မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်ဒေသတွင် နေထိုင်သော ချင်းတိုင်းရင်းသားများ၏ ကလေးနာမည်ပေးပုံမှာစိတ် ဝင်စားဖွယ်တစ်မူထူးခြားလှပါသည်။ ချင်းလူမျိုးများတွင် အတောင့်တဆုံးအရာသုံးခုရှိပါသည်။ ၎င်းတို့မှာ“သားဦး ရတနာ၊ သေနတ်၊ အိမ်ကောင်းကောင်း” ဟူ၍ ဖြစ်သည်။ သားဦးသည် မိမိ၏အမည်ကို ခေတ်အဆက် ဆက်ယူဆောင်သွားမည့်သူဖြစ် ၍ အမွေစားအမွေခံလည်း ဖြစ်သည်။ ထို့ အပြင်သားဦး၊ သမီးဦး၏ အမည်ကို သုံး၍ မိဘတို့အား အမေ၊ အဖေစသည်ဖြင့် ခေါ်ဆိုလေ့ရှိ၏။ သား အမည်သည် ထလာအုပ် ဖြစ်ပါက ‘ထလာအုပ် အဖေ၊ ထလာအုပ်အမေ’ သို့မဟုတ် ‘အုပ်သဲ ပါး ၊အုပ်သဲ နူး’ စသည်ဖြင့် ခေါ်လေ့ရှိ သောကြောင့် သားဦး၊သမီးဦး၏အမည်သည် နာမည်ကောင်း ရှိဖို့ အလွန်အရေးကြီးသည်။
မြန်မာလူမျိုးများ၏ နာမည်ယူပုံမှာ မွေးသောနေ့ ကို လိုက်၍ မှည့်ရ၏ တနင်္ဂနွေသားသမီးများသည် ‘အ’ အမည် ပါရှိရ ၏။ သောကြာ သားသမီးဆိုလျှင် ‘သ’ ‘ဟ’ အက္ခရာကို ဦးတည်နာမည် မှည့်ကြသည်။ချင်းလူမျိုးများ မှာမူ နာမည် ပေးသူသည် သူ၏ရပ်တည်မှု သို့မဟုတ် နာမည်ပေးသော သူတို့ ၏ဘဝရပ်တည်မှုကို ချင့်ချိန်၍ သူတကာထက်မြင့် ခြင်း၊နိမ့်ခြင်း၊ရွှေ၊ငွေများ ကိုင်တွယ်နိုင်ခြင်း၊ ဆင်းရဲခြင်း၊ချမ်းသာခြင်း၊သားကောင်များများပစ်သူ ဖြစ်ခြင်း၊ ပညာတတ်ဖြစ်ခြင်း စသည်ဖြင့် ထင်ရှားကျော် ကြားခြင်းဖြင့် အမည်ကိုရွေး ၍ပေးကြကြောင်းသိရသည်။
အမည်ပေးခြင်းနှင့်ပတ်သက်၍ ဘိုးဘေးတို့၏စိတ်ထားသည်အလွန်ရိုးသားသည်။ အတုယူစရာများစွာရှိပါသည်။ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ အောက်ကျ နောက်ကျဖြစ် ခြင်းကို မဖုံးကွယ်ပေးရခြင်း၏ အဓိပ္ပာယ်ကို ကြည့်ခြင်းဖြင့် ပေါ်လွင်စေသည်။ ရွှေ၊ ငွေ၊ မသုံးနိုင်သူများက ရွှေ၊ငွေပါသော အမည်မပေးကြရပေ။ စာမတတ်၊ပညာမရှိသူများက“စာ”ပါသောစကားလုံးသုံး ၍မပေးကြ။ခွန်အားမတောင့်တင်း၊ပိုက်ကွင်းတွင်နာမည်မရှိဘဲ “ခွန်အား”ပါသောစကားလုံးမပေးကြပါ။မကိုင်တွယ်၊မသုံး၊ မတတ်သိသောအရာကို တတ်သိသောသူကဲ့သို့ သုံး၍နာမည်မပေးကြပါ။ ထိုသို့ပေးမိပါက ပတ်ဝန်းကျင်၏ အပြော ခံရသည်။ သားတိရစ္ဆာန်တစ်ကောင်မှမပစ်သတ်ဖူးသူအသက်တိုတတ်သည်ဟု ယူဆကြသည့်ဓလေ့ရှိသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။
