၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များ
- သတင်းအချက်အလက်နှင့်နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး
နှင့် မြန်မာနိုင်ငံ၏ e-Government ဖွံ့ဖြိုးရေးတွင် ပါဝင်ဆောင်ရွက်နိုင်စေရေးအတွက် ၂၀၁၇ -
၂၀၁၈ ဘဏ္ဍာနှစ်အတွင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ
ဖွင့်လှစ်ပို့ချပေးခဲ့သည့် Computer Repair and Maintenance
Training အမှုထမ်း ၁ ဦး၊ Microsoft Office Excel
2007 Training ၃ ကြိမ်သို့ အမှုထမ်း ၃ ဦး၊ Government
Enterprise and Campus Networking Training သို့ အမှုထမ်း ၁ ဦး၊ Data Centre Design/
Requirement, and Enterprise Storage Architecture Training သို့ အရာထမ်း ၁ ဦး၊ Basic Networking Course သို့ အမှုထမ်း ၁ ဦး၊ Linux foundation Course သို့ အရာထမ်း ၁ ဦး၊ Linux System
Administration Course သို့ အရာထမ်း ၁
ဦးနှင့် Authentication
and Digital Signature Course သင်တန်းသို့
အရာထမ်း ၁ ဦးတို့ကို စေလွှတ်ခဲ့ရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွင်း စုစုပေါင်းသင်တန်း ၁၀ ကြိမ်သို့
သင်တန်းသားများ စေလွှတ်နိုင်ခဲ့ပါသည်။
- IT
နှင့် e-Government ဆိုင်ရာလုပ်ငန်းများ
ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် အတွက် Trust Net Solution Co.,Ltd အား ဖိတ်ခေါ်၍ Virtualization နည်းပညာနှင့် ပတ်သက်သည့် Seminar on Virtualization and Security ကို ၁၅-၉-၂၀၁၇ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးအစည်းအဝေးခန်းမ၌ ကျင်းပနိုင်ခဲ့ရာ
ဌာနမှဝန်ထမ်းစုစုပေါင်း၂၀ ဦး Seminar သို့ တက်ရောက် လေ့လာခဲ့ကြပါသည်။
- အခြားဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များသို့
ရုံးစာများပေးပို့ရာ တွင် အစိုးရဌာနများအားလုံး တစ်ပြေးညီအသုံးပြုနိုင်ရန်
ရေးဆွဲထားရှိသည့် အီလက်ထရောနစ် စာရွက်စာတမ်း စီမံခန့်ခွဲမှုစနစ် (Electronic
Document Management System – EDMS) ကို
ဆောင်ရွက်လျက်ရှိပါသည်။
- IT နှင့် e-Government ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် အတွက် Global Wave Technology အား ဖိတ်ခေါ်၍ ဝန်ကြီးဌာနသုံး ဝန်ထမ်းရေးရာစနစ် Software
မိတ်ဆက်ခြင်းအခမ်းအနားကို ၉-၁၀-၂၀၁၇ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပနိုင်ခဲ့ရာ CIO,
ACIO နှင့် စိတ်ပါဝင်စားသူများ
တက်ရောက်ခဲ့ကြပါသည်။
- ဝန်ကြီးဌာန၏ IT နှင့် e-Government ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက် အကူဖြစ်စေရန် ပြင်ပ IT
လုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်သည့် Cisco
systems (Myanmar) Co., Ltd မှ ၁၄-၃-၂၀၁၈ မှ ၁၆-၃-၂၀၁၈ ရက်နေ့ထိ
ကျင်းပပြုလုပ်သည့် Road to Digital Government with Cisco
Event နှင့် Hands-on Demonstration and Design
Workshop သို့ အရာထမ်း ၁ ဦး တက်ရောက် လေ့လာစေခဲ့ပါသည်။
- Internet Access ရရှိရေးအတွက် ယခင် ကျေးလက်ဦးစီးဌာနမှ မျှဝေရယူအသုံးပြုလျက်ရှိရာမှ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအတွက် သီးသန့် Fiber
Internet Access လျှောက်ထား၍ IP
VPN စနစ် အသုံးပြုနိုင်ရန် LAN
(Local Area Network) ချိတ်ဆက်
သွယ်တန်းခြင်းနှင့် စက်ပစ္စည်းများတပ်ဆင်ခြင်းတို့ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်နိုင်ခဲ့ပါသည်။