၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များ
Image

၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များ

လေ့လာသုတေသနပြုခြင်း

          (က)    စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်နှင့် ဗန်းမောက်မြို့နယ်တို့မှ ဗမာ တိုင်းရင်းသားမျိုးနွယ်စုဝင် ကတူး၊ ကနန်းတိုင်းရင်းသားတို့၏ စာပေပေါ်ထွန်းလာ ရေးအတွက် ကူညီဆောင်ရွက်ခဲ့ပါသည်။

          ( ခ )    မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားများပျံ့နှံ့နေထိုင်ပုံများကို စာအုပ်စာတမ်းများမှ ရှာဖွေ၍ စုဆောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာ တိုင်း ဒေသကြီးနှင့် ပြည်နယ်အလိုက် တိုင်းရင်းသားမျိုးနွယ်စု (၉၀) ခန့်၏ ပျံ့နှံ့နေထိုင်မှု များကို မှတ်တမ်း ပြုစုခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ()     “တိုင်းရင်းသားများ၏ သက်မွေးဝမ်းကျောင်းဆိုင်ရာ ရိုးရာလက်မှုပညာများအား လေ့လာ သုတေသနပြုခြင်းအစိုးရဌာနများမှဆောင်ရွက်လျက်ရှိသော သက်မွေး ပညာသင်တန်းများနှင့်သင်တန်းကျောင်းများခေါင်းစဉ်များဖြင့် သုတေသနစာတမ်း ရေးသားခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

          ( )   “တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်များ၊ ရိုးရာပွဲတော်အခမ်းအနားများ ကျင်းပခြင်းဆိုင်ရာ ဓလေ့ထုံးတမ်းများသုတေသနစာတမ်းရေးသားခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။

Image