၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်
Image

   စာပေဘာသာစကား၊ယဉ်ကျေးမှုအမွေအနှစ်များနှင့်ဓလေ့ထုံးစံများထိန်းသိမ်းစောင့်ရှောက်ခြင်း

(က) စာအုပ်စာတမ်းနှင့် မှတ်တမ်းများ စုဆောင်းထိန်းသိမ်းခြင်း။ 

(၁) တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးရုံးများတွင် တိုင်းရင်းသားလူမျိုး များ၏ ရိုးရာဓလေ့ထုံးတမ်းများ၊ လူနေမှုဘဝများနှင့်စပ်လျဉ်းသည့် သိမှတ် ဖွယ်ရာ စာအုပ်စာတမ်းများ၊ သုတ/ရသ စာအုပ်စာတမ်းများကို စုဆောင်း ထိန်းသိမ်း၍ ရုံးတွင်းစာကြည့်တိုက်ငယ်များကို စနစ်တကျထားရှိနိုင်ခဲ့ပါသည်။
(၂) မြန်မာနိုင်ငံအတွင်းတွင် ပျံ့နှံ့နေထိုင်လျက်ရှိသော “တိုင်းရင်းသားလူမျိုးများ၏ အမည်နာမမှည့်ခေါ်ပုံများ” စာအုပ်ကိုထုတ်ဝေနိုင်ရေးအတွက် အချက်အလက် များစုစည်းဆောင်ရွက်ထားရှိပါသည်။
(၃) တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများအရ ဆောင်ရွက်သော ပွဲတော်များ၊ အခမ်းအနားများ၊ အမျိုးသားနေ့နှင့်နေ့ထူးနေ့မြတ်များ ဖြစ်ပေါ် လာပုံ သမိုင်းအကျဉ်းစာအုပ် (၅) အုပ်ကို ထုတ်ဝေနိုင်ခဲ့ပါသည်။
(၄) တိုင်းရင်းသားများနှင့်သက်ဆိုင်သော တိုင်းရင်းသားဘာသာ+မြန်မာဘာသာ (၂)မျိုးဖြင့် ထုတ်ဝေထားသော ပုံပြ/ပုံပြင် စာအုပ်များနှင့် ပထမအကြိမ်၊ ဒုတိယအကြိမ် ထုတ်ဝေသည့် ပြည်ထောင်စုတိုင်းရင်းသားမဂ္ဂဇင်းစာအုပ်ကို အမျိုးသားစာကြည့်တိုက်သို့  ပေးပို့ခဲ့ပြီးဖြစ်ပါသည်။
(၅) မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအား မြန်မာ+တိုင်းရင်းသားဘာသာ(၂၁)မျိုးဖြင့် ပုံနှိပ်ထုတ် ဝေခဲ့ပြီးဖြစ်ရာ ထပ်မံ၍ နာဂတိုင်းရင်းသားဘာသာ (၈မျိုး) နှင့် လော်ဝေါ် တိုင်းရင်းသားဘာသာ(၁မျိုး)တို့ဖြင့် ဘာသာပြန်ဆိုနိုင်ရေး တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး စုစုပေါင်းစာအုပ်ရေ (၁၉၂,၉၉၂) တို့ကို စာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များသို့ ဖြန့်ဝေပေးခဲ့ပါသည်။
(၆) (NCA) ဖြစ်ပေါ်လာပုံအဆင့်ဆင့်နှင့် စာချုပ်ပါအကြောင်းအရာ စာအုပ်များနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို (စကော ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း)တိုင်းရင်းသားဘာသာများနှင့် ပြန်ဆိုထားသည့် စာအုပ်များကို အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနနှင့် အမျိုးသားစာကြည့်တိုက်သို့ ပေးပို့ခဲ့ပြီးဖြစ်ပါသည်။
(၇) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈) နှစ် မြောက် အထိမ်းအမှတ်အခမ်းအနားနှင့် “၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်အနုပညာစာပေပွဲတော်အခမ်းအနား” တို့တွင် "တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ပြခန်း” ၌ တိုင်းရင်းသားလူမျိုး တို့၏ ရိုးရာယဉ်ကျေးမှုဆိုင်ရာ စာအုပ်များ ခင်းကျင်းပြသခဲ့ပါသည်။
(၈) တစ်နိုင်လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Cease fire Agreement-NCA) အား (မွန်၊ ရခိုင်၊ ရှမ်း၊ အရှေ့ပိုး ကရင်၊ စကောကရင်၊ အရှိုချင်း၊ ဂျိန်းဖော့) တိုင်းရင်းသားဘာသာများဖြင့် ပြန်ဆို ထားသည့် Soft Copy အား လိုအပ်သလိုဆောင်ရွက်နိုင်ပါရန် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာန၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ ပေးပို့ခဲ့ပါသည်။

