ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာဆိုင်ရာအချက်အလက်များ
၁။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် “ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေး ပညာသင်တန်းစင်တာ” တွင် ဒေသခံတိုင်းရင်းသားများအတွက် သက်မွေးပညာသင်တန်းများ ဖွင့်လှစ်ခြင်းနှင့် တိုင်းရင်းသားရေးရာ နှီးနှောဖလှယ်ပွဲများကို နှစ်စဉ် ဆောင်ရွက်လျှက် ရှိပါသည်။ စင်တာ၏ မြေအကျယ်အဝန်းသည် ၁.၀၂၆ ဧက ရှိပြီး ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် တည်ရှိပါသည်။
ရည်ရွယ်ချက်
၂။ “ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ” ကို အောက်ပါ ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော်တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်-
(က) ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ၏ လူမှု စီးပွားဘဝ တိုးတက်မြင့်မားစေရန်အတွက် အသက်မွေးဝမ်းကျောင်းပညာသင်တန်း များ ဖွင့်လှစ်ပို့ချပေးရန်၊
(ခ) တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို အချင်းချင်း ဖလှယ်နိုင်ရန်၊ တိုင်းရင်းသားဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုး ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထောက်အကူပြုစေရန်၊
(ဃ) မဲခေါင်ဒေသတွင်းနိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကို လျှော့ချရန်၊
စီမံကိန်းတန်ဖိုး
၃။ “ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ” ကို မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) ၏ ထောက်ပံ့ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၆၄၅၀၀ ၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေ(၂၀၂၂) ၏ ထောက်ပံ့ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၇၇၃၀၀၊ နိုင်ငံတော်ရန်ပုံငွေ ကျပ် ၇၈၅.၂၇၂ သန်း တို့ဖြင့် ဆောက်လုပ်ရေး လုပ်ငန်းများ ၊ စက်ပစ္စည်းနှင့် ပရိဘောဂများ ၊ သင်ထောက်ကူပစ္စည်းများကို ဖြည့်ဆည်းခဲ့ပြီး စုစုပေါင်း စီမံကိန်းတန်ဖိုးမှာ ကျပ် (၂၃၃၈.၅၁၈) သန်း ဖြစ်ပါသည်။
စင်တာရှိအဆောက်အဦများ
၄။ စင်တာတွင် ပင်မအဆောက်အဦ၊ အလုပ်ရုံအဆောက်အဦ၊ ထမင်းစားဆောင် စသည့် အဆောက်အဦများနှင့် အခြားဆက်စပ်လုပ်ငန်းများကို (၂၂-၈-၂၀၂၂) ရက်နေ့မှ စတင်ဆောက် လုပ်ခဲ့ပြီး (၂၀-၁-၂၀၂၄) ရက်နေ့တွင် ပြီးစီးခဲ့ပါသည် ။
ဖွင့်ပွဲအခမ်းအနား
၅။ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာဖွင့်ပွဲအခမ်းအနားကို ၇၅ နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းစင်တာဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည် ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Minister Counselor နှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်မှ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများမှ အရာထမ်းအမှုထမ်းများ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့တို့မှ တက်ရောက်ခဲ့ကြပါသည်။
ဖွင့်လှစ်မည့်သင်တန်းများ
၆။ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာတွင် နှစ်စဉ်ဖွင့်လှစ် မည့်သင်တန်းများမှာ အောက်ပါသင်တန်းများဖြစ်ပါသည်-
(က) သက်မွေးပညာသင်တန်းများ
(ကွန်ပျူတာသင်တန်း၊ မော်တော်ဆိုင်ကယ်ပြုပြင်သင်တန်း၊ ပန်းအလှပြင် သင်တန်း၊ အလှဖယောင်းတိုင်ပြုလုပ်နည်းသင်တန်း၊ မှို/ဝါး/ဇီဝမြေဩဇာနှင့် အာဟာရ ပြည့် တိရစ္ဆာန် အစာသင်တန်း)
(ခ) လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း
(ဂ) တိုင်းရင်းသားရိုးရာ အသုံးအဆောင်ပြုလုပ်နည်းသင်တန်းများ
(တိုင်းရင်းသားရိုးရာဝါးလက်မှုသင်တန်း/ ငှက်ပျောချည်တန်ဖိုးမြှင့်ထုတ်ကုန်
သင်တန်း/ရှမ်းစက္ကူပြုလုပ်နည်းသင်တန်း/အင်းသားရိုးရာကြာချည်သင်တန်း)
(ဃ) တိုင်းရင်းသားရိုးရာအစားအစာပြုလုပ်နည်းနှင့်ချက်ပြုတ်နည်းသင်တန်းများ (အခြေခံမုန့်မျိုးစုံထုတ်လုပ်နည်းသင်တန်း၊ အခြေခံစားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ )
ဖွင့်လှစ်ပြီးသင်တန်းများ
၇။ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာတွင် တိုင်းရင်းသား လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ (၅-၂-၂၀၂၄) ရက်နေ့မှ (၅-၈-၂၀၂၄) ရက်နေ့အထိ အောက်ပါသင်တန်းများကို ဖွင့်လှစ် ပို့ချပေးခဲ့ပါသည်-