၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များ
၁။ စွမ်းဆောင်ရည်မြှင့်တင်ခြင်း
ဝန်ကြီးဌာန၏ လုပ်ငန်းများတွင် သတင်းအချက်အလက်
နည်းပညာအသုံးချမှုကို မြှင့်တင်နိုင်ရေးအတွက် ၂၀၁၈−၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဖွင့်လှစ်ပို့ချခဲ့သည့်
စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းများသို့
အောက်ပါအတိုင်း တက်ရောက်နိုင်ခဲ့ပါသည်-
(က) ၂၀၁၈−၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချခဲ့သည့် နည်းပညာသင်တန်း ၁၉ ခု သို့ အရာထမ်း ၁၆ ဦးနှင့် အမှုထမ်း ၁၄ ဦးစုစုပေါင်း ၃၀ ဦး တက်ရောက်နိုင်ခဲ့ပါသည်။
( ခ ) စာပေးစာယူလုပ်ငန်းတွင် တာဝန်ယူဆောင်ရွက်နေသည့် ဝန်ထမ်း ၃ ဦး တို့အား ၁၉-၁၂-၂၀၁၈ ရက်နေ့မှ ၂၀-၁၂-၂၀၁၈ ရက်နေ့ထိ Electronic Document Management System (EDMS) ဌာနတွင်းသင်တန်း ပို့ချပေးနိုင်ခဲ့ပါသည်။
( ဂ ) ၂၉-၃-၂၀၁၉ ရက်နေ့မှ ၃၀-၃-၂၀၁၉ ရက်နေ့အထိ ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် Future Sky IT CO., Ltd တို့ ပူးပေါင်းကျင်းပသော e-Government အထောက် အကူပြုသင်တန်းသို့ အရာထမ်း ၁ ဦးနှင့် အမှုထမ်း ၁ ဦး တက်ရောက်ခဲ့ပြီး ၂၇-၅-၂၀၁၉ ရက်နေ့မှ ၇-၆-၂၀၁၉ ရက်နေ့အထိ အစိုးရစက်မှုလက်မှု သိပ္ပံသင်တန်းကျောင်း (ဟားခါး)တွင် ဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်းသို့ အမှုထမ်း ၁ ဦး တက်ရောက်နိုင်ခဲ့ပါသည်။
(ဃ) ရှမ်းပြည်နယ်ဗဟိုစာရင်းအင်းအဖွဲ့ရုံး၊ တောင်ကြီးမြို့တွင်
ဖွင့်လှစ်ပို့ချသည့် Computer Hardware Maintenance
Training Course သင်တန်း အမှတ်စဉ် (၁)သို့ အမှုထမ်း ၂ ဦး တက်ရောက်ခဲ့ပါသည်။
(င) ကွန်ပျူတာတက္ကသိုလ်
(လွိုင်ကော်)တွင် ဖွင့်လှစ်ပို့ချသည့် အခြေခံကွန်ပျူတာ အသုံးချသင်တန်း အပတ်စဉ် (၂၁) သို့ အမှုထမ်း ၁ ဦး တက်ရောက်နိုင်ခဲ့ပါသည်။
၂။ အခြေခံအဆောက်အဦများဖြည့်ဆည်းခြင်း
(က) ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများတွင် အင်တာနက်ဖြင့် ဆက်သွယ်ဆောင်ရွက်မှုများ အဆင်ပြေစေရန် အင်တာနက်မြန်နှုန်း (Band Width) ကို 50 Mbps
သို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တိုးမြှင့်ရယူသုံးစွဲနိုင်ခဲ့ပါသည်။
ဝန်ကြီးရုံးနှင့် ဦးစီးဌာန(ရုံးချုပ်) များအားလုံး လွှမ်းခြုံနိုင်မည့် အင်တာနက်ကွန်ယက် ဖြစ်စေရန်
Network Cable လိုင်း တိုးချဲ့တပ်ဆင်ခြင်းကို ဆောင်ရွက်ခဲ့ပြီး
Dell R740 Server တစ်လုံးအပါအဝင် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကိုလည်း
ဝယ်ယူ ဖြည့်တင်း နိုင်ခဲ့ပါသည်။
(ခ) ကယားပြည်နယ်နှင့် ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးများတွင်
Mobile Access ဖြင့်
Internet ချိတ်ဆက်ခြင်းကို ဆောင်ရွက်နိုင်ခဲ့ပါသည်။
(ဂ) တနင်္သာရီတိုင်း၊
ညွှန်ကြားရေးမှူးရုံးတွင် ADSL လိုင်းဖြင့် အင်တာနက် ချိတ်ဆက်ခြင်းကို
ဆောင်ရွက်နိုင်ခဲ့ပါသည်။
၃။ သတင်းအချက်အလက်မျှဝေခြင်း
ဝန်ကြီးဌာန၏ Facebook စာမျက်နှာတွင်
ဌာန၏ ဆောင်ရွက်ချက်များကို အများ ပြည်သူသိရှိနိုင်ရန် အချိန်နှင့်တပြေးညီ လွှင့်တင်ဖော်ပြလျက်ရှိပြီး
ဝန်ကြီးဌာနပိုင် Website (moea.gov.mm)ကိုလည်း Beta
Version အနေဖြင့် လွှင့်တင်နိုင်ခဲ့ရာ ယခုအခါ ဝန်ကြီး ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊
သတင်းများ၊ တိုင်းရင်းသားလူမျိုးများနှင့် သက်ဆိုင်သည့် အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ
ဖော်ပြလျက်ရှိပါသည်။