၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များ
လူမှုဘဝများ
မြင့်မားရေးအတွက် ဆောင်ရွက်ခြင်း
ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့်
တိုင်းရင်းသားလူမျိုးများနှင့် ၎င်းတို့၏ဒေသများ၌ ပညာရေး၊ ကျန်းမာရေး၊
စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေး စသည့်ကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်မှု ရရှိ စေရန်
သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊ ဆက်စပ်ပတ်သက်သူများနှင့်
ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပေးခြင်းတို့ကို၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (အောက်တိုဘာလမှ စက်တင် ဘာလ) ကာလအတွင်း အောက်ပါအတိုင်း
ဆောင်ရွက်နိုင်ခဲ့ပါသည်-
(က) တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊
တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနနှင့် HELVITAS Myanmar တို့ပူးပေါင်း၍ “ငြိမ်းချမ်းခြင်း အနုပညာအစီ အစဉ်” နားလည်မှုစာချွန်လွှာ (MOU) မူကြမ်း လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ပါသည်။
(ခ) ကိုရီးယားသမ္မတနိုင်ငံ
Ministry of Economy and Finance မှ ၂၀၂၂-၂၀၂၃
ခုနှစ် အတွက် အသိပညာမျှဝေပေးရေး 2022-2023 KSP အစီအစဉ်ဖြင့်
အကောင် အထည်ဖော် ဆောင်ရွက်လိုသည့် စီမံချက်များအား DACU Template နှင့် Project Proposal တို့တွင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့်
အဆိုပြုလွှာများပေးပို့ဆောင်ရွက် ခဲ့ပါသည်။
(ဂ) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ
ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်တွင် မှတ်ပုံတင်မရရှိသေးသူများ
မှတ်ပုံတင်ရရှိရေးအတွက် သက်ဆိုင်ရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့်
ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
(ဃ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ
အထူး ရန်ပုံငွေ(၂၀၂၂)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လိုသည့် စီမံကိန်း
များကို Project Proposal ၊ Budget Proposal အင်္ဂလိပ်ဘာသာဖြင့်၏ အဆိုပြုလွှာများ ပေးပို့ဆောင်ရွက်ခဲ့ပါသည်။
(င) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီ ယွမ် ၄
ဘီလီယံဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လိုသည့် စီမံကိန်းများကို
ဦးစားပေးအစီအစဉ်အလိုက် ပြန်လည် စိစစ်၍ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့်
အဆိုပြုလွှာများပေးပို့ ဆောင်ရွက်ခဲ့ ပါသည်။
(စ) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ
ထားဝယ်မြို့နယ်၊ အမြှားကျေးရွာ အုပ်စုရှိ နေရပ်ပြန်
တိုင်းရင်းသားများအတွက် သွပ်ပြားချပ်(၂၀၀၀)၊ မိုးကာစ (၂၅၀၀)ကိုက်နှင့် သွပ်ရိုက်သံ (၅၈.၂)ပိဿာတို့ကို
ထောက်ပံ့ပေးခဲ့ရာ တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်
ကရင် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနှင့်အတူ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ အရာထမ်း ၁ ဦးက သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။
(ဆ) နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့်
