၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်
Image

 e - Government အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခြင်း

(က) ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန သင်တန်းကျောင်း၌ ဖွင့်လှစ်ပို့ချခဲ့သည့် e-Government နှင့် ICT ဆိုင်ရာ သင်တန်း အမျိုးအစား ၂၁ ခု (၂၀ ကြိမ်) သို့ ဝန်ကြီးဌာနမှ အရာထမ်းနှင့် အမှုထမ်း စုစုပေါင်း ၂၈ ဦး တက်ရောက်ခဲ့ပါသည်။
(ခ) တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် SANTHIDAR IT Solution Co.,Ltd တို့အကြား Server Maintaining (Data/Network) ဝန်ဆောင်မှုလုပ်ငန်း သဘောတူ စာချုပ်ကို ၂၃-၅-၂၀၂၃ ရက်နေ့တွင် လက်မှတ်ရေးထိုးပြီး လုပ်ငန်းများကို ဆောင်ရွက် ခဲ့ရာ ၁၅-၆-၂၀၂၃ ရက်နေ့တွင် လုပ်ငန်းများဆောင်ရွက်ပြီးစီးခဲ့ပြီး ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများကို လွှဲပြောင်းလက်ခံခဲ့ပါသည်။
(ဂ) တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဆိုင်ရာ သတင်းအချက်အလက်များ၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးခရီးစဉ်များ၊ တိုင်းရင်းသားအခွင့် အရေးများဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အခမ်းအနားများ၊ ဝန်ကြီးဌာနမှ တင်ဒါခေါ်ယူခြင်းများနှင့် ဝန်ကြီးဌာနမှ အလုပ်ခေါ်ယူခြင်းများ အစရှိသည်တို့ကို Website (https:// portal.moea.gov.mm) တွင် အများပြည်သူအချိန်နှင့်တစ်ပြေးညီ ကြည့်ရှုလေ့လာနိုင်ရန် လွှင့်တင်ခဲ့ရာ စုစုပေါင်း (၂၂၉) ခုနှင့် ရုပ်သံသတင်း(၁၉) ခု နှင့် ရုပ်သံမှတ်တမ်း (၃၀)ခုတို့ကို လွှင့်တင်နိုင်ခဲ့ပြီး ဝန်ကြီးဌာန၏ Facebook Page တွင်လည်း အများပြည်သူသိရှိနိုင်ရေးအတွက် (၁၃၁) ကြိမ် သတင်းထုတ်ပြန်နိုင်ခဲ့ပါသည်။
(ဃ) တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ Web Portal (https://portal.moea.gov.mm)တွင် မြန်မာဘာသာအပြင် အင်္ဂလိပ်ဘာသာနှင့် တိုင်းရင်း သားဘာသာ (၇)မျိုး၊ စုစုပေါင်း (၈) မျိုးဖြင့် ဖော်ပြနိုင်ရန်အတွက် (Website (Web Portal) Maintenance) AGGA.IO ကုမ္ပဏီဖြင့် လုပ်ငန်းအပ်နှံခြင်း သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပြီး ကချင် (ဂျိန်းဖော့ဘာသာ)၊ ကယား (ဂေဘားဘာသာ)၊ ကရင် (ပိုးကရင်ဘာသာ)၊ ချင်း (တီးတိန်ဘာသာ)၊ မွန် (မွန်ဘာသာ)၊ ရခိုင် (ရခိုင်ဘာသာ)နှင့် ရှမ်း (ရှမ်းဘာသာ) တို့ကို Website ပေါ်တွင် လွှင့်တင်နိုင်ရန် ဆောင်ရွက်ခဲ့ပါသည်။ 
(င) တိုင်းရင်းသားဘာသာစကားများပြန်ဆိုခဲ့သည့် ဂျိန်းဖော့ရိုးရာယဉ်ကျေးမှုနှင့်စာပေအသင်း၊ ဂေဘားစာပေနှင့်ယဉ်ကျေးမှုအသင်း၊ ကရင်အမျိုးသားမျိုးနွယ်စုအသင်း၊ တီးတိန်မြို့နယ်စာပေနှင့်ယဉ်ကျေးမှုအသင်း၊ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ၊ ရခိုင်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းနှင့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းများသို့ ဉာဏ်ပူဇော်ခ ၁၂၆၀၀ဝိ/- (ကျပ်တစ်သိန်းနှစ်သောင်းခြောက်ထောင်တိတိ)စီကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ 
(စ) ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ Civil Service Personal Database Management System တွင် ပထမဦးစားပေးအစီအစဉ်အနေဖြင့် အမြဲတမ်းအတွင်းဝန် / ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်တူမှ ဒုတိယဦးစီးမှူးနှင့် အဆင့်တူအထိ လည်းကောင်း၊ ဒုတိယ ဦးစားပေးအစီအစဉ်အနေဖြင့် အကြီးတန်းစာရေးနှင့်အဆင့်တူမှ လုပ်သားနှင့်အဆင့်တူ အထိလည်းကောင်း ဝန်ထမ်းများ၏ Update စာရင်းများကို ဖြည့်သွင်း၍ လစဉ် ပေးပို့လျက်ရှိပါသည်။
(ဆ) ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသို့ Electronic Document Management System (EDMS)/ Mail account (၅၅) ခု တည်ဆောက်ပေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးရုံးအတွက် (၁၄) ခု၊ တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုဦးစီးဌာနအတွက် (၂၁) ခု၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနအတွက် (၂၀) ခု၊ စုစုပေါင်း (EDMS)/ Email (၅၅) ခု ကို ခွဲဝေပေးခဲ့ပါသည်။ ထို့ပြင် Username နှင့် Password များလုံခြုံမှုရှိစေရန် တာဝန်ရှိသူများထံမှ ကတိခံဝန်ချက်များကို ရယူခဲ့ပြီး (EDMS)/ Email သုံးစွဲပုံများကိုလည်း ရှင်းလင်းပြသပေးခဲ့ပါသည်။
(ဇ) ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များအကြား Online အသုံးပြု၍ အစည်းအဝေးများပြုလုပ်နိုင်ရန်အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ e-Government ဌာနမှ ဦးဆောင်ဖွင့်လှစ်ခဲ့သည့် True Conf Video Confrencing အသုံးပြုနည်းသင်တန်းသို့ ၁၄-၁၂-၂၀၂၃ ရက်နေ့တွင် ဝန်ကြီးဌာနမှ အရာထမ်း ၂ ဦး တက်ရောက်ခဲ့ပါသည်။

Image