(ခ) တိုင်းရင်းသားစာပေနှင့်ဘာသာစကားတို့ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း။

(၁) တိုင်းရင်းသားစာပေနှင့် ဘာသာစကားများအား ထိန်းသိမ်းစောင့်ရှောက်ခြင်း ဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ အောက်ဖော်ပြပါ အခမ်းအနားများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်- 

(က) ၃-၄-၂၀၂၃ - ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သော ကရင်(စကော) တိုင်းရင်းသား ဘာသာစာပေသင် TA   ဆရာ/ဆရာမ များအတွက် ကရင်စာပေသင်ရိုးလမ်းညွှန် သင်တန်း ဖွင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနား၊
(ခ) ၂၅-၄-၂၀၂၃ - ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ကျင်းပပြုလုပ်သော (၁၃) ကြိမ်မြောက် ခမီ အမျိုးသားနေ့အခမ်းအနား
(ဂ) ၁၆-၆-၂၀၂၃ - စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့၌ ကျင်းပ ပြုလုပ်သည့် သက်ဆိုင်ရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံပြီး “ရိုးရာဓ လေ့အမည်ပေးခေါ်ဝေါ်ရာတွင် အသုံးပြုလျက်ရှိသည့် ဝိသေသရှေ့ဆောင် စကားလုံးများ” နှင့်စပ်လျဉ်း သည့် ဆွေးနွေးပွဲအခမ်းအနား၊
(ဃ) ၁၅-၈-၂၀၂၃ - ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြု လုပ်သော တိုင်းရင်းသားဘာသာ (ကရင်၊ မွန်၊ ပအိုဝ်း) ကျောင်းသုံးစာအုပ် (ဆရာကိုင်) ရိုက်နှိပ် ထုတ်ဝေနိုင်ရေး အဆိုပြုတင်သွင်းလွှာ ဖွင့်ဖောက် စိစစ်ခြင်းအခမ်းအနား၊
(င) ၂၅-၈-၂၀၂၃ - မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျွန်းရွာ၌ ကျင်းပပြုလုပ်သော (၂၄) ကြိမ်မြောက် မွန်ဒေသလုံး ဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ကြား ရေးအဖွဲ့ ထူးချွန် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုပေးပွဲ အခမ်းအနား၊
(စ) ၆-၁၁-၂၀၂၃ - ကရင်ပြည်နယ်၊ ဘားအံမြို့၌ ကျင်းပပြုလုပ်သော တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား၊
(ဆ) ၇-၁၂-၂၀၂၃ ကရင်ပြည်နယ်၊ ဘားအံမြို့၌  ကျင်းပပြုလုပ်သော “ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား'၊
(ဇ) ၁၅-၁၂-၂၀၂၃ - ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်  ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးတို့သည် ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များတွေ့ဆုံပွဲ၊
(ဈ) ၁၁-၁-၂၀၂၄ - ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မနောကွင်းအတွင်းရှိ မနောအိမ်တော်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံ  အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် များနှင့် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ တွေ့ဆုံပွဲ အခမ်းအနား၊
(ည) ၂၂-၁-၂၀၂၄ - ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ကျင်းပသည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအတွင်းရှိ ကရင်/ ရခိုင်/ ချင်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း များ၊ တိုင်းရင်းသားလူမှုရေးအသင်းအဖွဲ့များ  တွေ့ဆုံ ပွဲ၊
(ဋ) ၁၀-၃-၂၀၂၄ - မော်လမြိုင်မြို့၌ ကျင်းပပြုလုပ်သော နှစ်(၅၀)ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် “မွန်ရိုးရာနတ်နှင့် နတ်ကနား ဆင်ယင် ကျင်းပခြင်း” နှင့် စပ်လျဉ်းသည့် မွန်ဓလေ့၊ မွန်မှု စာတမ်းဖတ်ပွဲအခမ်းအနား၊
(ဌ) ၁၉-၃-၂၀၂၄ - မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်သော တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မွန်ပြည်နယ် အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲ၊
(ဍ) ၂၇-၃-၂၀၂၄ - ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ကျင်းပသည့် ဗမာလူမျိုးစာပေနှင့်ယဉ်ကျေးမှုအသင်းဖြစ် မြောက်ရေးအခမ်းအနား၊