နိုင်ငံသားများအကျိုးကို အထောက်အကူပြုနိုင်
စေရန်နှင့်လူမှုအဖွဲ့အစည်းများ
ခိုင်မာအားကောင်းစေရန်အတွက် ကောင်းမွန်သော ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များဖြင့် တိုင်းရင်းသားရေးရာကိစ္စရပ်များအား အကောင်အထည်ဖော်ဆောင်ရွက်မည့် တိုင်းရင်းသားလူမျိုးများ၏လူမှုရေးအသင်း အဖွဲ့များ
မှတ်ပုံတင်ခွင့်ရရှိရေးအတွက် တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ စိစစ်၍
သဘောထားမှတ်ချက်များ ပြန်ကြားပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁
ဘဏ္ဍာ ရေးနှစ် (အောက်တိုဘာလမှစက်တင်ဘာလ)အထိ “တောင်တန်းဒေသအသင်း”၊ “ဇိုမီးရိုးရာဂီတမြှင့်တင်ရေးအသင်း” ၊
“မြန်မာနိုင်ငံ ဗမာတိုင်းရင်းသားလုပ်ငန်းရှင်
များအသင်း (တရားဝင်တည်ထောင်ထားသော) (Union of Myanmar Bamar Ethnic Entrepreneurs
AssociationInc.)”၊ “စုမ်းတူချင်းလူမှုဖွံ့ဖြိုးရေးဖောင်ဒေး ရှင်းအသင်း”“Sumtu Chin Social Development Foundation”နှင့်“ချင်းစာပေ
နှင့်ယဉ်ကျေးမှုအသင်း(ခါမ်းပတ်)တို့အား
ဖွဲ့စည်းမှတ်ပုံတင်နိုင်ရေး လျှောက်ထား
လာမှုအပေါ်
သဘောထားမှတ်ချက်ပြုပြန်ကြားပေးနိုင်ခဲ့ပါသည်။
(ဇ) မြောက်ဦးမြို့နယ်၊
ကြာကန်ကျေးရွာ မူလတန်းလွန်ကျောင်းဆောင်သစ် (၆၀×၃၀) ပေကိုဆောက်လုပ်ပေးပါရန် ကြာကန်ကျေးရွာ ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ
တင်ပြလာပါသဖြင့် ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးထံ
တင်ပြပေးခဲ့ပါသည်။ ထိုမှတဆင့်
လူမှုရေးဝန်ကြီးထံသို့ ဆက်လက်တင်ပြခဲ့ရာ အခြေခံပညာဦးစီးဌာနမှ ၂၀၁၉-၂၀၂၀
ဘဏ္ဍာရေးနှစ်တွင် ဘုန်းတောက်ထွန်းကုမ္ပဏီနှင့် ဆောက်လုပ်ခဲ့ရာ
ခေါင်မိုးမိုးပြီးဖြစ်၍ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက်
လျက်ရှိပါသည်။
(ဈ) ကျောက်တော်မြို့နယ်၊ ကြာညိုအင်းကျေးရွာ
မူလတန်းလွန်ကျောင်းသစ် (၆၀ × ၃၀ × ၁၂) ပေကို RCC
(၁)ထပ် ဆောက်လုပ်ပေးပါရန် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသားများကတင်ပြလာပါသဖြင့်
ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးထံ သို့
တင်ပြပေးခဲ့ပါသည်။ ထိုမှတဆင့် လူမှုရေးဝန်ကြီးထံ ဆက်လက်တင်ပြခဲ့ရာ ၂၀၁၉-၂၀၂၀
ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန်ဖြစ်သော်လည်း ဒေသလုံခြုံရေး အခြေအနေကြောင့် ဖောင်ဒေးရှင်းအဆင့်ပြီးစီး၍ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး
နှစ်တွင် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
(ည) ၂၂-၁-၂၀၂၁
ရက်နေ့တွင် တိုင်းရင်းသားလူမျိူးများရေးရာဝန်ကြီးဌာန၏ ညွှန်ကြား ချက်အရ
တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခွဲဝေပံ့ပိုး သော
ငွေကျပ် (၆၃.၉)သိန်းနှင့်ညီမျှသည့်
ဆန်(၂၂၂)အိတ်နှင့် တိုင်းဒေသကြီး Coronavirus Disease 2019
(COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ပံ့ပိုးသော ကိုရီးယားသမ္မတနိုင်ငံမှ
လှူဒါန်းသည့် ဆန်(၄.၃၇) တန်ကို ထားဝယ်
မြို့နယ်၊ အမြှားကျေးရွာအုပ်စုရှိ အင်းတပုံကျေးရွာ၊ မင်းငိုကျေးရွာ၊ ထောမဖြိုး ကျေးရွာနှင့်
မောထကျေးရွာများရှိ အိမ်ခြေ(၁၃၄)၊ အိမ်ထောင်စု(၁၃၄)၊ လူဦးရေ (၇၁၀)ဦးခန့်ကို
