၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များ
၁။ စွမ်းဆောင်ရည်မြှင့်တင်ခြင်း
ဝန်ကြီးဌာန၏
လုပ်ငန်းများတွင် သတင်းအချက်အလက် နည်းပညာအသုံးချမှုကို မြှင့်တင်နိုင်ရေးအတွက် ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဖွင့်လှစ် ပို့ချခဲ့သည့် စွမ်းဆောင်ရည်မြှင့်တင်ရေး
သင်တန်းများသို့ အောက်ပါအတိုင်း တက်ရောက် နိုင်ခဲ့ပါသည်-
(က) တိုင်းရင်းသား
လူမျိုးများရေးရာဝန်ကြီးဌာန၏ ရုံးကိစ္စများအတွက် သီးခြား အသုံးပြု နိုင်ရန်
ဝန်ကြီးဌာနပိုင် Webmail Account ၈၄ ခု သတ်မှတ် ဖြန့်ဝေခဲ့ပြီး ဝန်ကြီး
ဌာနအတွင်း အပြင် ဆက်သွယ်မှုများတွင် အသုံးပြုနိုင်ခဲ့ပါသည်။
(ခ) တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်
ဖွင့်လှစ်ခဲ့သည့် e-Government နှင့် IT သင်တန်းများသို့
မကွေးတိုင်းဒေသကြီးမှ အမှုထမ်း ၃ ဦး၊ ရခိုင်ပြည်နယ်မှ အမှုထမ်း ၂ ဦး၊
စစ်ကိုင်းတိုင်းဒေသကြီးမှ အမှုထမ်း ၂ ဦး၊ မွန်ပြည်နယ်မှ အမှုထမ်း ၁ ဦး၊ ချင်းပြည်နယ်မှ
အမှုထမ်း ၁ ဦးတက်ရောက်ခဲ့ပါသည်။
(ဂ) စက်မှုလက်မှုသိပ္ပံ (ဟားခါး)နှင့် ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး၊ ပုသိမ်၊ ဘားအံ၊ လွိုင်ကော်)တို့တွင် ဖွင့်လှစ်ခဲ့သော
e-Government နှင့် IT သင်တန်းများသို့
အရာထမ်း ၁ ဦးနှင့် အမှုထမ်း ၅ ဦးတို့ တက်ရောက်ခဲ့ပါသည်။
(ဃ) ၁၈-၁၀-၂၀၁၉
ရက်နေ့ အမျိုးသားစာကြည့်တိုက်၊ နေပြည်တော်တွင် ကျင်းပသည့် e-Library,
Archives and e-Government Conference သို့ အရာထမ်း ၁ ဦး၊ အမှုထမ်း ၂
ဦးတက်ရောက်ခဲ့ပါသည်။
(င) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊
သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊
သင်တန်းကျောင်းတွင်ဖွင့်လှစ်ခဲ့သော e-Government နှင့်
ICT သင်တန်း ၁၃ ခုသို့ အရာထမ်း ၇ ဦးနှင့် အမှုထမ်း ၁၁ ဦး စုစုပေါင်း
၁၈ ဦး တို့တက်ရောက်နိုင်ခဲ့ပါသည်။
၂။ အခြေခံအဆောက်အဦများ ဖြည့်ဆည်းခြင်း
စစ်ကိုင်းတိုင်းဒေသကြီး
ညွှန်ကြားရေးမှူးရုံးနှင့် တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးများတွင် ADSL Line
ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူး ရုံးတွင်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Internet WTTx Wi-Fi စနစ်ဖြင့်လည်းကောင်း
Network ချိတ်ဆက်ခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးရုံး၊
ညွှန်ကြားရေးမှူးချုပ်ရုံးများနှင့် တိုင်းဒေသ ကြီးအစိုးရအဖွဲ့များအကြား အင်တာနက် ဆက်သွယ်ရေးကွန်ရက်ကို
တိုးချဲ့နိုင်ခဲ့ပါသည်။