“အခြေခံစက်ချုပ်သင်တန်း” ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ် ဇွန် ၁၂
ရန်ကုန် 2025-06-16
Image

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူးကျင်းပသော “အခြေခံစက်ချုပ်သင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၁၂-၆-၂၀၂၅) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ နတ်ရေတွင်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း မိတ်ဆက်ခြင်း၊  တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများအကြောင်း အမုန်းစကားနှင့် အကြမ်းဖက်မှု ဖြစ်စေရန် လှုံ့ဆော်ခြင်းများ မဖြစ်ပေါ်စေရေး အကြောင်းအရာများနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ ကော့မှူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် (၂) ဦးမြင့်ဦးကလည်းကောင်း၊  လူမှုဝန်ထမ်း ဦးစီးဌာနမှ သင်တန်းနည်းပြက သင်တန်းနှင့်ပတ်သက်သည့် အကြောင်းအရာများအားလည်း ကောင်း  ရှင်းလင်းပြောကြားခဲ့ကြပါသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသူများအား အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခြင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခြင်းတို့ကို ပြုလုပ်ခဲ့ကြပါ သည်။ 

အဆိုပါ အခြေခံစက်ချုပ်သင်တန်းကို (၁၂-၆-၂၀၂၅) ရက်နေ့မှ (၁၂-၇-၂၀၂၅) ရက်နေ့အထိ (၁) လကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသူ (၂၀ ) ဦးတို့က တက်ရောက်သင်ကြားသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ 

Image
Image
Image
Image
Image
Image