည်းကောင်း ကျင်းပပြုလုပ်လေ့ ရှိကြသည်။ ထိုပွဲတော်များထဲမှ ဇိုမီးလူမျိုးများအတွက် အခရာကျသည့် ပွဲတော်ဖြစ်သော ရှာလ်ဆောမ်ပွဲတော် ကျင်းပခြင်း၏ အနှစ်သာရနှင့် အရေးပါပုံတို့ကို တင်ပြပါ မည်။ ရှာလ်ဆောမ်ပွဲဆိုသည်ကို တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်များတွင် နေထိုင်ကြသည့် ဇိုမီးလူမျိုးများ တွင်ပင်လျှင်အသုံးအ နှုန်းကွဲပြားမှုရှိသည်။ တီးတိန် မြို့နယ်တွင်နေထိုင်သူ များသည် ရှာလ်ဆောမ်( Sial Swam ) ဟု ခေါ်ဆိုသော်လည်းတွန်းဇံနယ်တွင် လောမ့် အန်းနဲက် (lwam AnNeek)ဟုသုံးနှုန်းခေါ်ဆိုကြသည်။ မည်သို့ပင်ဖြစ်စေကာမူ အသုံးအနှုန်းကွဲပြားခြင်းသည်အဓိကမကျ ဘဲထိုပွဲတော်ပြုလုပ်ရခြင်း၏ အနှစ်သာရသည်သာအဓိကဖြစ်ပါသည်။ ထိုပွဲတော်ကိုပြုလုပ်ရခြင်းမှာ အဓိကအားဖြင့် စိုက်ပျိုးမွေးမြူခြင်းဖြင့်သာအသက်မွေးဝမ်းကြောင်းပြုသူများဖြစ်သောကြောင့် စိုက်ပျိုးမွေးမြူခြင်း ဖြစ်ထွန်းစေရန်အတွက်သော်လည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေးအတွက်သော်လည်းကောင်း ယုံကြည်ကိုးကွယ်ရာနတ်တို့ကို ပူဇော်ပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ပါသည်။
ထိုပွဲတော်ကိုများသောအားဖြင့် တောင်ယာသီးနှံ များမျိုးစေ့ချပြီးသည့်အချိန် မတ်လ သို့မဟုတ် ဧပြီလ တွင်ကျင်းပလေ့ရှိကြသည် ။ပွဲတော်ကျင်းပသည့် ပထမနေ့တွင် ရာသီဉတု ကောင်းမွန်စေရန်၊ သီးနှံများ ကောင်းမွန်စွာ ဖြစ်ထွန်းစေရန်နှင့် တစ်ရွာလုံးကျန်းမာချမ်းသာစွာနှင့် ဘေးဥပဒ်ကင်းစွာ နေုထိုင်နိုင်ရန်အတွက်ရွာဘုံစောင့်နတ်(တွာလ်ယဇ်)ကို ပူဇော်ပသကြသည်။ ပူဇော် ပသရာတွင်ရွာသူရွာသားများအားလုံ းစုပေါင်းကာ ခေါင်ရည်နှင့်တကွ ပူဇော်ပသမည့် သားကောင်ကို ရွာတွင်ရှိ သောနတ်ဆရာ အဖွဲ့အား ပေးအပ်ရသည်။ နတ်ဆရာ နှင့်အဖွဲ့သည် ရွာဘုံစောင့် နတ်ထံသို့ပူဇော်ပသပေး ရပြီး ထိုပူဇော်ပသသည့် အရာများကို နတ်ဆရာ နှင့် အဖွဲ့များကသာ သုံးဆောင်ခွင့် ရှိသည်။ ထိုသို့ရွာဘုံစောင့်နတ်ကို ပူဇော်ပသပြီး နောက်တစ်နေ့တွင် ရှာလ်ဆောမ်ပွဲတော် ကိုကျင်းပကြသည်။ပွဲတော်ကျင်းပချိန်တွင်ရွာသူရွာသားများအားလုံးသည် တောင်ယာသွားခြင်း၊ မြေတူးခြင်း၊ ပေါင်းပင်နုတ်ခြင်း စသည်တို့ကိုရှောင်ကြဉ်ရပြီးဗုံ၊ မောင်း များ ကိုလည်း တီးခတ်ခြင်း မပြုရပေ။ အကြောင်းမှာ ဗုံ၊ မောင်းများတီးခတ်ပါကဘေးဥပဒ်ကျရောက်တတ်သည် ဆိုသော အယူအဆရှိသောကြောင့် ဖြစ်သည်။ ပွဲတော် ကျင်း ပချိန်တွင်လည်းသူစိမ်းများ မလာရောက်စေရန်ရွာအဝင်လမ်းတိုင်းတွင် အချက်ပြသစ်ရွက်များ ချိတ်ဆွဲထား လေ့ရှိသည်။ ပွဲတော်ဒုတိယ ရက်တွင်မူ ရွာသားများအားလုံး အတူတကွအမဲလိုက်ကြသည်။ ထိုကဲ့သို့အားလုံး စုပေါင်းကာအမဲလိုက် ထွက်ခြင်းကို“ဆောဲင်းဘိန်း”(Sawngbeng) ဟုခေါ်ဆိုပါသည်။ အမဲလိုက်ထွက်ရာတွင် တောကောင်ကို ဖမ်းဆီးရမိသူသည် အင်မတန်မှကံ ကောင်းသူဖြစ်ပြီး ချီးမွမ်းထောမနာပြုခြင်းကို ခံရသည်။ အဓိကအချက်မှာတောလိုက်ထွက်ရာတွင် တောကောင်များကို ဖမ်းဆီး ရမိခြင်းမရှိပါကထိုရွာအတွက်ဘေးဥပဒ်များရောက်လာမည်ဟုယူဆကြသောကြောင့်ဖြစ်သည်။တောကောင်ရရှိပါက တောကောင် သည် ထိုနှစ်၌ရွာတွင် ကျရောက်လာမည့်ဘေးဥပဒ်များကိုအစားထိုးယူ ဆောင်သွားသည်ဟုယုံကြည်သက်ဝင်မှု ရှိသောကြောင့်တော ကောင်ရရှိသူအားချီးမွမ်းထောမနာပြုကြခြင်းဖြစ်ပါသည်။
ဇိုမီးလူမျိုးများအတွက် ရိုးရာပွဲတော်တစ်ခု ဖြစ် သည့် ရှာလ်ဆောမ်ပွဲတော်သည် အလွန်အရေးပါသော ရိုးရာပွဲတော် တစ်ခုပင်ဖြစ်ပါသည်။ တောင်ယာသီးနှံများ အထွက်တိုးစေရန်၊ ဘေးဥပဒ်များမကျရောက်စေရန် နှင့် တစ်နှစ်တာလုံး ကျန်းမာချမ်းသာစွာဖြင့် နေထိုင်သွားနိုင် ရန်ကျင်းပပြုလုပ်သည့်ပွဲဖြစ်ပါသည်။ ရှေးယခင်က ကိုး ကွယ်သက်ဝင် ယုံကြည်မှုအရ ရွာတိုင်းရွာတိုင်း တွင် အလေးထားကာကျင်းပပြုလုပ်လေ့ရှိသောရိုးရာပွဲလည်း ဖြစ်ပါသည်။
ဇိုမီးလူမျိုးများတွင်သက်ဝင်ယုံကြည်မှုဖြင့် ကျင်း ပ ပြုလုပ်သည့်ရိုးရာပွဲများစွာရှိသော်လည်း ယခုအချိန် တွင်မူထိုရိုးရာပွဲများမှ အလေးထားကာ ကျင်းပပြုလုပ် သည်မှာ ခွါဒိုပွဲတစ်ခုပင် ရှိပါသည်။ ယုံကြည် သက်ဝင် ကိုးကွယ်မှုအရ ရှာလ်ဆောမ်ပွဲကို ကျင်းပပြုလုပ်ခြင်း မရှိ ပါကသီးနှံများဖြစ်ထွန်းရေး၊ ရပ်ရွာအေး ချမ်းသာယာပြီး ဘေးဥပဒ်ကင်းစွာ နေထိုင်နိုင်ရေးအတွက် လုပ်ဆောင် နိုင်မည်မဟုတ်ပေ။စိုက်ပျိုးထားသည့်သီးနှံများဖြစ်ထွန်း ရေး၊ ရပ်ရွာအတွင်းဘေးဥပဒ် ကင်းစွာနေထိုင်နိုင်ရေး တို့ ကို ရှေးရှု၍ ရွာဘုံနတ်ကို ပူဇော်ပသကာ ပြုလုပ်သည့်ပွဲ ဖြစ်ပါသည်။ ထို့ကြောင့် ရှေးယခင်က လူကြီးသူမများ သည်ဝမ်းစာအတွက်ကိုယ်တိုင်စိုက်ပျိုးခြင်းဖြင့် အသက် မွေးဝမ်းကြောင်း ပြုကြသကဲ့သို့ စိုက်ပျိုးသီးနှံများဖြစ် ထွန်းရေး၊ ဘေးဥပဒ်ကင်းစွာ နေထိုင်သွားလာနိုင်ရေး အတွက် ရှာလ်ဆောမ်ပွဲကိုယုံကြည်သက်ဝင်မှုအရ ကျင်း ပခဲ့ကြသည်။ ရှာလ်ဆောမ်ပွဲကို ကျင်းပပြုလုပ်ခဲ့သော ကြောင့် ရပ်ရွာအတွင်း ဘေးဥပါဒ်ကင်း သည်သာမက သီးနှံများ ဖြစ်ထွန်းသောကြောင့်ကောက်ရိတ်သိမ်းပွဲ ဖြစ် သည့် ခွါဒိုပွဲကို ကျင်းပနိုင်ခြင်းဖြစ်သည်ကို ယုံမှားဖွယ် မရှိပေ။ ထို့ကြောင့် ရှာလ်ဆောမ်ပွဲသည် ဇိုမီးရိုးရာ ခွါဒိုပွဲ ကိုကျင်းပပြုလုပ်နိုင်ရန်အတွက် အခရာကျသော ရိုးရာ ပွဲတော်တစ်ခုပင်ဖြစ်ကြောင်းနှင့် အလေးထားကာ ကျင်း ပပြုလုပ်ရန်လိုအပ်သည့်ရိုးရာပွဲတော်တစ်ခု ဖြစ်ကြောင်း ရေးသားဖော်ပြအပ်ပါသည်။