၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များ
လူမှုဘဝများ
မြင့်မားရေးအတွက် ဆောင်ရွက်ခြင်း
ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့်
တိုင်းရင်းသားလူမျိုးများနှင့် ၎င်းတို့၏ဒေသများ၌ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်လမ်းပန်းဆက်သွယ်ရေးစသည့် ကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊ ဆက်စပ်ပတ်သက်သူများနှင့် ညှိနှိုင်း
ပူးပေါင်းဆောင်ရွက်ပေးခြင်းတို့ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အောက်ပါအတိုင်း ဆောင်ရွက် နိုင်ခဲ့ပါသည်-
(က) ရခိုင်ပြည်နယ်၊
စစ်တွေမြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်း နှင့် နည်းပညာသင်တန်းကျောင်းတွင်
၂၃-၁၀-၂၀၁၉ ရက်နေ့မှ စတင်ဖွင့်လှစ်သည့် အခြေခံ အပ်ချုပ်စက်သင်တန်းသို့
မြိုတိုင်းရင်းသူ ၃ ဦး တက်ရောက်နိုင်ရေးနှင့် ၁-၁-၂၀၂၀ ရက်နေ့မှ ၃၀-၆-၂၀၂၀ ရက်နေ့အထိ ၆ လကြာ ဖွင့်လှစ်ပို့ချမည့် အခြေခံ လက်ရက်ကန်းသင်တန်းသို့ တိုင်းရင်းသားလူငယ် ၁၃ ဦး တက်ရောက်နိုင်ရေးတို့ အတွက်
သက်ဆိုင်ရာသို့ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
(ခ) ထားဝယ်မြို့နယ်၊ မေတ္တာမြို့၊
အမြှားကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ ပေးအပ်နိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဦးစီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနထံမှ အလူဇင့်သွပ်
ချပ်ရေ ၁၀၀၀ ကို လက်ခံရယူ၍ ဖြန့်ဝေပေးနိုင်ခဲ့ပါသည်။
(ဂ) မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်ရှိ ကျေးရွာ ၁၂
ရွာနှင့် ဆောမြို့နယ်ရှိ ကျေးရွာ ၁ ရွာတို့၏ လျှပ်စစ်မီးလိုအပ်ချက်အတွက် တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် ညှိနှိုင်း၍ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
(ဃ) ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ
မိုင်းနား (KBC) IDP စခန်းရှိ တိုင်းရင်း သားများ စစ်ဘေးရှောင်စခန်း
အတွက် ထောက်ပံ့ငွေ ၁၀၀၀၀၀၀/-(ကျပ်တစ်ဆယ် သိန်း) ကိုလည်းကောင်း၊ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် လက်ပံကျေးရွာ၌ ၂၂-၁၂-၂၀၁၉ ရက်နေ့တွင် မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ (၁၅)
လုံးအတွက် ထောက်ပံ့ငွေ ၁၅၀၀၀၀၀/- (ကျပ်တစ်ဆယ့်ငါးသိန်း)
ကိုလည်းကောင်း၊ ရခိုင်ပြည် နယ်၊ အမ်းမြို့နယ်နှင့် ဒါးလက်ကျေးရွာအုပ်စုတို့မှ
မကွေးတိုင်းဒေသကြီး မင်းတုန်း မြို့နယ် စေတုတ္တရာမြို့နယ်နှင့် ငဖဲမြို့နယ်တို့သို့
စစ်ဘေးရှောင် ခိုလှုံလာသော တိုင်းရင်းသားအိမ်ထောင်စု (၄၂)
စုတို့အတွက် တစ်စုလျှင် ၂၀၀၀၀၀/- နှုန်းဖြင့် ထောက်ပံ့ငွေကျပ်
၈၄၀၀၀၀၀/- (ကျပ် ရှစ်ဆယ့်လေးသိန်း)ကို ထောက်ပံ့
ပေးအပ် ခဲ့ပါသည်။
(င) မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊
ဆင်ရင်အရှိုချင်း ကျေးရွာတွင် သောက်ရေ ကန် ၂ ကန် ဆောက်လုပ်ရန်နှင့်
ရေသွယ်ပိုက်များ တပ်ဆင်ရန် ကုန်ကျမည့်
ငွေကျပ် ၁၃၅ သိန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏
ရန်ပုံငွေတွင် ထည့်သွင်းလျာထားနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးရှိ
ဦးစီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
