ကချင် ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

မနောပွဲတော်
Image

မနော (Manau) ဖြစ်ပေါ်လာပုံကို ပြောရမည် ဆိုလျှင် ကမ္ဘာမြေရေလွှမ်းသော ကပ်ဘေးကာလကို ထည့်ပြောရပါလိမ့် မည်။ ပထမကမ္ဘာဦးလူသားတို့သည် ဘုရားမရှိ၊ တရားမသိ၊ ဆိုးမိုက်၊ ယုတ်မာနိုင်ထက်စီးနင်း၊ ဖိုမကိစ္စမှာ မိသားစုစည်းမထား အကျင့် စရိုက်ကို ပြုပြင် ၍ မရလောက်အောင် ရိုင်းစိုင်းလာသောအခါ လူသား အမှိုက်များကို ရှင်းလင်းရန်အတွက် ကမ္ဘာမြေရေလွှမ်း သော ကပ်ဘေးဆိုက်ရောက်လာခြင်းဖြစ်သည်ဟု ဆို သည်။


ထိုအခါ ကင်ဆိုင်းရှဘရန်နှင့် ဖုန်ဒင့်ကိုင်နန် (Kinseng shabrang hte hpung dim kai Nang) တို့ အဝန်ကြိမ်  (Awang chying) ခေါ် မိုးနတ်သားတို့ အသုံး ပြုသောစည်ကြီးတွင် ခိုအောင်း၍ ရေလွှမ်းခြင်းကပ်ဘေး မှ လွတ်မြောက်ကြသည်ဟု ဆိုသည်။


ထိုသို့ရေဘေးမှ လွတ်မြောက်လာသော ကင် ဆိုင်းရှဘရန် (Kinseng shabrang) နှင့်ဖုန်ဒင့်ကိုင်နန့် (Houng kai Nang) တို့ကို မထွမ်မထမိုးနတ်ပြည် (Lamu madai ga) မှာခိုလှုံခွင့်ပေးထား၍စောင့်ရှောက် ထားကြသည်။ ထိုသို့ခိုလှုံနေစဉ် မိုးနတ်သား (Lamu madai) တို့ မို့နောပွဲ (Mu Nau poi) ကျင်းပကြသည်ကို မြင်တွေ့ခဲ့ကြသည်။


ကင်ဆိုင်းရှဘရန် (Kinseng shabrang) နှင့် ဖုန် ဒင့်ကိုင်နန့် (Hpung dim kai Nang) တို့သားသမီး၊ မြေး၊ မြစ်များ ထွန်းကား၍ လူသားမျိုးနွယ်တို့ တဖန် များ ပြား လာသောအခါကမ္ဘာမြေရေလွှမ်းမိုးခြင်းကပ်ဘေးမှ လွတ် မြောက်သော အထိမ်းအမှတ်နှင့် ကမ္ဘာမြေ သာယာဝ ပြောလာစေရန်ကောင်းချီးတောင်းခံသောအားဖြင့် မနော ပွဲ ကျင်းပကြသည်။ ထိုသို့မနောပွဲကျင်းပသောအခါ မိုး နတ်ပြည်မှနောရှောင်(Naus hawng)ခေါ်အကဦးဆောင် သူတို့ကို ပင့်ခေါ်၍ ကျင်းပကြသည်။ 


ထို နောရှောင်(Nau shawng) များမှာ ဆိုး နေန်လောင်(Sunen Lawng) ခေါ် ဝတ်ရုံရှည်ကိုဝတ်၍ ကြွလာကြသည်။


ဆိုးနေန်လောင်(Sunen Lawng) ဝတ်ရုံသည် ပျံ သန်းနိုင် သော အစွမ်းရှိသည်ဟု ဆိုသည်။ 


ကင်ဆိုင်းရှဘရန် (Kinseng shabrang) နှင့်ဖုန် ဒင့်ကိုင်နန့် (Hpung dim kai Namg)တို့ ကျင်းပသော မနောပွဲသည် ဦးဆုံးကျင်းပသောပွဲဖြစ်၍ မိုးနတ်ဆီမှ အမွေရသော မနောပွဲ(Manau poi) ဖြစ်သည်။ ထိုသို့ မနောပွဲကျင်းပသောနေရာမှ ရှိန်ရာဝါ့ယန်ဂါး (Shingri wayang ga)တွင် ကျင်းပကြသည်။


