၂၀၂၀ -၂၀၂၁
ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်
၁။ အသိပညာပေးခြင်း
(က) ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း
၍ COVID-19 ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေး
ပိုစတာ(၈)မျိုးအား တိုင်းရင်းသား ဘာသာ (၁၁၆) မျိုးဖြင့် ဘာသာပြန်ဆို၍ တိုင်းရင်းသားမျိုးနွယ်စုများထံသို့ ပေးပို့ နိုင်ခဲ့ပါသည်။
(ခ)
COVID-19 ရောဂါနှင့်စပ်လျဉ်း၍
ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ပညာပေးအချက်အလက်များကို
တိုင်းရင်းသားဘာသာသို့ပြန်ဆို၍ သက်ဆိုင်ရာ ဒေသအသီးသီးတွင် ပညာပေးလုပ်ငန်းများ
ဆောင်ရွက်ပေးလျက်ရှိပါသည်။
(ဂ) ၂၂-၁-၂၀၂၁ ရက်နေ့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံ ခရိုင်ရုံးတွင် ကျင်းပပြုလုပ်သည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ Talk Show ဖြင့် အသိပညာပေးရေးလုပ်ငန်းကို မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမင်းတင်ဝင်း နှင့်အတူ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း ၁ ဦး ပူးပေါင်းပါဝင် ဆွေးနွေးခဲ့ပါသည်။
(ဃ) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ
၈-၂-၂၀၂၁ ရက်နေ့ ပြည်သူများသို့ပြောကြားသည့်မိန့်ခွန်းကို ညွှန်ကြားရေးမှူးချုပ်မှ ဝန်ထမ်းများအား ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားအား ၂၅-၂-၂၀၂၁ ရက်နေ့တွင် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ (၂) ကြိမ်ခွဲ၍ ကျင်းပခဲ့ရာ အရာထမ်း ၁၈ ဦးနှင့် အမှုထမ်း ၃၆ ဦး၊ စုစုပေါင်း ၅၄ ဦး တက်ရောက်ခဲ့ပါသည်။
(င) တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁
ဘဏ္ဍာရေးနှစ် အတွင်း “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ
ပညာပေးဟောပြောခြင်းနှင့်ရပ်ရွာ အခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို
ဆန်းစစ်စီမံခြင်း အစီ အစဉ်”ကို တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်
(၂) ကြိမ်စီ ဆောင်ရွက်နိုင်ရန်
လျာထားဆောင်ရွက်လျက်ရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ (အောက်တိုဘာလမှ စက်တင်ဘာလ)အတွင်း
ဧပြီလတွင် (၁)ကြိမ်၊ မေလတွင် (၁)ကြိမ်၊ စုစုပေါင်း (၂)ကြိမ်
ဆောင်ရွက်ပြီးစီးခဲ့ပါသည်။