နာဂတိုင်းရင်းသားများသည် တိဘက်-မြန်မာအစုမှ ဆင်းသက် လာသော မြန်မာ၊ သက်၊ လိုလို-မူဆို၊ ကချင်၊ ချင်း၊ နာဂ၊ ကရင်စသည့် အစုငယ်တစ်ခုတည်းအဖြစ် ပါဝင်ပါသည်။ နာဂတိုင်း ရင်းသားများ၏ ရိုးရာနှစ်သစ်ကူးပွဲတော်ကို ရှေးပဝေသဏီကတည်းက ရွာတိုင်း၊ အရပ် ဒေသတိုင်းမှာ ကျင်းပခဲ့ကာ နှစ်သစ်ကူးပွဲတော်ကို မိရိုးဖလာ တောင် ယာလုပ်ငန်းခွင်နှင့် လယ်ယာလုပ်ငန်းခွင်များမှကောက်ပဲ သီးနှံများ ရိတ်သိမ်းပြီးနောက် နောက်နှစ်သစ် တောင်ယာ၊ လယ်ယာလုပ်ငန်း ခွင်မဝင်မီ ကျင်းပသည့် ပွဲကြီးဖြစ်ပါသည်။ တစ်ရွာနှင့်တစ်ရွာ ပွဲတော် ရက် မတိုက်ဆိုင်အောင် ကျင်းပခဲ့ကြပြီး တစ်ရွာမှ ကျင်းပသည့် ပွဲ တော်ကို အခြားတစ်ရွာက သွားရောက်ပျော်ရွှင်ခဲ့ကြသည့် ဓလေ့ များ ရှိပါသည်။
နာဂရိုးရာ နှစ်သစ်ကူးပွဲတော်သည် နာဂတိုင်းရင်းသားများ အတွက်အရေးကြီးသောအထွဋ်အမြတ်ထားသည့်ပွဲတော်ဖြစ်ပါသည်။ တစ်နှစ်ပတ်လုံး တွေ့ကြုံခဲ့ရသော အတွေ့အကြုံများကို ဖလှယ် ဆွေး နွေးခဲ့ကြသည့်အပြင် လာမည့်နှစ်သစ်မှာ လုပ်ကိုင်ကြရမည့် လုပ်ငန်း ဆောင်တာများကို နှစ်သစ်ကူးပွဲတော်ကြီးတွင် တိုင်ပင်ဆွေးနွေးကြပါ သည်။ တစ်နှစ်တာအတွေ့အကြုံများမှ ရရှိခဲ့ကြသည့် အကျိုးရလာဒ် များကို နှီးနှောဖလှယ်ကြပါသည်။ အရောင်းအဝယ်များမှ ပေးရန်နှင့် ရရန်ကြွေးမြီးများကို ရှင်းလင်းကြ၍ လာမည့်နှစ်သစ်မှာ ကောက်ပဲ သီးနှံများ ပေါများပါစေကြောင်းနှင့် ရာသီဥတုကောင်းမွန်စေကြောင်း၊ အဖျားအနားကင်းဝေးပြီး ချမ်းသာသုခ ရှိပါစေကြောင်း ဆုတောင်းကြ ပါသည်။
ဤပွဲတော်တွင် ရပ်ဝေးရပ်နီးမိသားစုများ၊ ဆွေမျိုးမိတ်ဆွေ သင်္ဂ ဟများနှင့်ရင်းနှီးပျော်ရွှင်စွာ ဆုံစည်းခဲ့ကြပါသည်။ နာဂ တိုင်းရင်းသားများ သည်နှစ်သစ်ကူးပွဲတော်တွင် သီချင်းအကများနှင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ် အစဉ်အလာများကို ဖော်ညွှန်းသီဆို ကခုန်ကြပါသည်။ တစ်နှစ်တာလုံး၏ အခက်အခဲကို တင်ပြကြပြီး တစ်နှစ်တာ အောင်မြင်မှုကို ဂုဏ်ယူကြပါသည်။