ဒုတိယကျင်းပသော မနောပွဲမှာ ရှပေါင်ရော်ဂျိန့် မန် (Shapawng yawng Jing mang)နှင့် ဂျာဆိုင်းမဂျန် (Jaseng Majan)တို့ ကျင်းပသောပွဲဖြစ်သည်။ ထိုမနောပွဲ တွင်လည်း မိုးနတ်ပြည် (Lamu madai ga) မှ နောရှောင် များကို ပင့်ခေါ်ကြ၍ ဆိုးနေန်လောင် (Sunen Lawng) ခေါ်ဝတ်လုံရှည်ကို ဝတ်ပြီး ဦးဆောင်ကျင်းပကြ သည်ဟု ဆိုသည်။ ထိုမနောပွဲမှ မိုးနတ်ပြည်(Mu ga)မှ အမွေရ သော ပွဲဖြစ်၍ မို့နော(Mu Nau)ဟု ခေါ်သည်။


တတိယကျင်းပသော မနောပွဲမှာ ဂျာဝါရွမ်ဂျာ (Jawa Rumja)နှင့် မဒိုင်မာဖရော်ငါ(Madaima Hprawnga) တို့ ကျင်းပ သောပွဲ ဖြစ်သည်။ ၎င်းပွဲတွင် ဦးဆောင်သော နောရှောင်(Nau shawng) မှာ မာဒိန့် ယော်(Ma Dingyau) ဖြစ်သည်ဟု ဆိုသည်။ 


မာဒိန့်ယော်(Ma Dingyau)သည် မဂဓဘာသာ စကား တတ်ကျွမ်းသူဖြစ်၍ ကျေးငှက်များ ပြောဆိုနေ သော စကားများကို နားလည်သည်။ သို့ဖြစ်၍ နွမ်ရှန် (Num shang) ခေါ် ရွာအဝင်က ညောင်ပင်မှ    ညောင် သီး လာစားကြသော ကျေးငှက်အပေါင်းတို့ အချင်းချင်း ပြောဆိုကြသောစကားကို စားသုံးသောအခါ သီးနှံပေါများ 

ကြွယ်ဝသော အထိမ်းအမှတ် ဆွတ်မနော(Sut Manau) အဖြစ် ကျင်းပ၍ တညီတညွှတ်တည်းစားသုံးရန် သဘော တူကြသည်။

ထိုညှောင်သီးစားပွဲ ဆွတ်မနော(Sut Manua)တွင် အောက်ချင်း ငှက်က မနောပိုင်ရှင်တာဝန်ယူပြီး 

ငှက်မင်းခေါ် အမြီး နှစ်ခွနှင့် ငှက်တောငှက်က အက ဦးဆောင်သူ နောရှောင် (Nau shawng) တာဝန်ယူသည်၊ အသံကောင်းသော တောခိုစိမ်းငှက်က မနောအလင်္ခါ ရွတ်ဆိုသောဂျိုယ်ဝါ(Joi wa) စသဖြင့် တာဝန်ကိုယ်စီ ခွဲယူကြပြီး ပျော်ပျော်ပါးပါး ကျင်းပ၍ စားသုံးသည်ဟု ဆိုသည်။ ညောင်သီးလာစားသော ငှက်များ ဝိုင်းပတ်ပျံဝဲ ပုံများကိုနမူနာယူပြီး မာဒိန့်ယော်က ဦးဆောင်၍ မနောပွဲ ကို ကျင်းပကြသည်ဟုဆိုသည်။ထိုမနောပွဲတွင် ယခင် မိုးနတ်ပြည်မှ ဝတ်ရုံအစား သိုးမွေး၊  ချည်နှင့် ပိုးချည်နှော၍ ယှက်လုပ်ထားသော ယန်ဖော်လောင် (Yang hpaulawng) ခေါ် ဝတ်ရုံရှည်ကို ဝတ်ပြီးမနောကသည်ဟုဆိုသည်။ ထိုမှ ကချင်ဂျိန်းဖော့ များ မနောပွဲကို ဆက်တိုက်ကျင်းပလာခြင်း ဖြစ်သည်။

မနောပွဲကျင်းပရာတွင် ရည်ရွယ်ချက်ကိုလိုက်၍ မနော အမျိုးအစားအမျိုးမျိုး ကျင်းပကြရာ(၁) ဆွတ်မနော (Sut Manau)

(၂) ပဒန်မနော (Padaung Manau)