စားနပ်ရိက္ခာထောက်ပံ့နိုင်ရေးအတွက် ကရင်တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးနှင့်အတူ
ထားဝယ်ခရိုင် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု
ဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ
တာဝန်ရှိသူများ သွားရောက်ခွဲဝေဖြန့်ဖြူးပေးခဲ့ပါသည်။
(ဋ) ၁၀-၅-၂၀၂၁ ရက်နေ့မှ ၈-၁၀-၂၀၂၁ ရက်နေ့အထိ နယ်စပ်ဒေသတိုင်းရင်းသား
လူငယ်များစက်မှုလက်မှုသင်တန်းကျောင်း(ပုဏ္ဏားကျွန်း၊ကျောက်ဖြူ)တွင် ဖွင့်လှစ်
ပို့ချမည့် သင်တန်းသို့ ပုဏ္ဏားကျွန်းအတွက် ဒိုင်းနက်၂ ဦး၊ သက်၂ ဦး၊ အရှိုချင်း၂
ဦး၊ မြို ၄ ဦး၊ စုစုပေါင်း ၁၀ ဦးနှင့် ကျောက်ဖြူအတွက် မြို ၂ ဦး၊ လေးတူချင်း ၁ ဦး၊
သက် ၁ ဦး၊ ဒိုင်းနက် ၁ ဦး၊ စုစုပေါင်း ၅ ဦးတို့အား သင်တန်းတက်ရောက်နိုင်ရေး
ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
(ဌ) ၁၇-၅-၂၀၂၁ ရက်နေ့မှ ၁၇-၉-၂၀၂၁ ရက်နေ့အထိ
သင်တန်းကာလ (၁၆)ပတ်ကြာ အမျိုးသမီးအိမ်တွင်းမှု
အသက်မွေးပညာသင်တန်းကျောင်း (မင်းပြား)၌
ဖွင့်လှစ်ပို့ချ မည့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းသို့
ဒိုင်းနက်(သက္ကမ) ၈ ဦး တက် ရောက်နိုင်ရေး ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ
ညှိနှိုင်းဆောင်ရွက်ပေး နိုင်ခဲ့ပါ သည်။
(ဍ) ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊
ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းနှင့်ချိတ်ဆက်ညှိနှိုင်း၍ ရှမ်း၊ ဗမာနှင့်
လားဟူတိုင်းရင်းသားများ နေထိုင်သည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊
ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့နှင့်(၁၀) မိုင်အကွာရှိ ဖန်လန်းကျေးရွာအုပ်စု၊ ဖန်လန်းကျေးရွာတွင်
“ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှု နည်းပညာသင်တန်း”ကို ၁၁-၆-၂၀၂၁ ရက်နေ့မှ ၂၅-၆-၂၀၂၁
ရက်နေ့ အထိ ဖွင့်လှစ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူ ၃၂ ဦး တက်ရောက်နိုင်ရန်အတွက်
ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးက စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။
(ဎ) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ ဘက်စုံဖွံ့ဖြိုးတိုး တက်စေမည့် ကိစ္စများဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ၏ ခွင့်ပြုရန်ပုံငွေရရှိနိုင်ရေး တင်ပြဆောင်ရွက်လျက်ရှိပါသည်။
(ဏ) ၁-၇-၂၀၂၁
ရက်နေ့မှ ၃၁-၁၂-၂၀၂၁ ရက်နေ့အထိ သင်တန်းကာလ (၆)လကြာ လက်ရက်ကန်းသင်တန်းကို
အသေးစားစက်မှုလက်မှုဦးစီးဌာန၊ ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်း၊
စစ်တွေမြို့၌ ဖွင့်လှစ်ခဲ့ရာ ဒိုင်းနက် ၄ ဦး၊ မြို
၅ ဦး နှင့် အရှိုချင်း ၁ ဦး၊ စုစုပေါင်း ၁၀ ဦး တက်ရောက်နိုင်ရေး ရခိုင်ပြည်နယ်
ညွှန်ကြားရေးမှူးရုံးမှ ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
(တ) ဗန်းမောက်မြို့နယ်၊ လိပ်စောကျေးရွာတွင် ကနန်းတိုင်းရင်းသားများ၏ မတည် ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော “ကနန်းတိုင်းရင်းသားများ စာပေ/ ယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးကော်မတီရုံး” ဆောက်လုပ်ရန် လိုအပ်လျက်ရှိသည့်
