၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်
Image

၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်

၁။      အသိပညာပေးခြင်း

            (က)    မြန်မာနိုင်ငံရှိ တိုင်းရင်းသားမျိုးနွယ်စုများ၏ နောက်ခံသမိုင်း၊ နေထိုင်ရာဒေသနှင့် အထင်ကရ နေရာများ၊ ရိုးရာဓလေ့ထုံးတမ်းများ၊ ပွဲတော်များ၊ ရိုးရာအကများ၊ တိုင်းရင်းသားရိုးရာအစားအသောက်များ၊ သဘာဝတွင်းထွက်များစသည့် သိမှတ်ဖွယ် အချက်အလက်များ ဖော်ပြသည့် လက်ကမ်းစာစောင်များကို ပြုစုခဲ့ရာ ၂၀၁၈ ခုနှစ် မတ်လကုန်အထိ အဓိကလူမျိုးစုကြီး ၈ မျိုး အပါအဝင် တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၄၀ ၏ အချက်အလက်များကို မြန်မာ-အင်္ဂလိပ် ၂ ဘာသာဖြင့် ထုတ်ဝေနိုင်ခဲ့ပြီး ဖြစ်ပါသည်။

          ()      ပဲခူးတိုင်းဒေသကြီး ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီက ကြီးမှူး၍ ၂၆-၃-၂၀၁၈ ရက်နေ့မှ ၃၁-၃-၂၀၁၈ ရက်နေ့ထိ ဖွင့်လှစ်ခဲ့သည့် စကောကရင်စာပေ သင်ကြားပေး သည့်ဆရာ၊ ဆရာမများ အရည်အချင်းမြှင့်တင်ရေး နွေရာသီ မွမ်းမံသင်တန်းတွင် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနဆိုင်ရာ သိမှတ် ဖွယ်ရာများအား အသိပညာပေး ဟောပြောပို့ချခြင်း တစ်ကြိမ်ကိုလည်း ဆောင်ရွက် နိုင်ခဲ့ပါသည်။

Image