(၃) ဂျုမနော (Ju Manau)

(၄) ကွမ်ရန်းမနော (Kumran Manau)စသည် ဖြင့် ကျင်းပ ကြသည်။

(၁) ဆွတ်မနော (Sut Manau)ဆိုသည်မှာ စီးပွားဥစ္စာ ကြွယ်ဝချမ်းသာ သောအခါ ကျင်းပသော မနောပွဲ ဖြစ်သည်။

(၂) ပဒန်မနော (Padang Manau)မှာ စစ်ကို အောင်နိုင်သောအခါကျင်းပသောမနောပွဲဖြစ်သည်။

(၃) ဂျုမနော (Ju Manau) မှာ အသက်ကြီး သော မိဘ၊ အဖိုး၊ အဖွား သေဆုံးသော အခါ ကျင်းပသောမနောပွဲ ဖြစ်သည်။

(၄) ကွမ်ရန်းမနော (Kumran Manau) မှာ မိသားစုထဲမှာ သားသမီး၊ ညီအစ်ကိုတို့ အိုးအိမ်ခွဲခွာ နေထိုင်ရန် ပြင်ဆင်သော အခါ နှုတ်ဆက်သော အထိမ်းအမှတ်ဖြင့် ကျင်းပသော မနောပွဲဖြစ်သည်။

မနောပွဲကျင်းပရာတွင်တဦးတယောက်ကကျင်းပ သော မနောပွဲနှင့် စုပေါင်း၍ ကျင်းပသော မနောပွဲဟူ၍ (၂)မျိုး ရှိသည်။

တဦးတယောက်ချင်း ကျင်းပသော မနောပွဲမှ (၁)ဆွတ်မနော  (Sut Manau)၊ (၂) ပဒန်မနော(Padng Manau) စော်ဘွားတစ်ဦးနှင့်တစ်ဦး တိုက်ခိုက်၍ အောင် နိုင်ရာတွင် ကျင်းပသော မနောပွဲ၊ (၃) ဂျုမနော (Ju Manau)၊ (၄) ကွမ်ရန်းမနော (Padang Manau) စသည် တို့ဖြစ်သည်။

စုပေါင်း၍ ကျင်းပသောမနောပွဲမှာ (၁) ဆွတ် မနော(Sut Mamau) (၂) ပဒန်မနော (Padang Mamau) တို့ဖြစ်သည်။

မနောပွဲကျင်းပရန် အခွင့်ရှိသူတို့မှာ (၁) နယ်မြေ ပိုင်ဆိုင်စော်ဘွားများ၊ (၂) မနောအမွေရရှိသူများ (၃) စော်ဘွားများထံ (သို့) မနောအမွေရထားသူများထံ ခွင့် တောင်း၍ ခွင့်ပြုထားသူများ မနောပွဲ ကျင်းပခွင့်ရှိသည်။

စုပေါင်းမနောပွဲ ကျင်းပရာတွင် နယ်မြေပိုင်ဆိုင်သူ စော်ဘွား(Duwa)နှင့် မနောအမွေ(Manau ginhtawng) ရထားသူများက မနောပိုင်ရှင်အဖြစ် တာဝန်ယူရသည်။


ဥပမာ- ၁၉၄၆ ခုနှစ်က စီတာပူမနောကွင်းတွင် ကျင်းပ သော ဂျပန်စစ်အောင်နိုင်သော ပဒန့်မနော (Padang Manau)နှင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် -ကျင်းပသော ကချင်ပြည်နယ်နေ့ မနောပွဲတွင် လထော် ဆနာ မဒေါ့ဒူဝါ ရှအိုအင်မရော်(Lahtaw sana Mahkaw Duwa    shu u Nhprau)က မနောပိုင်ရှင်အဖြစ် တာဝန် ယူရခဲ့သည်။ နောက်ပိုင်းတွင် ကျင်းပသော မနောပွဲမှာ ရှဝါမနော (Shawa Manau)သာ များလာသည်။ ဤသို့ ဖြင့် ကချင် (ဂျိန်းဖော့) တို့ ကျင်းပသော ရိုးရာမနောပွဲမှာ မထွမ်မထာမူ့ဂါး (Mahttum mahta mu ga) မိုးနတ် ပြည်မှ အမွေရခဲ့သော မနောပွဲဖြစ်၍ မို့နောဟု ခေါ်ခြင်း ဖြစ်သည်။(၁) မနောတိုင်များ၏အဓိပ္ပာယ်နှင့် မနောတိုင်ရှိ ရုပ်ပုံ များ၏ အဓိပ္ပာယ်ရှင်းလင်းချက်