နာမည်ပေးခြင်းနှင့်ပတ်သတ်၍ ချင်းပြည်နယ်တောင် ပိုင်းမတူမျိုးနွယ်စုတို့တွင် သားယောက်ျားကိုအထွတ်အမြတ် ထား သည်။သားဦးကို ဦးစားပေးသည်။ မိဘအမွေ အဓိကဆက်ခံသူဖြစ်သည်။လယ်၊ယာ၊စပါး၊ကျီ၊သေနတ်တို့ကို အမွေ ခံသည်။သားထွေးကအိမ်ကိုဆက်ခံပြီး မိဘနှစ်ပါးကို ကြည့်ရှုစောင့်ရှောက်သည်။ကလေးမွေးဖွားပြီး တစ်ပတ်အကြာမှ နာမည်မှည့်ပေးလေ့ရှိသည်။ရှေးအခါက ရေဘူးထဲတွင်ထည့်ကာ နာမည်အော်ပြောပြီး ဆန်လုံးထည့်သည်။ဆန်လုံးသည် အောက်သို့မကျပါက အသစ်မှည့်ပြီး အကြိမ်ကြိမ်ဖျား နေပါက နာမည်ပြောင်းပေးရသည်။ ကလေးမွေးဖွားသည်နှင့် တစ်လမပြည့်ခင် သေတ္တာဖွင့်ပိတ်ခြင်းမပြုရပေ။ သေတ္တာပြန်ဖွင့်၊ပြန်ပိတ်ပါက ကလေးလိပ်ပြာသေတ္တာထဲဝင်မိပြီး ကလေးအသက်ရှူ မဖြောင့်ဟု ယူဆကြသည်။ယောက်ျားအမည်ကားသေဆုံးသူတို့၏ အမည်ကိုပြန်မှည့်ရသည်။ သတိတရရှိသည့်အနေဖြင့် နာမည်ပြန်မှည့်ခြင်းဖြစ် သည်။ လင်မယားမိသားစုအချင်းချင်းတိုင်ပင်ညှိနှိုင်းပြီးမှ မှည့်ခေါ်ထားခြင်းဖြစ်သည်။မိန်းကလေးကိုလည်း သေဆုံးသူ မိခင် ဘက် အမျိုးဘက်၊အမျိုးတော်စပ်သည့် မိခင်အမည်များအား ပြန် မှည့်ရသည်။ပန်းအမည် များကိုလည်း အဓိကမှည့်ခေါ်သည်။ ရိုင်ဗန်း၊ရိုင်ဆုန်း၊ ရိုင်ကစ်၊ထိမ်ဝေါလ်း ၊ယတ်ဒါး၊ ဒစ်မိုင်း၊ ရိုင်း မွေးစသည့်တို့ကား သစ်ခွပန်း၊ သဇင်ပန်း၊ ငွေပန်း စသည့် အမည်များပင် ဖြစ်သည်။ ယောကျ်ားများသည်လိပ်ပြာခုနစ်ခု၊ မိန်းကလေးများသည်ငါးခုရှိသည်ဟုယူဆကြသည်။ ယောကျ်ား များသည် မိဘအမွေဆက်ခံသူ၊ ရပ်ရွာ စောင့်ရှောက်သူ၊ အမျိုးဂုဏ်မြှင့်တင်သူ ၊ မျိုးရိုးဆက်ခံသူ ဖြစ်သည်။ အမွေဆက်ခံ ခွင့်လုံးဝမရှိပေ။အိမ်ထောင်ကျပါကမိခင်ဘက်မှပါလာသောလက်ဝတ်လက်စားများသာပါလာပေသည်။မိန်းကလေးတို့အား အရေးကြီးသောလျှို့ဝှက်ချက် များအား မပြောကြပေ။
ချင်းပြည်နယ်တောင်ပိုင်းမင်းတပ်တွင် နေထိုင်သော တိုင်းရင်းသားမျိုးနွယ်စုများတွင် အမည်ပေးပုံမှာလည်း စိတ် ဝင် စားဖွယ်ရာဖြစ်သည်။ သာဓကအားဖြင့် ဖခင်အမည်မှာ ကီးလိန်းမောင်းဖြစ်ပါက သားဖြစ်သူကဖခင်အမည် လိန်းမောင်းအား ယူ၍ အခြားကောင်းသော နာမည်တစ်ခုကို ထည့် ၍မှည့်လေ့ရှိသည်။သာဓက အားဖြင့် သားဖြစ်သူအမည်မှာ လိန်းမောင်းမန် သို့မဟုတ် အခြားအမည် မှည့်လေ့ရှိသည်။ ဖခင်ကီးလိန်းမောင်းတွင် သမီးရှိပါက သမီးအမည်ကို ဖခင် အမည် လိန်းမောင်းကို ပြန်ယူ၍ လိန်းမောင်းစိမ်းဟု အမည် ပေးနိုင်သည်။ တစ်နည်းအားဖြင့် မိဘ၏အမည်ကို မျိုးရိုးအစဉ်အလာ အရမှည့်ခေါ်ခြင်းဖြင့် မျိုးနွယ်စုကို ထိန်းသိမ်းစောင့်ရှောက်သည့် ချစ်စဖွယ်ကောင်းသော အမည်မှည့်ခြင်း ဟု ခေါ်ဆိုနိုင်သည်။