ရန်ပုံငွေ ကျပ် ၂၅,၃၈၁,၇၀ဝိ/-ကို ကူညီထောက်ပံ့ပေးရန် ကနန်းတိုင်းရင်းသား တို့၏ တင်ပြချက်နှင့်စပ်လျဉ်း၍ စစ်ကိုင်းတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ တိုင်းရင်းသားရေးရာဝန်ကြီးထံ တင်ပြတောင်းခံခဲ့ရာ ခွင့်ပြု ပေးအပ်ခဲ့သည့် အတွက် “စာပေ/ယဉ်ကျေးမှုနှင့်ဒေသဖွံ့ဖြိုးရေးကော်မတီရုံး” အပြီး သတ်ဆောက်လုပ်နိုင်ရေး
ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
(ထ) ဗန်းမောက်မြို့နယ်၊ စက်တောကျေးရွာတွင် ကတူးတိုင်းရင်းသားများ၏ မတည် ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော “ကတူးအမျိုးသား ဗဟိုကော်မတီရုံး” ဆောက်လုပ်ရန်လိုအပ်လျက်ရှိသည့် ရန်ပုံငွေ ကျပ် ၁၂,၉၇၅,၀၀ဝိ/- ကို
ကူညီထောက်ပံ့ပေးရန် ကတူးအမျိုးသားအဖွဲ့ဗဟိုကော်မတီ၏ တင်ပြချက်နှင့် စပ်လျဉ်း၍ စစ်ကိုင်းတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးထံ တင်ပြတောင်းခံခဲ့ရာ ခွင့်ပြုပေးအပ်ခဲ့သည့်အတွက် ကတူး တိုင်းရင်းသား များ၏ “ကတူးအမျိုးသားဗဟိုကော်မတီရုံး” ဖြစ်ပေါ်လာရေးကို ကူညီဆောင်ရွက် ပေးခဲ့ပါသည်။
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း
စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာနမှ ဝန်ထမ်းများအနေဖြင့် ၂၀၂၀-၂၀၂၁
ဘဏ္ဍာရေးနှစ်
(အောက်တိုဘာလမှစက်တင်ဘာလ) ကာလအတွင်း ဌာနတွင်းသင်တန်းများနှင့် ပြည်တွင်းသင်တန်းများသို့
အောက်ပါအတိုင်း တက်ရောက်နိုင်ခဲ့ပါသည်-
(က) ၅-၁၀-၂၀၂၀
ရက်နေ့မှ ၂၃-၁၀-၂၀၂၀ ရက်နေ့အထိ
IAI အစီအစဉ်ဖြင့် နေပြည်တော်၌ E-Learning စနစ်ဖြင့် ဖွင့်လှစ်သည့် Intermediate English Language and
Communication Skills သင်တန်းသို့ အရာထမ်း ၁ ဦး တက် ရောက်ခဲ့ပါသည်။
(ခ) ၂၄-၁၀-၂၀၂၀ ရက်နေ့မှ ၂၈-၁၁-၂၀၂၀ ရက်နေ့အထိ ကယားပြည်နယ်အစိုးရ အဖွဲ့ရုံး၏
ညွှန်ကြားမှုအရ ငြိမ်းဖောင်ဒေးရှင်းမှ အပတ်စဉ် စနေနေ့တိုင်း ဖွင့်လှစ်ပို့ ချသည့် “ငြိမ်းချမ်းရေးတည်ဆောက်မှုသင်တန်း(စနေကျောင်း)” Online Training (Zoom Meeting) သို့ ကယားပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း ၂ ဦး တက်ရောက်ခဲ့ပါသည်။
(ဂ) ၁၆-၁၁-၂၀၂၀ ရက်နေ့မှ ၂၀-၁၁-၂၀၂၀ ရက်နေ့အထိ ဂျာမဏီအပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(GIZ)မှ ဖွင့်လှစ်ပို့ချသည့်
“ အခြေခံစိတ်ကျန်းမာရေး နှင့်စိတ်လူမှုဆက်ဆံရေးဆိုင်ရာ အထောက်အပံ့ပေးခြင်း (Basic Mental Health & Psychosocial Support) Online သင်တန်း”သို့ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူး ရုံးမှ အမှုထမ်း
၁ ဦး တက်ရောက်ခဲ့ပါသည်။
(ဃ) ၁-၁၂-၂၀၂၀ ရက်နေ့မှ ၃-၁၂-၂၀၂၀ ရက်နေ့အထိ UNESCO-Myanmar နှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့
ပူးပေါင်း ကျင်းပပြုလုပ်သည့် “သတင်းအချက်အလက် ဖရိုဖရဲဖြစ်မှုနှင့်
အမုန်းစကားတိုက် ဖျက်ရေးဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ရေး လေ့ကျင့်ပေးမှုအစီအစဉ်”
သင်တန်း သို့ ဝန်ကြီးဌာနမှ အရာထမ်းနှင့်အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။
(င) ၁၄-၁-၂၀၂၁ ရက်နေ့မှ ၁၈-၁-၂၀၂၁ ရက်နေ့အထိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊
ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုသင်တန်း ကျောင်းတွင် ဖွင့်လှစ်ပို့ချသည့်
