၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များ
လေ့လာသုတေသနပြုခြင်း
ချင်းတိုင်းရင်းသားလူမျိုးများ၏ ဓလေ့ထုံးတမ်းကို လေ့လာခြင်း ဥပဒေစာတမ်း အပိုင်း
(၁) အား ပြုစုနိုင်ခဲ့ပါသည်။
ထို့ပြင် ဒေသအသီးသီးတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွား ဘဝ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန်၊ တိုင်းရင်းသားဒေသများတွင် မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုး တက်ပြီး ခိုင်မာသောငြိမ်းချမ်းရေးကိုဖြစ်ပေါ်စေမည့် သတင်းအချက်အလက်များဖြန့်ချီနိုင်ရန်နှင့် သယံဇာတများကို အကျိုးရှိစွာအသုံးချနိုင်စေရေးအတွက် အသိပညာပေးရန် ဟူသော ရည်ရွယ်ချက် များဖြင့် တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဖိုရမ် (Ethnic Sustainable Development Forum) ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၈
ရက်မှ ၁၉ ရက်အထိ နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပနိုင်ခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်ဒုတိယသမ္မတ(၂)
ဦးဟင်နရီ ဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒေါက်တာ ဝင်းမြတ်အေးနှင့် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်လှထွန်း၊ ဒေါက်တာထွန်းနိုင်၊ ဦးအောင်ထူး နှင့်ဦးဝင်းမော်ထွန်း၊ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ပါမောက္ခဒေါက်တာအောင်ထွန်းသက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသများမှ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်များ၊ NGO, INGO အဖွဲ့ များမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြား ထားသည့် ဧည့်သည်များ၊ ပြည်တွင်း ပြည်ပသတင်းမီဒီယာများနှင့် တာဝန်ရှိသူများ၊ စုစုပေါင်း ၂၄၀ ဦး တက်ရောက်ခဲ့ကြပါသည်။
တိုင်းရင်းသားလူမျိုးများနှင့် ယင်းတို့၏ဒေသများတွင် ရေရှည်ဖွံ့ဖြိုးတည်တံ့သော အကျိုး စီးပွားတိုးတက်မှုများ ဖြစ်ထွန်းလာစေရေးအတွက် ဆောင်ရွက်သင့်သော စီးပွားရေးကဏ္ဍ၊ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားမီဒီယာကဏ္ဍနှင့် သယံဇာတများမှရရှိသည့် အကျိုးအမြတ်များ ခွဲဝေအသုံးချမှုကဏ္ဍဆိုင်ရာဆွေးနွေးချက် ရလဒ် ၂၈ ချက်ကို ဖော်ထုတ်နိုင်ခဲ့ပါသည်။