ရှေးအခါက ကချင်လူမျိုးတို့သည် နတ်ကောင်း နတ်မြတ် နတ်မင်း(၆)ပါးကို ပူဇော်ပသပြီး  မနောတိုင် များ စိုက်ထူ၍ မနောပွဲ ကျင်းပလေ့ရှိခဲ့ကြပါသည်။ တည့် မတ်စွာ စိုက်ထူထားသော မနောတိုင် (၆)တိုင်သည် အဆို ပါ နတ်မင်းတစ်ပါးစီကို ကိုယ်စားပြု၍ စိုက်ထူထား ခြင်းဖြစ်ပါသည်။

(က) တည့်မတ်စွာ စိုက်ထူထားသော မနောတိုင် (၆) တိုင်အနက်၊ မနောတိုင်များ၏ အောက်ခြေရှိ အောက်ချင်းငှက်၏ အမြီး ဘက်မှ ရေတွက်သော် ပထမတိုင်သည်       အလယ်ဗဟိုမှ (၂)တိုင်ထက် ပိုနိမ့်သည်။ ၎င်းတိုင်ကို အမတိုင်ဟုခေါ်၍ အဖျား ခွက်သည်။ (မြေနတ်မင်း)ကို ကိုယ်စားပြုသည်။

(ခ) ဒုတိယတိုင်သည် အမတိုင်နှင့် အမြင့်ချင်းတူပြီး အဖိုတိုင် အငယ် ဟုခေါ်၍ အဖျားခုံးသည်။ Mahtum Mahta Shalap Gam (မထွမ်မထရှ လပ်ဂမ်နတ်မင်း) ကို ကိုယ်စားပြုသည်။

(ဂ) တတိယတိုင်သည် အခြားလေးတိုင်ထက် မြင့်ပြီး အမတိုင် အကြီးဟုခေါ်၍ အဖျားခွက်သည်။ Jan Nat(နေနတ်မင်း)ကို ကိုယ်စားပြုသည်။

(ဃ) စတုတ္ထတိုင်သည် တတိယတိုင်နှင့် အမြင့်ချင်း တူပြီး အဖိုတိုင် အကြီးဟု ခေါ်၍ အဖျားခုံးသည်။ Shata Nat(လနတ်မင်း)ကို ကိုယ်စားပြုသည်။

(င) ပဉ္စမတိုင်သည် ပထမ၊ ဒုတိယတိုင်များနှင့် အမြင့် ချင်း တူသည်။ အမတိုင်အငယ်ဟု ခေါ်ပြီး အဖျား ခွက်သည်။ Hta Wa Mahtang Nat(ထဝါမထန် နတ်မင်း)ကို ကိုယ်စား ပြုသည်။

(စ) ဆဌမတိုင်သည်လည်း ပဉ္စမတိုင်နှင့် အမြင့်ချင်း တူသည်။ အဖိုတိုင်အငယ်ဟုခေါ်ပြီး အဖျားခုံး သည်။ Lamu Madai Nat (လမူမဒိုင်နတ်မင်း) ကောင်းကင်နတ်ကို ကိုယ်စား ပြုသည်။

(၂) မနောတိုင်များ၏ အောက်ခြေရှိ အောက်ချင်း ငှက်ပုံနှင့် ပတ်သက်သောရှင်းလင်းချက်များ-

(က) အောက်ချင်းငှက်ပုံ(Hkungrang U)ပုံကို Dung Bye (ဒုံဗျဲ့) ဟုခေါ်သည်။ အောက်ချင်းငှက်ပုံကို အသုံးပြုခြင်းမှာ အောက် ချင်းငှက်သည် ယခင် က လူသားတို့၏မနောပွဲ မရှိမီ အချိန်က ငှက်များ ၏မနောပွဲတွင်မနောပွဲကို ဦးစီးဦးဆောင် တာဝန် ယူခဲ့သည်ကို အမှတ်ရစေရန်အတွက် ၎င်း၏ပုံကို အသုံးပြု ခြင်းဖြစ်ပါသည်။