(ဂ) ယဉ်ကျေးမှုအမွေအနှစ်များနှင့်ဓလေ့ထုံးစံများ ထိန်းသိမ်းစောင့်ရှောက်ခြင်း

(၁) တိုင်းရင်းသားမျိုးနွယ်စု (၇၅) မျိုး၏ ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုများကို ရုပ်တု(၈၁)စုံဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ တိုင်းရင်းသား ရေးရာဝန်ကြီးများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ လှူဒါန်းပေးပို့လာသည့် တိုင်းရင်းသားရိုးရာအသုံးအဆောင်များနှင့် တူရိယာ ပစ္စည်းများကို ဝန်ကြီးဌာနပြခန်း၌ ခင်းကျင်းပြသထားရှိပါသည်။ အဆိုပါ ပြခန်းများအတွင်း ခင်းကျင်းပြသထားသည့် တိုင်းရင်းသားရိုးရာဝတ်စုံများနှင့် ပတ်သက်၍ လွဲမှားမှုမရှိစေရန် “တီထွင်မှုသည် ရိုးရာကို မကျော်ရန်” ဆိုသည့် မူဝါဒနှင့်အညီ ဝတ်စုံများ၏ ဇစ်မြစ်ကိုပါ လေ့လာ စိစစ်တင်ပြနိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း/အဖွဲ့များနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိပါသည်။
(၂) ၁၇-၆-၂၀၂၃ ရက်နေ့မှ ၂၉-၆-၂၀၂၃ ရက်နေ့ထိ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ (ရန်ကုန်)၌ စတုတ္ထအကြိမ်မြောက် တိုင်းရင်းသားရိုးရာအစားအစာ ဟင်းလျာ (၈) မျိုး ချက်ပြုတ်နည်းအစီအစဉ် ရိုက်ကူးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
(၃) မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများအလိုက် မူလရိုးရာဝတ်စုံမှတ်တမ်း ဓာတ်ပုံများနှင့် တရားဝင်အသုံးပြုလျက်ရှိသည့် ရိုးရာဝတ်စုံဓာတ်ပုံများကို နှိုင်းယှဉ်ပြုစုပြီး တိုင်းရင်းသားရိုးရာဝတ်စုံမှတ်တမ်းဓာတ်ပုံများအား မှတ်တမ်းထားရှိနိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးဌာနများ၊ သက် ဆိုင်ရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများ၊ ကော်မတီများ၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း အတည်ပြုချက်ရယူ၍ ပြုစုဆောင်ရွက်ခဲ့ပါသည်။
(၄) တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ ပြခန်းများသို့ ၁၆-၈-၂၀၂၃ ရက်နေ့မှ ၄-၁၀-၂၀၂၃ ရက်နေ့အထိ နေပြည်တော် ပြည်ထောင်စုနယ်မြေ အတွင်းရှိ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာကျောင်း (၈) ကျောင်းမှ ကျောင်းသား/သူ စုစုပေါင်း (၁၂၇၃) ဦး လာရောက်လေ့လာခဲ့ပါသည်။
(၅) ၂၆-၈-၂၀၂၃ ရက်နေ့နှင့် ၂၇-၈-၂၀၂၃ ရက်နေ့တွင် ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ ကရင်၊ ချင်း (အရှို)၊ မွန်နှင့် ရခိုင် တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုအဖွဲ့တွေ့ဆုံပွဲအခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးများ တက်ရောက်ခဲ့ပါသည်။
(၆) ၂၁-၁၀-၂၀၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသ ကြီးမှ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ဝင် (၁၁၀) ဦးအား ရန်ကုန်မြို့အတွင်းရှိ ရွှေတိဂုံဘုရား၊ ပြည်သူ့ရင်ပြင်၊ အမျိုးသားပြတိုက်နှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသို့ လေ့လာရေးခရီးစဉ်(ဆဋ္ဌမအကြိမ်) ပို့ဆောင်ခဲ့ပါသည်။