နာမည်မှည့်ရာတွင် ချင်းတိုင်းရင်းသားတို့၏ ရိုးရာ အရ မကောင်းသော အမည် ၊ အတိတ်နိမိတ်မကောင်းသော နာမည်များကိုလည်းရှောင်ရှားကြသည်။ ဥပမာ -ရှုံးနိမ့်၊ ဆုံးရှုံး၊ ဆုံးမြဲစသည့်တို့ဖြစ်သည်။ တစ်ခါကရွာတစ်ရွာတွင် သူငယ်ချင်း တစ် ယောက်သည် အိမ်ဆောက်လျက်ရှိရာ သွပ် ပြားမိုးနေပြီဖြစ်သည်။ ကြမ်းပြင်ခင်းဖို့သာကျန်တော့၏။ ထိုညနေတွင် အစိုးရ ဝန်ထမ်းတစ်ဦးသည် ထိုအိမ်၌တည်း၏ ။
အိမ်ပိုင်ရှင်သည်အိမ်ကိုအားလုံးကိုပြန်ဖြိုဖျက်ပြီး အစမှပြန်ဆောက်ရသည်။ အကြောင်းမှာ ဧည့်သည်၏အမည်သည်မကောင်း၊ အိမ်သစ်ဆောက်နေချိန်နာမည်ကောင်း ဖြစ်ရန်လိုအပ်၏။ဧည့်သည်ရဲ့သား၏အမည်သည် ‘လျမ်းကျင်း’ ဒဏ်တပ်ခံရ သည် ဟူသော အဓိပ္ပာယ် ရှိသောကြောင့် ဖြစ် သည်။ နာမည်ပေးခြင်းနှင့်ပတ်သက်၍ ပေးသူအနေဖြင့် လည်းကောင်း၊ အမည်ပိုင်ရှင်အနေဖြင့် လည်းကောင်း၊ မိမိ အမည်သည်အဓိပ္ပာယ် ကောင်းပါသည်ဟု ယူဆတတ်ကြ သည်။ အယူသည်းသောသူများသည်လည်း အနည်းနှင့်အများ ရှိတတ်ကြသည်။ အသင်သည် ချင်းတောင်တစ်ခွင်တွင် ခရီးသွားရောက်၍အိမ်အသစ်၌ တည်း ခိုသည်ဆိုပါအံ့။ ထိုအိမ်သားများကပထမဦးဆုံးအမည်နှင့် မိသားစုအကြောင်း ကို မေးကြမည်ဖြစ်သည်။ ဝန်ထမ်းရာထူးကြီး ဖြစ်သော်ငြားလည်း၊ သူဌေးပင်ဖြစ် သော်လည်း ရုပ်ချောသူဖြစ်သော်ငြား လည်း၊ဆွေမျိုးတော်သူ ဖြစ်သော်ငြားလည်း နာမည် ကောင်းသူမဖြစ်လျှင် စိတ်ကသိကအောက် ဖြစ်ကြရသည်။ သို့သော် နာမည်ကောင်းသူဖြစ်လျှင် ကြက်မဝဝတစ်ကောင် သတ်၍ ခေါင်အိုးတည်လျက်အိမ်နီးနားချင်းများကိုခေါ်ယူ၍ခေါင်ရည် ဖြင့်ကြိုဆိုဧည့်ခံကြမည်ဖြစ်ပါသည်။နိုင်ငံခြားအဆင့်တွင် ကြက် ၏တန်ဖိုးသည် အနိမ့်ဆုံးဖြစ်သော်လည်း ချင်းလူမျိုးများအတွက် မိမိအိမ်တွင် ဝဝလင်လင်မွေးရသော ကြက်မသတ်၍ ခေါင် ရည်အိုးကြီးကြီး တည်ခင်းလျက်ဧည့်ခံခြင်းသည်အလွန်မွန်မြတ်သောအရာဖြစ်သည်။ ကြက်သတ်ခေါင်အိုးဖြင့်ဧည့်ခံခြင်းသည် မျက်နှာကြီးလူကြီးသူမများ၊အလွန်ချစ်ခင်သောမိတ်ဆွေနှင့်ဆွေမျိုးများအတွက်သာပြုလုပ်ပေးလေ့ရှိသောဧည့်ခံပွဲဖြစ်ပါသည်။