(ခ) အောက်ချင်းငှက်တွင် ပါရှိသောရုပ်ပုံများနှင့် ပတ် သက်သော ရှင်းလင်းချက်များ-

မနောင်စည်တော်။ မနောင်စည်တော် (Manau  Chying) ကိုမနောင်ပွဲတွင်တီးခတ်ခြင်းသည်ပထဝီ မြေကြီးနှင့် နေ၊ လ၊ မိုးနတ်မင်းများကို ဂါရဝပြု ခြင်းနှင့် မနုဿလူသားများအတွက် ဥစ္စာဓန ပေါ ကြွယ်စေရန် အသုံးပြုခြင်းဖြစ်သည်။

Shagan (ကြယ်ပုံ)။ တည့်မတ်စွာ စိုက်ထူထား သော ဒုတိယတိုင် အောက်ခြေရှိ ကြယ်ပုံသည် သတ္တိ၊ ဗျတ္တိပြည့်စုံခြင်း၊ ကြယ်များကဲ့သို့ များပြား ခြင်း အဓိပ္ပာယ်ဆောင်သည်။

JAN(နေပုံ)။ နေပုံသည်နေနတ်မင်းကိုကိုယ်စား ပြုသည်။

SHATA(လ)။ လပုံသည် လနတ်မင်းကိုကိုယ်စား ပြုသည်။ လ၏အလင်းသည် လူသားများအား အေးမြခြင်းနှင့် သာယာစေခြင်း အဓိပ္ပာယ်ဆောင် သည်။

BAU(မောင်း)။ မောင်းသည် လူများ မနောပွဲ မရှိမီ ငှက် များ၏မနောပွဲတွင် (Chyau Gawing U) ခေါ် ငှက်မှမောင်း သံကဲ့သို့ မြည်တွန်ပေးခဲ့ရခြင်း ကို အမှတ်ရစေရန် အသုံးပြုခြင်းဖြစ်သည်။

(၃) မနောတိုင်တွင် ပါရှိသော အခြားသော ကနုတ် များ၊   သင်္ကေတများ၏ အဓိပ္ပာယ်ရှင်းလင်းချက်

မနောတိုင်များရှိမနောကကွက်ကနုတ်ပန်း ကွက် များမှ ပုံမှာ (KASHUN MAGYI) လက်ယာရစ်ဍ ရင်ကောက် ပုံဖြစ် သည်။ မနောအကကွက် တစ် ကွက်ဖြစ်သည်။ စည်းလုံးခြင်း နှင့် ကျစ်လစ် သိပ် သည်း သော ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းသည်။

မနောပွဲတွင် LAGOI LAP (ခေါ်) တောင်စဉ် ဖက် နှင့် LAJA LAP ခေါ် အပင်တစ်မျိုး၏ အရွက်ကို ခေါက်၍ ကိုင်ပြီး မနော အကကခဲ့ကြသည့် အစဉ် အလာကို ထိန်းသိမ်းသောအားဖြင့် SHING JEP MAKA (ခေါ်) ကနုတ်ဒီဇိုင်း ပုံကိုလည်း ထည့်သွင်း ရေးဆွဲထားပါသည်။

အမြှောက်လက္ခဏာ ပုံသဏ္ဍာန်ရှိ မနောတိုင် (၂)စုံကို (DUNG CHYAI) ဟုခေါ်ပြီး အောက်ချင်း ငှက်၏ ဦးခေါင်းဘက်မှ DUNG CHYAI တွင် မဒိုင် နတ်မင်းကို ပူဇော်မည့် ကျွဲပေါက်ကို ချည်ထား ရန်ဖြစ်ပြီး အမြီးဘက်မှ DUNG CHYAI တွင် ပုံပန်းသဏ္ဍာန်အလှဆုံး အကြီးဆုံးဖြစ်သည့် SUT WA HKUM SI (ကျောက်ဖရုံသီး)တစ်လုံးကို ကျွဲ ချည်သကဲ့သို့ ချည်နှောင်ထားရန်ဖြစ်သည်။ ၎င်း ကျောက် ဖရုံသီးကို (JOI WA)ခေါ် မဒိုင်နတ် ဟောဆရာမှ ထောမနာပြု၍ ခွဲလိုက်သောအခါ ထွက်လာသည့် အစေ့များကို ဝေပေးသည်။ ၎င်း အစေ့ ကို စိုက်ပျိုးသူသည်သားသမီးရတနာများ ထွန်းကား၍ကြီးပွားချမ်းသာလာမည်ဟု ယုံကြည် ကြသည်။