ချင်း ရိုးရာအစားအစာများ

ချင်းရိုးရာနွားနောက်သားသုပ် ( အဓိကအစားအစာ )

ပါဝင်ပစ္စည်းများ

၁။ နွားနောက်သားခြောက် (၃၀)သား

၂။ ဖက်ဖယ်ရွက် (၁) စည်း

၃။ ဂျင်း အနည်းငယ်

၄။ ကြက်သွန်ဖြူ (၂) လုံး

၅။ သံပုရာသီး (၂) လုံး

၆။ ငရုတ်သီးစိမ်း (၁၅) တောင့်

၇။ ဆား အနည်းငယ်


ချက်ပြုတ်နည်း

          ရှေးဦးစွာ အိုးထဲသို့ နွားနောက်သားခြောက်ကို ရေဖုံးရုံထည့်ကာ နွားနောက်သားညှီနံ့ ပျောက်အောင် ဂျင်းကိုထောင်းပြီး ထည့်ပြုတ်ထားရပါမည်။ ပြုတ်ထားစဉ် ငရုတ်သီးစိမ်း၊ ဂျင်းတို့ကို ထောင်းထားပါ။ ထို့နောက် ကြက်သွန်နီ၊ ဖက်ဖယ်ရွက်၊သံပုရာသီးတို့ကို ပါးပါးလေး လှီး ထားရပါမည်။ နွားနောက်သားနူးလာပြီဆိုပါက အအေးခံ၍ အနည်းငယ်ထောင်းပြီး မွရပါ မည်။ နွားနောက်သားမွသွားပါက အသင့်ပြုလုပ်ထားသည့် ပန်းကန်လုံးထဲကို မွထားသည့် နွားနောက်သားနှင့် အသင့်ပြုလုပ်ထားသည့်ပစ္စည်းများကို ရောပြီးသုပ်ပါ။ ထိုအခါ အချိန် အခါမရွေး စားသုံးနိုင်ပြီး အနံ့အရသာနှင့်ပြည့်စုံသည့် ချင်းရိုးရာ နွားနောက်သားဟင်းကို ရရှိမည်ဖြစ်ပါသည်။