Project Appraisal Guideliness နှင့် Project Monitoring Software (PPMS) အသုံးပြုခြင်းနှင့်စပ်လျဉ်းသည့်
Online သင်တန်း သို့ ဝန်ကြီးဌာနမှ အရာထမ်း
၃ ဦး တက်ရောက်ခဲ့ပါသည်။
(စ) ၁၄-၁-၂၀၂၁ ရက်နေ့မှ ၈-၂-၂၀၂၁ ရက်နေ့အထိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု
သင်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချသည့်
ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် စီမံကိန်းနှင့်ဘတ်ဂျက်ရေးဆွဲခြင်း ဆိုင်ရာသင်တန်းသို့
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာနမှ အရာထမ်း ၁ ဦး တက်ရောက်ခဲ့ပါသည်။
(ဆ) ၁၈-၁-၂၀၂၁ ရက်နေ့မှ ၅-၂-၂၀၂၁ ရက်နေ့အထိ IAI
အစီအစဉ်ဖြင့်
နေပြည်တော် ၌ E-Learning စနစ်ဖြင့် ဖွင့်လှစ်သည့် “Advanced English Language and Communication
Skills” သင်တန်းသို့
ဝန်ကြီးဌာနမှ
အရာထမ်း ၁ ဦး တက်ရောက်ခဲ့ပါသည်။
(ဇ) ၂၉-၁-၂၀၂၁ ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊
လူမှုဝန်ထမ်းဦးစီးဌာနနှင့် UN Womenတို့ ပူးပေါင်းကျင်းပ သည့်
“COVID-19 နှင့် အမျိုးသမီးငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူမှုသဟဇာတ
မျှတရေးနှင့်ပတ်သက်ပြီး အမျိုးသမီးများ ကျား၊ မ
ရေးရာအပေါ် သက်ရောက်မှုများ Virtual သင်တန်း” သို့ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ အရာထမ်း
၂ ဦး တက်ရောက်ခဲ့ပါသည်။
(ဈ) ၂၉-၁-၂၀၂၁ ရက်နေ့နှင့် ၁-၂-၂၀၂၁ ရက်နေ့တို့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ရုံးအမှတ်
(၃၄)၊ အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ပို့ချမည့်
FIRST စနစ် သင်တန်းသို့ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ
အရာထမ်း ၁ ဦးနှင့် အမှုထမ်း ၁ ဦး တက်ရောက်ခဲ့ပါသည်။
(ည) ၁၇-၂-၂၀၂၁ ရက်နေ့မှ ၁၈-၂-၂၀၂၁ ရက်နေ့အထိ အိန္ဒိယနိုင်ငံမှ ကြီးမှူးကျင်းပ သည့် e-ITEC short
training Workshop for Policymakers:Gender Inclusive Governance for Policymakers
သင်တန်းသို့ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ
အရာထမ်း ၁ ဦး တက်ရောက်ခဲ့ပါသည်။
(ဋ) ၇-၄-၂၀၂၁ ရက်နေ့တွင် ဝန်ကြီးဌာနတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့်
ဝန်ထမ်းများ အသိပညာတိုးပွားစေရန်နှင့် စွမ်းဆောင်ရည်မြှင့်တင်ရန်အတွက် “ရခိုင်ရိုးရာဓလေ့ထုံးစံများ” အကြောင်းကို အမှုထမ်း ၁
ဦးက Power Point ဖြင့် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။
(ဌ) ၁၉-၆-၂၀၂၁ ရက်နေ့တွင် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနက
Field Day အစီ အစဉ်ဖြင့် ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း ကာလတိုသင်တန်းသို့
စစ်ကိုင်း တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း ၁ ဦး တက်ရောက်ခဲ့ပါသည်။
(ဍ) ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာ နှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနက Online
learning စနစ်ဖြင့် ဖွင့်လှစ်ပို့ချပေးခဲ့ သည့် e-Government နှင့်
ICT ဆိုင်ရာ
သင်တန်းများသို့
တက်ရောက်စေခဲ့ပြီး
ဝန်ကြီးဌာနတွင်း ကွန်ပျူတာ အခြေခံသင်တန်းများကိုလည်း အခါအားလျော်စွာ
ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။