လူမှုဘဝများမြင့်မားရေးအတွက်ဆောင်ရွက်ခြင်း
ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် တိုင်းရင်းသားလူမျိုးများနှင့် ၎င်းတို့၏ဒေသများ၌ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်လမ်းပန်းဆက်သွယ်ရေး စသည့်ကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်မှုရရှိ စေရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊ ဆက်စပ်ပတ်သက်သူများနှင့် ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ပေးခြင်းတို့ကို အောက်ပါအတိုင်း ဆောင်ရွက်နိုင်ခဲ့ပါသည်-
(၁) တိုင်းဒေသကြီး/ ပြည်နယ်ညွှန်ကြားရေးမှူးရုံးများနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ချိတ်ဆက်ဆောင်ရွက်လျက်ရှိသော တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ (၂၄၁) ဖွဲ့၏ (ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်) တရားဝင်မှတ်ပုံတင်ထားရှိမှု၊ မှတ်ပုံတင်လျှောက်ထားဆဲ၊ သက်တမ်းတိုးဆောင်ရွက်မှုအခြေအနေများကို ပြုစုဆောင်ရွက်လျက်ရှိပါသည်။
(၂) ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တိုင်းရင်းသားဘာသာစာပေသင်ကြားရေး အထောက်အကူပြု ဆရာ၊ ဆရာမများ (Teaching Assistant-TA) ၁၅၈၆ ဦး နှင့်တိုင်းရင်းသားစာပေသင်ဆရာ၊ ဆရာမ များ (Language Teacher-LT) ၁၉ ဦး၊ စုစုပေါင်း ၁၆၀၅ ဦး ခန့်ထားပေးနိုင်ရေးအတွက် (SOP)နှင့် အညီ စိစစ်၍ ပညာရေးဝန်ကြီးဌာနသို့ ညှိနှိုင်းဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။
(၃) ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ တိုင်းရင်းသား ဘာသာစာပေသင်ကြားရေး အထောက်အကူပြု ဆရာ/ မများ (Teaching Assistant - TA) ၃၁၂၄ ဦး နှင့် တိုင်းရင်းသားစာပေသင် ဆရာ/ မ များ (Language Teacher - LT) ၉၇ ဦး၊ စုစုပေါင်း ၃၂၂၁ ဦး တို့အား ခန့်ထားနိုင်ရေး ညှိနှိုင်းပေးပို့ခဲ့ပြီးဖြစ်ပါသည်။
(၄) နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟို အဖွဲ့အောက်ရှိ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးစီမံခန့်ခွဲမှုအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
(၅) ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် တိုင်းရင်းသားရိုးရာအိမ်များ ပြုပြင် မွမ်းမံခြင်း၊ နန်းမြှင့်မျှော်စင်ပြုပြင်ခြင်း၊ သရုပ်ပြဝန်ထမ်းအိမ်ရာ ပြုပြင်ခြင်း၊ အရာရှိဝန်ထမ်းအိမ်ရာ ပြုပြင်ခြင်း၊ သောင်တူးခြင်းလုပ်ငန်း၊ ရေပန်းအလှ တပ်ဆင်ခြင်းနှင့် သမင်ခြံနေရာတွင် ဝင်္ကပါပတ်လမ်းနှင့် ဝါးရုံတောလျှောက်လမ်းပြုလုပ်ခြင်းလုပ်ငန်များကို ၁၀၀% အကောင်အထည်ဖော်ဆောင်ရွက်ပြီးဖြစ်ပါသည်။
