လီဆူအမျိုးသားများသည် မြန်မာနိုင်ငံတွင် မှီတင်း နေထိုင်လျက်ရှိသော တိုင်းရင်းသားမျိုးနွယ် (၁၃၅)မျိုးထဲတွင် ပါဝင်သောလူမျိုးတစ်မျိုးဖြစ်သည်။မြန်မာနိုင်ငံတွင်လီဆူလူမျိုးဦးရေ(၅)သိန်းခန့်ရှိပြီးသမိုင်းနောက်ခံစကား၊ စာပေ နှင့်ယဉ်ကျေးမှုအပါအဝင် ထိုင်း၊ တရုတ်၊ အိန္ဒိယနှင့်အခြားသော ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပျံနှံ့နေထိုင်လျက် ရှိသည်။ လီဆူလူမျိုးများ၏ အရေးပါဆုံးလက်နက်မှာဒူးလေးဖြစ်သည်။လီဆူလူမျိုးတို့၏ဝတ်စားဆင်ယင်ပုံမှာ နေရာဒေသအလိုက် ကွဲပြားခြားမှုရှိသော် လည်း အခြေခံအားဖြင့် မြစ်ကြီး နားဝတ်စုံ၊ ပူတာအိုဝတ်စုံ၊ ဗန်းမော် လီဆူဝတ်စုံ၊ ရှမ်းပြည် နယ်မြောက်ပိုင်း လီဆူဝတ်စုံတို့သာရှိသည်။
လီဆူလူမျိုးတို့နေထိုင်ရာ တောင်ပေါ်ဒေသများ၏ ချမ်းအေးသော ရာသီဥတုကြောင့်လည်းကောင်း၊ မတ်စောက် သောမြေပြင် အနေအထားကြောင့်လည်းကောင်း၊ ရေဖြင့် စိုက် ပျိုးသော နည်းကိုအသုံးပြုခြင်း မရှိသလောက်နည်းပါး သည်။ မြေတစ်ကွက် အား (၁၀)နှစ်မှ (၂၀)နှစ် အတွင်းတစ်ကြိမ် လှည့် လည်ပြောင်းရွေ့ကာ အသုံးပြုရသော တောင်ယာစိုက်ပျိုး နည်းကိုသာ အားလုံးလိုလို လုပ်ကိုင်ကြသည်။ လီဆူလူမျိုး များသည် အဓိကအားဖြင့် ဆန်စပါးကို စိုက်ပျိုး ကြပြီး ပြောင်း၊ လူး၊ဆပ်နှင့်ပဲသီးများကိုလည်းစိုက်ပျိုး စားသောက်ကြသည်။ အထက်ပါအသီးအနှံများအပြင်လီဆူလူမျိုးတို့သည်“လာဂျစ်” ခေါ် ဂုံလျှော်ကြမ်းတစ်မျိုးကို စိုက်ပျိုးကာ ထိုဂုံလျှော်မှ အင်္ကျီ ချုပ်ရန် အဝတ်အထည်စများကို အိမ်တွင်းရက်ကန်းများ တွင် ရက်လုပ်ကြလေသည်။ လီဆူလူမျိုးတို့မှာ အထူးပင် တောလိုက် ကျွမ်းကျင်သူများ ဖြစ်ကြသည်။
လီဆူလူမျိုးတို့၏ လက်ထပ်မင်္ဂလာပြုခြင်း ဓလေ့မှာ လီဆူ ယောကျ်ားလေး တစ်ယောက်သည် မိန်းကလေး တစ်ယောက် အား သဘောကျခဲ့လျှင် ကြားမှ အောင်သွယ်တော် တစ်ဦးအား မိန်းကလေးမိဘထံ စေလွှတ်စေ့စပ်ခိုင်းရလေသည်။ တစ်ဖက်မှ သဘောတူခဲ့လျှင် တင်တောင်းရမည့်ပစ္စည်းအရေအတွက်နှင့်တင်တောင်းရမည့်ပစ္စည်းအချို့ကို စရံအဖြစ် ကြိုပေးထား ရသည်။ လက်ထပ်မင်္ဂလာပွဲကို သတို့သားဘက်မှ မိဘများပိုက်ဆံရွှင်သောအချိန်တွင်ကျင်းပလေ့ရှိသည်။လက်ထပ်ပြီး သောအခါ မိန်းကလေးသည် လင်ယောက်ျားအိမ်၌ သားဦးမွေးဖွားသည့် အချိန်အထိ လိုက်၍နေရလေသည်။ သားဦးမွေး ပြီးမှသာ အိမ်သစ်ဆောက်၍ တစ်အိုးတစ်အိမ် ထူထောင်ရ လေ သည်။ လီဆူလူမျိုးတို့၏ လက်ထပ်မင်္ဂလာပြုခြင်း ဓလေ့ထုံးစံ တို့မှာလည်း ဒေသအလိုက် ကွဲပြား၍ သွားတတ်လေသည်။ ရှေးယခင်က လီဆူလူမျိုးအများစုမှာ နတ်ကိုးကွယ်သူများ ဖြစ်ကြ သည်။ သို့သော်နတ်ကိုးကွယ်မှုမှာ ကြီးကြီးကျယ်ကျယ် မဟုတ်သလို နတ်များလည်းဦးရေ မများပေ။ ရွာပြင်များတွင် လည်း နတ်စင်များ ဆောက်လေ့မရှိပါ။ ဝါးကွပ်ပျစ်ကလေး များ ဆောက်၍သာ ယဇ်ပူဇော်လေ့ရှိသည်။ ယခုအချိန်တွင် ခရစ်ယာန်ဘာသာဝင်အဖြစ် အများစုပြောင်းလဲ ကိုးကွယ်လာ ကြပြီး ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်မှုများလည်း ရှိကြသည်။လီဆူလူမျိုးတို့သည် တစ်ဦးနှင့်တစ်ဦးချစ်ခင်ရင်းနှီး သည့်သဘောနှင့် ပါးစပ်ချင်းတေ့ကာ ခွက်တစ်ခွက် တည်း တွင် အရက်သောက်သည့် ထုံးစံတစ်ခုရှိသည်။ မိန်းမချင်း၊ ယောက်ျားချင်းများသာမက မိန်းကလေးနှင့် ယောက်ျားလေး လည်း တစ်ဦးကိုတစ်ဦး ရင်းနှီးသောသဘောနှင့် ဤကဲ့သို့ ပါးစပ်ချင်းတေ့ကာ တစ်ခွက်တည်းမှ အရက်သောက်လေ့ ရှိကြသည်။ ဤထုံးစံကို “ချစ်သောက်ပွဲ” (Drink Of Love) ဟူ၍ ခေါ်ဝေါ်နိုင်သည်။ သို့သော်ယခုချိန်တွင် ခရစ်ယာန် ဘာသာဝင် လီဆူလူမျိုးများသည် အရက်သောက်ခြင်းမှ ရှောင် လာကြသည်ကို တွေ့ရသည်။
လီဆူလူမျိုးတို့တွင် ကြိုးဖြင့်တပ်၍ တီးမှုတ်ရသည့် တူရိယာဖြစ်သည့် မယ်ဒလင်သဏ္ဍာန်တူသော တူရိယာ တစ်မျိုးရှိသည်။ လီဆူဘာသာဖြင့် “ကြည်ဖွဲ”ဟုခေါ်သည်။ ၎င်းတူရိယာအပြင် လီဆူတို့အသုံးပြုသော တူရိယာများမှာ “မောင်း”ခေါ် (ပါးစပ်ဖြင့်ကိုက်၍ တီးမှုတ်ရသော တူရိယာ တစ်မျိုး)၊ “ကြွေလှီ”ခေါ် ပုလွေရှည်နှင့် ထူလီထူဟုခေါ်သော ပုလွေတို့ဖြစ်ကြသည်။ အထက်ပါ တူရိယာများကို တီးမှုတ်ရင်း ယောက်ျား၊ မိန်းမ မျက်နှာချင်းဆိုင်၍ တန်းစီကာ တီးကွက် အလိုက် ခြေပြောင်း၍ ကကြရသည်။ ယင်းအကကို လီဆူဘာသာဖြင့် “ချဲငိုချဲ”အကဟုခေါ်သည်။ ၎င်း “ချဲငိုချဲ” အကမှာ လီဆူတို့၏ တိုင်းရင်းသားအကဖြစ်ပြီး လီဆူ လူမျိုးတို့ အများစုရှိသော နေရာတိုင်းတွင် “ကြည်ဖွဲ” မယ်ဒလင်သံ တဒန်ဒန်နှင့်ကလေ့ရှိသည်။ထိုအကတွင်ကကွက်အမျိုးပေါင်း (၅၀)ခန့်ရှိသည်။ ထိုအကကို လက်ထပ် မင်္ဂလာပွဲ၊ ရိုးရာ ပွဲတော်များ ပျော်ပွဲရွှင်ပွဲများ ကျင်းပသောအခါ၌ ကလေ့ရှိ သည်။ ဤအကများအပြင် လီဆူမိန်းမနှင့် ယောက်ျား တစ်ဦး နှင့်တစ်ဦး စကားထာဝှက်၍ သီဆိုလေ့ရှိကြသော သီချင်းကြီးများလည်းရှိကြသည်။အထက်ဖော်ပြပါကြိုးတပ်နှင့် ပါးစပ်မှုတ်တူရိယာများကို အသုံးပြု၍ တီးမှုတ်လေ့ရှိကြသဖြင့် ၎င်း တူရိ ယာတို့၏တေးသံများမှာ သာယာနာပျော်ဖွယ်ရှိသည်။
“အားမိုးဂျီ”ပုလွေတူရိယာသည် လီဆူရိုးရာတူရိယာ တစ်ခုတွင်ပါဝင်သည်။ အားမိုးဂျီ ပုလွေကို“ဘူးသီး၊ ဝါး၊ ပျား ဖယောင်း၊ ပြောင်းဆံရိုး၊ အပ်ချည်ကြိုးနှင့် ကြေးပြားများ” ဖြင့် ပြုလုပ်ထားပါသည်။ ဘူးသီးအကြီး၊အသေးအပေါ်ကွဲ၍ အသံ ကွဲပြားသည်။အားမိုးဂျီပုလွေကိုမှုတ်ပြီးစည်းချက်ညီညီလီဆူ ရိုးရာအကဖြစ်သည့် “ကွာချဲ” အကဖြင့်နှစ်သစ်ကူးပွဲတော်၊ အိမ် သစ်တက်ပွဲ၊ မင်္ဂလာဆောင်ပွဲများတွင်လည်းဝိုင်းဖွဲ့ကာ တူစုံ က သည့်နေရာတွင် အသုံးပြုကြသည်။ လီဆူလူမျိုး တို့သည် ကလေးကင်ပွန်းတပ်ခြင်းနှင့် ပတ်သက် ၍ မိမိနေသော နေရာဒေသအလိုက် အနည်းငယ်စီကွဲပြားသော ဓလေ့လည်း ရှိသည်။ သမီးလော သိရှိနိုင်သည်။
လီဆူလူမျိုးများ၌ ကြီးစဉ်ငယ်လိုက် ကလေးအား နာမည်ပေး သောဓလေ့ရှိသည်။ ထို့ကြောင့် ထိုနာမည်ကို ထောက်၍ ထိုသားနှင့်သမီးသည်ပထမ သား/သမီး လော၊ ဒုတိယသား/ ရှေးအခါကတည်းကလီဆူလူမျိုးများသည် ကျေး ရွာ တည်ဆောက်မည်ဆိုပါက နေရောင်ခြည်ကောင်းစွာ ရရှိ နိုင်သောနေရာ၊ရေကောင်းရေသန့်၊စိမ့်ရေ၊စမ်းရေပေါများသောဒေသများကိုသာ ရွေးချယ်ပြီး ရွာတည်လေ့ ရှိသည်။ ရွံ့ဗွက်ထူသော နေရာများတွင် ရွာတည်လေ့မရှိပေ။ အဖျား အနာထူမည်၊ အသေအပျောက်များမည်ဟူသော အယူအဆ ရှိသည်။ ထို့ကြောင့်လီဆူလူမျိုးများသည် ရှေးယခင်ကအလွန် မြင့်သောတောင်ထိပ်၊ တောင်စွယ်များ တွင်သာ ရွာတည်လေ့ ရှိကြသည်။
လီဆူတို့သည် စာပေမရှိစဉ်ကတည်းက ရာဇဝင် တစ်လျှောက် သမိုင်းနှင့်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအမွေ အနှစ်များကို မျိုးဆက်တစ်ခုမှ တစ်ခုသို့ နှုတ်တိုက် လက်ဆင့်ကမ်း ဆက်လက်ထိန်းသိမ်း လာခဲ့ကြသည်။ ယခုအခါ ထိုရာဇ ဝင်သမိုင်းနှင့် ယဉ်ကျေးမှုဓလေ့များကို စာတစ်စောင် ပေတစ် ဖွဲ့အဖြစ် မှတ်တမ်းတင် ထိန်းသိမ်းရန် လိုအပ်သည်ဟု လီဆူ လူမျိုးများအားလုံး တူညီသဘော ထားရှိခဲ့ကြသည်။