၂၀၂၁ -၂၀၂၂ ဘဏ္ဍာရေးနှစ်(၆)လအတွင်း လုပ်ငန်းဆောင်ရွက်ချက်
Image

၂၀၂၁ -၂၀၂၂ ဘဏ္ဍာရေးနှစ်()လအတွင်း လုပ်ငန်းဆောင်ရွက်ချက်

၁။      အသိပညာပေးခြင်း

          (က)    ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ပညာပေး အချက်အလက်များကို တိုင်းရင်းသားဘာသာသို့ ပြန်ဆို၍ သက်ဆိုင်ရာဒေသ အသီးသီးတွင် ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

          ()      ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေး ပိုစတာ()မျိုးအား တိုင်းရင်းသား ဘာသာ (၈၂) မျိုးဖြင့် ဘာသာပြန်ဆို၍ တိုင်းရင်းသားမျိုးနွယ်စုများထံသို့ ပေးပို့ နိုင်ခဲ့ပါသည်။

          (ဂ)     ၄-၁၁-၂၀၂၁ ရက်နေ့တွင် ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ရွာငံမြို့နယ်၊ တပင် ပျော်ကျေးရွာအုပ်စု၊ တပင်ပျော်ကျေးရွာဘုန်းကြီးကျောင်း၌ တရဲတိုင်းရင်းသားများ အား တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် နည်း ဥပဒေပါ အကြောင်းအရာများကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပါသည်။

          (ဃ)    ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိလမ်းတွင် ကျင်းပပြုလုပ်သည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ပွဲတော်နှင့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်း အမှတ်ပွဲတော်တို့တွင် ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ပြခန်းဖွင့်လှစ်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ()      တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် ၁၃--၂၀၂၂ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ဖွင့်လှစ်မည့် ဥပဒေရေးရာ ဆွေးနွေး ပွဲသို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်အမှာစကား ပြောကြားပြီး ဒုတိယဝန်ကြီးက တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့်နည်းဥပဒေတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပို့ချခဲ့ပါသည်။

          (စ)     တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်ကို တိုင်းဒေသကြီး/ ပြည်နယ်များတွင် (၁၀) ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။

Image