၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များ
Image

၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များ

လေ့လာသုတေသနပြုခြင်း

          တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကို ဥပဒေနှင့်အညီ ဖြည့်ဆည်းပေးနိုင်ရေး အတွက် သုတေသနလုပ်ငန်းများကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -

          (က)    မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာမဟာဗျူဟာ (၂၀၁၉−၂၀၂၈) ကိုရေးဆွဲရန်အတွက် တိုင်းရင်းသားရေးရာ အခြေခံအချက်များ စစ်တမ်းကောက်ယူခြင်း အစီအစဉ်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ၆၄ ကြိမ် ဆောင်ရွက်နိုင်ခဲ့သဖြင့် ရာနှုန်းပြည့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။

          ( ခ)    ၂၀၂၀၁၉ ရက်နေ့တွင် နေပြည်တော်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းရင်းသားဘာသာစကား သင်ကြား သင်ယူမှု၏ ထိရောက်အောင်မြင်မှုအခြေအနေ သုတေသနအစီရင်ခံစာ တင်ပြခြင်း အခမ်းအနားသို့ အရာထမ်း ၁၇  ဦးနှင့် အမှုထမ်း ဦး၊ စုစုပေါင်း  ၁၈ ဦး တက်ရောက်ခဲ့ပါသည်။

          ( )    မြန်မာနိုင်ငံအတွင်း သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် တိုင်းရင်သား မျိုးနွယ်စု ၉၀ ခန့်၏ ပျံ့နှံ့နေထိုင်မှုများကို စာအုပ်စာတမ်းများမှ ရှာဖွေကောက်နှုတ် စုစည်း၍ မှတ်တမ်းပြုစုနိုင်ခဲ့ပါသည်။

Image