၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်
Image

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်း 

(က) မူဝါဒနှင့်ဥပဒေလုပ်ထုံးလုပ်နည်းများရေးဆွဲပြဋ္ဌာန်းခြင်း

(၁) တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေ၂(စ)နှင့် နည်းဥပဒေ ၃၀ တို့အရ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် ဒေသများစာရင်း သတ်မှတ်နိုင်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ သဘောထားမှတ်ချက်များ ပြန်လည်ရရှိလာမှုအခြေအနေ၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ပယ်ဖျက်/ ပြင်ဆင်/ တိုးချဲ့ဖွဲ့စည်းမှုနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၏ (၂၀၁၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ) ထွက်ရှိပြီးဖြစ်သော အမိန့်ကြော်ငြာစာ များ၊ ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ) ထွက်ရှိပြီး ဖြစ်သော အမိန့်ကြော်ငြာစာများနှင့် တိုက်ဆိုင်စိစစ်၍ ဖွံ့ဖြိုးတိုးတက်မှု နည်းပါးသည့်ဒေသများစာရင်း ထုတ်ပြန်သတ်မှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ 

(၂) ၂၃-၅-၂၀၂၃ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေများစာအုပ် မြန်မာနှင့် တိုင်းရင်းသား ဘာသာ (၁၁) မျိုးအတွက် တစ်မျိုးလျှင် စာအုပ် (၅) အုပ်စီဖြင့် စုစုပေါင်း (၅၅) အုပ်ကို အမျိုးသားစာကြည့်တိုက် (နေပြည်တော်)သို့ ပေးပို့ခဲ့ပါသည်။

(၃) ၂၂-၈-၂၀၂၃ ရက်နေ့တွင် တိုင်းရင်းသားအသင်းအဖွဲ့များ မှတ်ပုံတင်ရာတွင် ပါဝင်ရမည့် အချက်အလက်များနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများအား သိရှိနိုင်စေရန်အတွက် “အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ” ရှင်းလင်း ပြောကြားသည့် အစီအစဉ်ကို မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

(၄) ၈-၉-၂၀၂၃ ရက်နေ့တွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာနအနေဖြင့် မြန်မာ+ဂျိန်းဖော့ဘာသာတို့ဖြင့်ပုံနှိပ်ထားသည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ စာအုပ်ကို ပြည်ထောင်စုဝန်ကြီးရုံးသို့ အုပ်ရေ (၇) အုပ်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနသို့ အုပ်ရေ (၂၀) အုပ်၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ အုပ်ရေ (၅) အုပ်၊ အမျိုးသားမှတ်တမ်း များမော်ကွန်းတိုက်ဦးစီးဌာနသို့(၁)အုပ်၊ အမျိုးသားစာကြည့်တိုက်(နေပြည်တော်) နှင့် (ရန်ကုန်)သို့ အုပ်ရေ (၅) အုပ်၊ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးသို့ အုပ်ရေ (၃၀၀)အုပ်၊ စစ်ကိုင်းတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ အုပ်ရေ (၁၀၀) အုပ်၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ အုပ်ရေ (၂၀၀) အုပ်၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးသို့ အုပ်ရေ (၂၀၀) အုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများအားလုံးထံသို့ အုပ်ရေ (၂) အုပ်တို့အား ပေးပို့ ခဲ့ပါသည်။

(၅)  ၂၀-၁၂-၂၀၂၃ ရက်နေ့တွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက် ရေးဦးစီးဌာနအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေ (မြန်မာ + အင်္ဂလိပ်) အုပ်ရေ (၁၀၀) အုပ်နှင့် (မြန်မာ+ ပအိုဝ်း(မြေပြန့်)) အုပ်ရေ (၃၀) အုပ်တို့အား ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးသို့ ပေးပို့ခဲ့ပါသည်။

