၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်
Image

အသိပညာပေးခြင်း

(၁) ၉-၅-၂၀၂၃ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၌ ကျင်းပပြုလုပ်သော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားသို့ ဝန်ကြီး ဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြ ပါသည်။

(၂)   တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်ဆန်းစစ်စီမံခြင်း အစီအစဉ်ကို တိုင်းဒေသကြီး/ပြည်နယ်များတွင် (၅၃) ကြိမ်ဆောင်ရွက်နိုင်ခဲ့ပါသည်။

(၃) ၂၉-၁၁-၂၀၂၃ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သရုပ် ပြလေ့ကျင့်ခြင်း အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။

(၄) ကျောင်းသား/ကျောင်းသူ လူငယ်များအား အသိပညာမြင့်မားစေရေးအတွက်“ဗလငါးတန်နှင့်ပြည့်စုံသောကျောင်းသားလူငယ်များဖြစ်စေရေး အသိပညာပေးဟောပြောပွဲ” အစီစဉ်များကို တိုင်းဒေသကြီး/ပြည်နယ်များတွင် (၂၂) ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။

`


Image