သုတေသနလုပ်ငန်းများ
(က) “အစိုးရဌာနများမှ ဆောင်ရွက်လျက်ရှိသော သက်မွေးပညာသင်တန်းများနှင့်သင်တန်းကျောင်းများ” ခေါင်းစဉ်ဖြင့် စာအုပ်ထုတ်ဝေနိုင်ရေး အချက်အလက်များ စုစည်း ဆောင်ရွက်လျက်ရှိပါသည်။
(ခ) တိုင်းရင်းသားလူမျိုးများအနေဖြင့် သက်ဆိုင်ရာလူမျိုးအလိုက် အမည်ပေးခေါ်ဝေါ်ရာတွင် အမည်ရှေ့၌ ၎င်းတို့၏ ရိုးရာဓလေ့အရ ဝိသေသရှေ့ဆောင် စကားလုံးများ ထည့်သွင်း၍ ဖော်ပြခြင်းကို မှတ်တမ်းတင်သုတေသနပြု ဆောင်ရွက်ရန်အတွက် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူမျိုး(၉၉)မျိုး၏ ရိုးရာဓလေ့အရ အမည်မှည့်ခေါ်ရာတွင် ဝိသေသရှေ့ဆောင်စကားလုံးများ အသုံးပြုမှုဓလေ့စာရင်းများကို ကောက် ယူခဲ့ပါသည်။
(ဂ) တိုင်းရင်းသားလူမျိုးများအကြား အငြင်းပွားမှုများအား ဖြေရှင်းဆောင်ရွက်မှု ဆိုင်ရာ ဆွေးနွေးပွဲနှင့် ရိုးရာဖြတ်ထုံးများအား စုစည်းမှတ်တမ်းတင်ရေးလုပ်ငန်း စီမံချက်နှင့် ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် ညွှန်ကြား ရေးမှူးရုံးများမှ ပေးပို့လာသော တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာဖြတ်ထုံးများ ဆိုင်ရာ အမည်စာရင်းများ စုစုပေါင်း (၄၁) ခု ရရှိခဲ့ပါသည်။
(ဃ) စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးအနေဖြင့်“ရိုးရာအားကစားနည်းများ”ကို သုတေသနပြုစုစည်းထားရှိရန်အတွက် တိုင်းဒေသကြီးအတွင်းရှိ ကနန်းတိုင်းရင်းသားနှင့်နာဂတိုင်းရင်းသားတို့၏ ရိုးရာအားကစားနည်းနှင့် စပ်လျဉ်းသည့် အချက်အလက်များကို သက်ဆိုင်ရာတိုင်းရင်းသားများထံ ညှိနှိုင်းတောင်းခံလျက်ရှိပါသည်။
(င) ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာတွင် ဖွင့်လှစ်မည့် သင်တန်းများနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ကာလတိုသက်မွေးသင်တန်းများ၊ စက်မှုနှင့်အသက်မွေးပညာရွေ့လျားသင်တန်းများ၏ အချက်အလက်များအား ပြုစုထားရှိပါသည်။
(စ) ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာတွင် ကာလတိုသင်တန်းများဖွင့်လှစ်နိုင်ရေးအတွက် ငါးလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးသုတေ သန ဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့မှ ပေးပို့လာသည့် အချက်အလက်များကို စုဆောင်းပြုစုလျက်ရှိပါသည်။