ကယား ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ကယန်းနှစ်သစ်ကူးနေ့ (နတ်တော်လဆန်း (၁)ရက်နေ့)
Image

ကယန်းလူမျိုးတို့သည် ကရင်လူမျိုးအစုတွင် ပါဝင်သည်။ မြန်မာနိုင်ငံအတွင်းသို့ ကရင်လူမျိုးနှင့်အတူ ဝင်ရောက်လာခဲ့သည်။ သမိုင်းပညာရှင် "ဂျီအိပ်လု"နှင့် ဂျီအီးဟာဗေးတို့၏မှတ်တမ်းအရ ဘီစီ ၇၃၉ခုနှစ်က မြန်မာနိုင်ငံအတွင်းသို့နောက်ဆုံး ရောက်ရှိခဲ့ကြောင်း ဖော်ပြထားသည်။ကရင်လူမျိုးတို့၏ ခုနှစ်သက္ကရာဇ် ရေတွက်ရာတွင် ထိုဘီစီ ၇၂၉ နှစ်ကိုအခြေခံသတ်မှတ်ခဲ့သည်။ ကယန်းလူမျိုးတို့၏ သက္ကရာဇ်ကိုလည်း ကရင်လူမျိုးတို့၏ ခုနှစ်သက္ကရာဇ်နှင့် အတူတူ ပင်ဖြစ်သည်။ယခုနှစ်ရောက်ရှိအေဒီ၂၀၁၈ +ဘီစီ ၇၃၉ = ၂၇၅၇ သည် ကယန်းခုနှစ်သက္ကရာဇ် ၂၇၅၇ ခုနှစ်ဖြစ်သည်ဟု မှတ်ယူ ရပေမည်။

ကယန်းနှစ်သစ်ကူးနေ့သတ်မှတ်ခြင်း အကြောင်းသည် ယန်း လူမျိုးတို့၏ ၁၂ လရာသီတွင် "လ လနန့်" သည်နောက်ဆုံးဖြစ်သည်။ လ လနန့် ကုန်ဆုံးပြီးလျှင် ၁၂ လရာသီ၏ နှစ်တစ်နှစ် ပထမ ဦးဆုံး လသည် "လဆပရို" ဖြစ်သည်။ ထိုလဆပရို(၁) ရက်နေ့ မြန်မာ လ နတ်တော်လဆန်း (၁)ရက်နေ့သည် ကယန်းနှစ်သစ်ကူး ကျရောက် သည့် နေ့ဖြစ်သည်။ ထို့နေ့ကို  ကယန်းနှစ်သစ်ကူးနေ့အဖြစ်  ကယန်း စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီကသတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။