၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များ
Ø
ဝန်ကြီးဌာန၏လုပ်ငန်းများတွင် သတင်းအချက်အလက် နည်းပညာအသုံးချမှုကို
မြှင့်တင် နိုင်ရေးအတွက်၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး
ဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနက Online
Learning စနစ်ဖြင့်ဖွင့်လှစ် ပို့ချပေးခဲ့သည့် e -Government
နှင့် ICT ဆိုင်ရာ သင်တန်း အမျိုးအစား ၃ ခု
(၃ ကြိမ်)သို့ ဝန်ကြီးဌာနမှ အမှုထမ်း ၃ ဦး တက်ရောက်ခဲ့ပါသည်။
Ø
Electronic Document Management System - EDMS ဖြင့် ဝန်ကြီးဌာနများ
အချင်းချင်း သာမန်ရုံးစာများအား စာလက်ခံခြင်း၊ ပေးပို့ခြင်းများကို တစ်စိတ်တစ်ပိုင်း
ဆောင်ရွက်ခဲ့ပြီး သတင်းအချက်အလက်များ လုံခြုံမှုရှိစေရန်အတွက် EDMS User Name (admin, Messenger etc.) များ၏ password များကိုလည်း ပြောင်းလဲ ထားရှိပြီးဖြစ်ပါသည်။
၎င်းအပြင် ဝန်ကြီး ဌာနအတွင်း/အပြင် ရုံးကိစ္စများကို
email ဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် နေပြည်တော်ရုံးချုပ်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးဌာန
အသီးသီး အတွက် ကိုယ်ပိုင် Webmail account ၈၂ ခု ဖြင့်
သီးခြားသတ်မှတ် သုံးစွဲခဲ့ပါသည်။
Ø
ဝန်ကြီးဌာနအနေဖြင့် ယခုကာလအတွင်း ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါကြောင့်
ပြောင်းလဲလာသည့် ရုံးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မှု ပုံစံများအရ အစည်းအဝေးများ ကျင်းပခြင်း၊
သင်တန်းများတက်ရောက်ခြင်း၊ သတင်းအချက်အလက် ဖလှယ်ခြင်းနှင့် စီမံခန့်ခွဲမှု လုပ်ငန်းအချို့တို့ကို
Internet အသုံးပြုလျက် Online စနစ် များဖြင့် ပြောင်းလဲကျင့်သုံး
ဆောင်ရွက်နိုင်ခဲ့ပါသည်။
Ø
ပြောင်းလဲကျင့်သုံးလာသည့် ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံရေးအစီအမံများအရ
အစည်းအဝေးများကို Zoom Cloud Meetings (Video Conferencing) စနစ်ဖြင့် ပြုလုပ်နိုင်ရန်အတွက် Telycam USB HD Video Camera၊ ၎င်းနှင့်ဆက်စပ်ပစ္စည်းများအား ဝယ်ယူဖြည့်တင်းခြင်းနှင့် Video Conferencing (Polycom)ကိုလည်း
တပ်ဆင်နိုင်ခဲ့ပါသည်။
Ø
ဝန်ကြီးဌာန၏ သတင်းအချက်အလက်နှင့် ဆောင်ရွက်ချက်များကို
အများပြည်သူများ ကြည့်ရှုလေ့လာသိရှိနိုင်ရန်အတွက် Ministry of Ethnic Affairs Myanmar အမည်ရှိ Facebook Page နှင့်ဝန်ကြီးဌာန
Website ဖြစ်သည့် www.moea.gov.mm တွင် အချိန်နှင့်တစ်ပြေးညီ
လွှင့်တင်ထားပြီးဖြစ်ပါသည်။ ဝန်ကြီးဌာန၏ တင်ဒါဖိတ်ခေါ်ခြင်း၊ တင်ဒါအောင်မြင်ကြောင်း
ကြေညာခြင်း၊ အလုပ်လျှောက်လွှာများ ခေါ်ယူခြင်း၊ ရေးဖြေ၊ နှုတ်ဖြေအောင်မြင်ကြောင်း ကြေညာခြင်းစသည့်
ဌာနတွင်းလုပ်ငန်းဆောင်ရွက်ချက်များ ကိုလည်း အများပြည်သူအကြား ပွင့်လင်းမြင်သာမှုရှိစေရန်
ဝန်ကြီးဌာန Website နှင့် Facebook Page တို့တွင်လွှင့်တင်ခဲ့ပါသည်။
Ø
တိုင်းရင်းသားလူမျိုများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန
၏ လုပ်ငန်းဆောင်ရွက်မှုအနေဖြင့် GPMS (Government Personal Management System) တွင် ဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများ၏ ကိုယ်ရေးအချက်အလက်များကို
Data Entry ပြုလုပ်လျက်ရှိပါသည်။
Ø
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပိုင် Website(www.moea.gov.mm)
လွှင့်တင် နိုင်ရေးအတွက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ
ဖွဲ့စည်းထားသည့် CIO နှင့် e-Government အဖွဲ့ဝင်များမှ ပါဝင်ဆောင်ရွက်ပေးခဲ့ပါသည်။
Ø
တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးရုံးများအနေဖြင့်
e-Government ဆိုင်ရာ လုပ်ငန်းများ လွယ်ကူလျင်မြန်စေရေးအတွက်
Internet Wi-Fi များတပ်ဆင်၍ ဆက်သွယ် ဆောင်ရွက်လျက်ရှိပါသည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ရုံးကိစ္စများအတွက်
သီးခြားအသုံးပြုနိုင်ရန် သတ်မှတ်ထားရှိသည့် ဝန်ကြီးဌာန၏ Webmail Address နှင့် Default
Password များကို တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးရုံးများနှင့်
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)သို့ ဖြန့်ဝေပေးပို့ခဲ့ပြီး လမ်းညွှန်ချက်များအတိုင်း
လိုက်နာဆောင်ရွက်လျက်ရှိပါသည်။