ကောက်သစ်စားပွဲတော် (Chavang Kut) သည် ဥတုသုံးပါး နွေ၊ မိုး၊ ဆောင်း ရှိသည့်အနက် ဆောင်းကာလတွင် ကျင်းပလေ့ရှိပါ သည်။ ဆောင်းရာသီကာလသည် တစ်နှစ်တာ၏ နောက်ဆုံးသော အချိန်ကာလဖြစ်သလို တောင်ယာ၊ လယ်ယာများမှ ကောက်ပဲသီးနှံ များရိတ်သိမ်းစုဆောင်းသော အချိန်ကာလလည်းဖြစ်သည်။
ထို့ကြောင့် ရှေးဘိုးဘေးများသည် ၄င်းတို့၏ကောက်ပဲသီးနှံ ရိတ်သိမ်းစုဆောင်းပြီးသောအချိန် ဆောင်းရာသီကာလကို ကြိုက်နှစ်သက်ခြင်းနှင့်အတူ ပျော်ပွဲရွှင်ပွဲ ရိုးရာ ဓလေ့ထုံးတမ်း အစဉ်အလာအရ ကျင်းပလေ့ရှိကြောင်းသိရှိရပါသည်။
ဘိုးဘေးများ ကောက်သစ်စားပွဲတော် (Chavang Kut) ပွဲတော် ကျင်းပပုံ ကျင်းပနည်းနှင့်အချိန်ကာလရှေးဘိုးဘေးများသည် Chavang Kut ပွဲတော် ကျင်းပသော နေ့ရက်အချိန်ကာလများကို တိတိကျကျ သတ်မှတ်ခဲ့ခြင်း မရှိခဲ့ကြ ပါ။ သို့သော်နယ်မြေဒေသအသီးသီးမှ လုပ်ငန်းပြီးစီးသောအချိန် ကာလကိုသုံးသပ်ကာ နှစ်ရက်၊ သုံးရက် ကျင်းပလေ့ရှိပါသည်။
ပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်သည်ရိုးရာဓလေ့ယဉ်ကျေးမှုပပျောက်မှုမရှိစေရန်ထိန်းသိမ်းဖေါ်ဆောင်ခြင်း၊နောင်လာမည့်ခေတ်လူငယ်များသိရှိနားလည်စေခြင်း၊ထိန်းသိမ်းကာကွယ်လိုခြင်း၊လူမျိုးတစ်မျိုးနှင့်တစ်မျိုး၏ ရိုးရာဓလေ့ထုံးစံကို မျိုးဆက်သစ်များမှ စဉ်ဆက်မပြတ်ကျင်းပလိုခြင်းတို့ဖြစ်သည်။ ကောက်သစ်စားပွဲတော် (Chavang Kut) မကျင်းပမှီ စော်ဘွားများ၊ သူကြီးများနှင့် ဒေသခံအကြီးအကဲများက နယ်မြေဒေသကို လည်းကောင်း၊ ရပ်ရွာကျေးရွာများကို လည်းကောင်း၊ ရေတွင်းရေကန် အရပ်ဘက် လေးမျက်နှာ၊တောတောင်ရေမြေများကိုဘေးအန္တရာယ် မကျရောက် စေလိုခြင်းကြောင့် နတ်ပူဇော်ခြင်းများကို ပြုလုပ်လေ့ ရှိပါသည်။
ထို့နောက် အမှုပြသနာများ၊ရန်ညိုးရန်ထားများ၊လူမှုရေး မပြေလည် မှုများ၊ အမျိုးမျိုးသော ပြဿနာကြီးငယ်များကိုလည်း အပြီးအစီး ပြုလုပ်ဆောင်ရွက်လေ့ရှိပါသည်။ ထို့ကြောင့်အရှုပ်အရှင်းမရှိအေးချမ်းစွာ ကျင်းပရပါသည်။
Chavang Kut ပွဲတော် ကျင်းပမည့်နေ့ရက် ရောက်လာသောအခါတိုင်း အိမ်တိုင်းစေ့မှ မိမိ၏ရိပ်သိမ်းထားသော အဦးဆုံးသော အသီးအနှံများကို အသီးသီး ယူဆောင်လျှက် စော်ဘွားသူကြီး၏ ကွက်ပျစ်ပေါ်သို့တင်ထားကာ နတ်ဆရာမှပူဇော်ကန်တော့ပွဲ ပြုလုပ် ရပါသည်။ ထိုနည်းတူစွာအိမ်ထောင်ရှင်မများမှလည်းမိမိတို့၏ခေါင်ရည်အိုးများနှင့် မုန့်များကိုလည်း အသီးသီး ယူဆောင်လျှက်ပျော်ပျော်ပါး ပါး ပွဲတော်ကိုကျင်းပကြပါသည်။
ထိုပွဲတော်ကျင်းပသည့်နေ့ရက်များတွင် အပျို၊ လူပျို၊ လူငယ် မောင်မယ်များအားလုံး ရိုးရာဓလေ့၊ ယဉ်ကျေးမှု၊အားကစားနှင့် အက များ ပြုလုပ်လေ့ရှိပါသည်။
ယ္ခုခေတ်နောက်ပိုင်းတွင် နိုင်ငံအနှံ့အပြား၊ ဒေသအနှံ့အပြား တွင်ပွဲတော်နေ့ရက်ကိုတစ်ချိန်တည်းကျင်းပနိုင်ရေးအတွက် အောက်တိုဘာလ(၃၁)ရက်နေ့နှင့်နို၀င်ဘာ(၁)ရက်နေ့များကို ပွဲတော် ကျင်းပသော နေ့ရက်များအဖြစ်သတ်မှတ်ကာ ပွဲတော်(Chavang Kut) ကို ကျင်းပလေ့ရှိပါသည်။
ချာဗန်းခုပ် (Chavang Kut) ပွဲတော်ကို ၁၈၈၃ခုနှစ်မှ စတင်၍ ကျင်းပခဲ့ကြသည်ဟုသိရှိရပါသည်။