(၇) ၆-၁၁-၂၀၂၃ ရက်နေ့နှင့် ၈-၁၁-၂၀၂၃ ရက်နေ့တို့တွင် (၆၈) နှစ်မြောက် ကရင် ပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်လာသော နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီးတို့အား မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက မော်လမြိုင်လေဆိပ်တွင် ကြိုဆိုပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
(၈) ၇-၁၁-၂၀၂၃ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၌ ကျင်းပပြုလုပ်သော (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနား”သို့ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း ၁ ဦး တက်ရောက်ခဲ့ပါသည်။
(၉) ၂၃-၁၁-၂၀၂၃ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပပြုလုပ်သော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ (၈) ကြိမ်မြောက် ကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားသို့ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။
(၁၀) ၂၅-၁၁-၂၀၂၃ ရက်နေ့တွင် ကချင်ပြည်နယ်၊ မနောကွင်းအတွင်း မနော အိမ်တော်၌ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်မှ ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများကို ကောက်သစ်စားပွဲပြုလုပ်ရန်အတွက် ထောက်ပံ့ပစ္စည်းပေးအပ်ခြင်း အခမ်း အနားသို့ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း ၁ ဦး တက်ရောက်ခဲ့ပါသည်။
(၁၁) ၂၆-၁၁-၂၀၂၃ ရက်နေ့နှင့် ၂၅-၁-၂၀၂၄ ရက်နေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း ဝန်ကြီးဌာနပေါင်းစုံဝတ်ရွတ်စဉ်များဖြင့် ပူဇော်ခြင်းအခမ်းအနား၌ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းစုစုပေါင်း ၂၁  ဦး သွားရောက်၍ ဝတ်ရွတ်ပူဇော်ခဲ့ပါသည်။
(၁၂) ၉-၁-၂၀၂၄ ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်သော (၇၆) နှစ်မြောက် ကချင်ပြည်နယ်နေ့ မနောဖွင့်ပွဲ အခမ်းအနားကို ကချင် ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။
(၁၃) ၁၁-၁-၂၀၂၄ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၌ ကျင်းပပြုလုပ်သော  ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အလံတင်အခမ်းအနားနှင့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားသို့ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။  
(၁၄) ၁၉-၃-၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပ ပြုလုပ်သော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့်တွေ့ဆုံပွဲ၌ မွန်ပြည် နယ်၊ ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။
(၁၅) ၁၉-၃-၂၀၂၄ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့မှ မွန်ပြည်နယ်တွင် တည်ဆောက်လျက်ရှိသော တိုင်းရင်းသားယဉ်ကျေးမှုစင်တာ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးခဲ့ပါသည်။

Image