၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များ
အမျိုးသားရေးရည်မှန်းချက်အဖြစ် နိုင်ငံတော်အစိုးရက ချမှတ်ခဲ့သည့် မူဝါဒများတွင် e-Government ထူထောင်သွားရန်ဟူ၍ ပါရှိသည်နှင့်အညီ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး
ဌာနအနေဖြင့် ယင်းလုပ်ငန်းစဉ်များတွင် ဟန်ချက်ညီညီ ပါဝင်ဆောင်ရွက်သွားနိုင်ရေးအတွက် ဝန်ကြီးဌာနအတွင်း
Chief Information Officer (CIO) နှင့်
Assistant Chief Information Officer (ACIO) များ လုပ်ငန်းအဖွဲ့များကို
အဆင့်လိုက် သတ်မှတ်ဖွဲ့စည်း တာဝန်ပေးအပ်ခြင်းတို့ကို
ဆောင်ရွက်ထားရှိပြီးဖြစ်ကာ အစိုးရဌာနများအားလုံး တစ်ပြေးညီ အသုံးပြုနိုင်ရန် ရေးဆွဲထားရှိသည့် ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုစနစ်နှင့်
(Government Personnel Management System – GPMS) နှင့် အီလက်ထရောနစ်စာရွက်စာတမ်း
စီမံခန့်ခွဲမှုစနစ်
(Electronic Document Management System – EDMS) တို့ကို ဝန်ကြီးဌာနအတွင်း ထိရောက် ချောမွေ့စွာ အသုံးချဆောင်ရွက်သွားနိုင်ရေးအတွက်
EDMS အသုံးပြုနည်း ဌာနတွင်း ဆင့်ပွား သင်တန်းအမှတ်စဉ်(၁/၂၀၁၇) နှင့် GPMS အသုံးပြုနည်း ဌာနတွင်းဆင့်ပွားသင်တန်း
အမှတ်စဉ်
(၁/၂၀၁၇) တို့ကိုလည်း
ဖွင့်လှစ်ပို့ချနိုင်ခဲ့ပြီး ဖြစ်ပါသည်။