(၆) ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ကြောင့် ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးအဆောက်အဦ ပျက်စီးသွားသည့် အစိတ်အပိုင်းများအား မူလအနေအထားအတိုင်း ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းအား အကောင်အထည်ဖော်ဆောင်ရွက် ပြီးဖြစ်ပါသည်။ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် အသုံးပြုရန်အတွက် ကဇာတ်ရုံသုံးပစ္စည်းများ ဝယ်ယူဖြည့်တင်းပြီးဖြစ်ပါသည်။
(၇) ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် အသုံးပြုရန် လျှပ်စစ်ဘာဂီ Battery ဝယ်ယူခြင်းလုပ်ငန်းများအတွက် ရရှိထားသောရန်ပုံငွေအား မိုခါ မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး အဆောက်အဦအား ပြုပြင်ဆောင်ရွက်ရန် ရန်ပုံငွေလွှဲပြောင်း သုံးစွဲခဲ့ပြီးဖြစ်ပါသည်။
(၈) ၁၅-၇-၂၀၂၃ ရက်နေ့နှင့် ၂၀-၇-၂၀၂၃ ရက်နေ့တို့တွင် တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးအနေဖြင့် ကော့သောင်းမြို့နယ်နှင့် ကျွန်းစုမြို့နယ်အတွင်းရှိ ဆလုံတိုင်းရင်းသားလူမျိုး များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ထောက်ပံ့ငွေဖြင့် ဆလုံအိမ်ထောင်စု (၅၈၉) စုသို့ ဆန်နှင့်ဆီများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
(၉) တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၆၃,၅၀၀,၀၀ဝိ/- (ကျပ်ခြောက်ရာသုံးဆယ့်ငါးသိန်းတိတိ) ကို တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များသို့ ပေးအပ်ခဲ့ပါသည်-
(၁၀) တိုင်းရင်းသားလူမျိုးများ၏ လူမှုဘဝမြင့်မားရေးအတွက် သင်တန်းများဖွင့်လှစ် ဆောင်ရွက်ပြီးစီးမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းနှင့် အခြေခံကွန်ပျူတာသင်တန်း (ရခိုင်ပြည်နယ်) ၅၇ ဦး
(ခ) လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း၊ အခြေခံစက်ချုပ် သင်တန်း၊ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်း၊ အခြေခံမုန့်လုပ်နည်းပညာသင်တန်း(ကချင်ပြည်နယ်) ၆၄ ဦး
(ဂ) လက်တွေ့အသုံးချ ကွန်ပျူတာကျွမ်းကျင်မှုသင်တန်း၊ လူသုံး ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ အခြေခံစက်ချုပ်သင်တန်း၊ စိုက်ပျိုးရေးနည်းပညာသင်တန်းနှင့် စားသောက်ကုန်ထုတ်လုပ် မှုနည်းပညာသင်တန်း (ရန်ကုန်တိုင်းဒေသကြီး) ၂၉၆ ဦး
(ဃ) ရိုးရာဝတ်စုံနှင့်စက်ချုပ်အတတ်သင်တန်း၊ အခြေခံမော်တော်ဆိုင်ကယ်သင်တန်း၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အခြေခံဖုန်းပြုပြင်သင်တန်း (ဧရာဝတီတိုင်းဒေသကြီး) ၇၉ ဦး
(င) ရိုးရာဝတ်စုံနှင့်စက်ချုပ်အတတ်သင်တန်း၊ “လားဟူ”၊“ဓနု” နှင့် “တောင်ရိုး” တိုင်းရင်းသားရိုးရာ ဝတ်စုံချုပ်လုပ်နည်း သင်တန်း (ရှမ်းပြည်နယ်) ၁၀၅ ဦး
(စ) မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း၊ အခြေခံကွန်ပျူတာ သင်တန်း၊ Bakery & Snak အမျိုးမျိုးထုတ်လုပ်မှုနည်းပညာ သင်တန်း (ရှမ်းပြည်နယ် သက်မွေးပညာသင်တန်းစင်တာ) ၈၂ ဦး
(ဆ) လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (နေပြည်တော်) ၂၀ ဦး
စုစုပေါင်း တက်ရောက်သည့် (ဦးရေ) ၇၀၃ ဦး ဖြစ်ပါသည်။