၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်
Image

၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်

၁။      အသိပညာပေးခြင်း

          (က)    တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်များကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်း (၃၂) ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။

          ()      ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သည့် (၆၄) နှစ်မြောက်၊ ကရင် ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်တွင် လည်းကောင်း၊ ကရင်ပြည်နယ် ဘားအံမြို့၊ သီရိကွင်း၌ ၂၅-၁၂-၂၀၁၉ မှ ၂၇-၁၂-၂၀၁၉ ရက်နေ့အထိ ကျင်းပခဲ့သည့် ကရင် နှစ်သစ်ကူးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် လည်းကောင်း၊ ရန်ကုန်မြို့၊ ကျိုက္ကဆံအားကစားကွင်းတွင် ၁-၂-၂၀၂၀ မှ ၇-၂-၂၀၂၀ ရက်နေ့ထိ ကျင်းပပြုလုပ် ခဲ့သည့် သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော်ကြီးတွင်လည်းကောင်း၊ ၁၀-၂-၂၀၂၀ မှ   ၁၂-၂-၂၀၂၀ ထိ မန္တလေးတိုင်းဒေသကြီးတွင်ကျင်းပပြုလုပ်ခဲ့သည့် ၇၃ ကြိမ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသားလူမျိုးစုများ ဈေးရောင်းပွဲတော်နှင့် တိုင်းရင်းသားယဉ်ကျေးမှု ပဒေသာကပွဲတွင်လည်းကောင်း၊ ပဲခူးမြို့၊ ရွှေမော်ဓော ဘုရားယာဉ်ရပ်နားကွင်း၌  ကျင်းပခဲ့သည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်း အနားတွင် လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ကရင်ပြည်နယ်တွင် ၁၁-၂-၂၀၂၀ မှ ၁၃-၂-၂၀၂၀ ထိလည်းကောင်း တိုင်းရင်းသားများ၏ ရိုးရာ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများ၊ ရိုးရာအသုံးအဆောင်များ၊ တူရိယာပစ္စည်းများနှင့်ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကိုအများပြည်သူ သိရှိလေ့လာနိုင်စေရန် ပြခန်းများဖွင့်လှစ်၍ အသိပညာပေးခြင်းကို ဆောင်ရွက်နိုင် ခဲ့ပါသည်။

          (ဂ)     ၁၇-၈-၂၀၂၀ ရက်နေ့တွင် ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်သော တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ကော်မတီများ စကားဝိုင်းဆွေးနွေးပွဲ တွင်အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးရေး ညွှန်ကြားချက်နှင့် လူမျိုးပြုန်းတီးစေမှုကို တားဆီးနိုင်ရေးနှင့် ပြစ်ဒဏ်ပေးနိုင်ရေး နိုင်ငံတကာသဘောတူစာချုပ်ကိုလိုက်နာဆောင်ရွက်နိုင်ရေးညွှန်ကြားချက်များအား အသိပညာပေးဟောပြောခဲ့ပါသည်။

Image