(၆) တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေစာအုပ်ကို ကချင် (၆) မျိုးနှင့် ရှမ်း (၅) မျိုးဖြင့် မြန်မာဘာသာမှ တိုင်းရင်းသားဘာသာသို့ ပြန်ဆိုပြီးဖြစ်ပါသည်။

(ခ) အခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာအခြားလုပ်ငန်းများ

လူနည်းစုဖြစ်သော တိုင်းရင်းသားမျိုးနွယ်စုများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းတို့ကို ဖော်ထုတ်ခြင်း၊ ထိန်းသိမ်းခြင်း၊ စောင့် ရှောက်ခြင်း၊ အခွင့်အရေးဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ်စေရန် ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ အောက်ပါလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါသည်-

(၁) တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနအနေဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီမှ သဘောထားမှတ်ချက် ပြန်ကြားပေးရန် ညှိနှိုင်းလာသည့် လုပ်ငန်းစာတွဲများနှင့် စပ်လျဉ်း၍ အစီရင်ခံသည့်ကာလအထိ (၂၃၅) ခုအား စိစစ်ခဲ့ပါသည်။

(၂) သက်ဆိုင်ရာ အစိုးရဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများမှ ၎င်းတို့ဆောင်ရွက်မည့် လုပ်ငန်းအမျိုးအစားအလိုက် ပြုစုထားရှိသော ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း (Environmental Impact Assessment-EIA) အစီရင်ခံစာများ နှင့်စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သဘောထားမှတ်ချက်/အကြံပြု ချက်များ တောင်းခံလာမှုအပေါ် တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ သဘောထားမှတ်ချက်များ စိစစ်ပြန်ကြားပေးလျက်ရှိရာ အစီရင်ခံသည့်ကာလအထိ(၇၇)ခု အားစိစစ်ခဲ့ပါသည်။

(၃) တိုင်းရင်းသားလူမျိုးများ နေထိုင်ရာဒေသတွင် စီမံကိန်းများအကောင်အထည် ဖော်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင် ရန်အတွက် ဝန်ကြီးဌာန (၅)ခုမှ သဘောထားမှတ်ချက် တောင်းခံလာသည့် နားလည်မှုစာချွန်လွှာ (မူကြမ်း) (၁၇)ခု၊ ဝန်ကြီးဌာန (၂)ခုမှ သဘောထား မှတ်ချက်တောင်းခံလာသည့် သဘောတူစာချုပ် (မူကြမ်း) (၅)ခု၊ ဝန်ကြီးဌာန (၂)ခုမှ သဘောထားမှတ်ချက် တောင်းခံလာသည့် စီမံကိန်းထုတ်လုပ်မှုဆိုင်ရာ ကိစ္စရပ်များ(၅)ခုနှင့် ဝန်ကြီးဌာန(၁)ခုမှ သဘောထားမှတ်ချက်တောင်းခံလာသည့် စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက် နိုင်စွမ်းလေ့လာရေးလုပ်ငန်း (၂)ခု စုစုပေါင်း (၂၉)ခုအား စိစစ်၍ သဘောထားမှတ်ချက်ပြု ပြန်ကြားပေးခဲ့ပါသည်။

(၄) တိုင်းရင်းသားရေးရာ ကိစ္စရပ်များအား အကောင်အထည်ဖော်ဆောင်ရွက်မည့် တိုင်းရင်းသားလူမျိုးများ၏ လူမှုအသင်းအဖွဲ့များ မှတ်ပုံတင်ခွင့်ရရှိရေး အတွက် တည်ဆဲဥပဒေပြဋ္ဌာန်းချက်များနှင့်အညီစိစစ်ပြီး သဘောထားမှတ်ချက် ပြုမှုကိစ္စရပ်များနှင့်စပ်လျဉ်း၍ အစီရင်ခံသည့်ကာလအတွင်း အသင်းအဖွဲ့ (၁၂) ခုအား သဘော ထားမှတ်ချက် ပြန်ကြားပေးခဲ့ပါသည်။

Image