ကချင် ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ကချင်တိုင်းရင်းသားလူမျိူးနွယ်စုများ၏ ကြီးစဉ်ငယ်လိုက် အမည်နာမခေါ်ဆိုမူများ
Image

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပထဝီဝင်အနေအထားအရ မြောက်ဘက်ပိုင်းတွင်တည်ရှိသော ကချင်ပြည်နယ်တွင် ကချင်၊ ရှမ်း၊ ဗမာနှင့် အခြားတိုင်းရင်းသားတို့သည် ရှေးယခင်ကတည်းကပင် အတူတကွ စည်းလုံးညီညွတ်စွာ မှီတင်းနေထိုင်လာခဲ့ကြပါသည်။ ကချင်ပြည်နယ်တွင်နေထိုင်သော ကချင်တိုင်း ရင်းသား မျိုးနွယ်စုတို့တွင် ဂျိန်းဖော၊ လာချိဒ်၊ လော်ဝေါ်၊ လီဆူ၊ ရဝမ်နှင့် ဇိုင်ဝါး၊ ဟူသောမျိုးနွယ်စု(၆)စုရှိပြီး ရှမ်းမျိုးနွယ်စုတို့တွင် တိုင်းလုံ၊ တိုင်းလေ၊ တိုင်းဆာ၊ တိုင်းလိုင်နှင့် တိုင်းခန္တီးဟူ၍ မျိုးနွယ်စု(၅)စု အသီးသီးရှိကြပါသည်။ ကချင်တိုင်းရင်းသား မျိုးနွယ်စုများတွင် ရိုးရာဓလ့ထုံးတမ်း၊ စာပေ၊ ယဉ်ကျေးမှုနှင့် အမည် နာမမှည့်ခေါ်ပုံတို့သည် မျိုးနွယ်စု တစ်ခုနှင့်တစ်ခု မတူညီကြပေ။ ယင်းတို့အနက် မျိုးနွယ်စု တစ်ခုချင်း၏ အမည်နာမမှည့်‌ခေါ်မှုများကို ဖော်ပြလိုပါသည်။