(စ) ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ပြင်ယောင်းကျေးရွာအုပ်စု၊ ရွှေတောင်ကျေးရွာနှင့် ကျောက်တော်မြို့နယ်၊ တောင်မင်းကုလား ကျေးရွာအုပ်စု၊ သံချောင်းကျေးရွာ တို့တွင် ရေကန်သစ် ၁ ကန်စီ တူးဖော်နိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ညှိနှိုင်းပေးခြင်းကို ဆောင်ရွက်နိုင်ခဲ့ပါသည်။
(ဆ) ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွင်း တိုင်းရင်းသားဘာသာသင် နေ့စားလပေး ဆရာ၊ ဆရာမများ ခန့်ထားနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ခေါ်ယူခဲ့သည့် လျှောက်လွှာများကို
စိစစ်ပေးခဲ့ပြီး
လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက် ဆောင်ရွက်နိုင်ရန် ပညာရေးဝန်ကြီးဌာနသို့ ပေးပို့ခြင်းကို ဆောင်ရွက်နိုင်ခဲ့ပါသည်။
(ဇ) စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ပေပင်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် အုတ်ညှပ်တစ်ထပ် စာသင်ကျောင်းဆောင် (၁၀၀ ပေ×
၃၀ ပေ ×၂၈ ပေ)
ကို ကျေးရွာလူထု၏ ထည့်ဝင်ငွေဖြင့် ၆၀% ဆောင်ရွက်ခဲ့ပြီးဖြစ်၍ ပညာရေးဝန်ကြီးဌာနသို့ ညှိနှိုင်းပေးခဲ့ရာ အပြီးသတ်တည်ဆောက်နိုင်ရန် လိုအပ် သော
ရန်ပုံငွေ ကျပ် ၉၄.၀၀ သိန်း
(ကျပ်ကိုးဆယ့်လေးသိန်းတိတိ)
ကို ပညာရေး ဝန်ကြီးဌာန၏ ပြင်ဆင်ထိန်းသိမ်းစရိတ် ရန်ပုံငွေခေါင်းစဉ်အောက်မှ ခွင့်ပြုခွဲဝေပေး ခဲ့ပါသည်။
(ဈ) စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ကက်သာအုပ်စု၊ ကက်သာ ကျေးရွာ တောင်ယာတောရပ်ကွက်၌ ၂၀၁၆ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့သည့် ကိုယ့်အား ကိုယ်ကိုး အခြေခံပညာမူလတန်းကျောင်းကို အဆင့်မြှင့်တင်နိုင်ရေးအတွက် ပညာ ရေးဝန်ကြီးဌာနသို့ ညှိနှိုင်းတင်ပြပေးနိုင်ခဲ့ရာ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်းကျောင်းခွဲ တောင်ယာတောအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ် ခွင့်ပြုခဲ့ပါသည်။
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း
စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများ
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာနမှ ဝန်ထမ်းများအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း
ဌာနတွင်းသင်တန်းများနှင့် ပြည်တွင်း သင်တန်းများသို့ အောက်ပါအတိုင်း တက်ရောက်နိုင်ခဲ့ပါသည် -
(က) ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့်
တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး သင်တန်း ကျောင်းများတွင် ဖွင့်လှစ်ခဲ့သည့်
အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်း ကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် (၂၃၂) သို့
အမှုထမ်း ၇ ဦး တက်ရောက်ခဲ့ပါသည်။
(ခ) ၂၅-၁၁-၂၀၁၉ ရက်နေ့မှ ၂၉-၁၁-၂၀၁၉ ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီး
အစိုးရ အဖွဲ့က ဖွင့်လှစ်ခဲ့သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) (၁/၂၀၁၉) သို့ အရာထမ်း ၁ ဦးနှင့် အမှုထမ်း
၁ ဦး၊ တနင်္သာရီတိုင်း ဒေသကြီး၊ လူငယ်ပညာရေးအစီအစဉ် သင်တန်းကျောင်း၌ ၁၀-၃-၂၀၂၀ မှ
၁၄-၃-၂၀၂၀ ရက်နေ့ထိ ဖွင့်လှစ်ခဲ့သည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအခြေခံ
သင်တန်း (၁/၂၀၂၀) သို့ အမှုထမ်း ၆ ဦးတို့ တက်ရောက်ခဲ့ပါသည်။
(ဂ) ၁၈-၁၂-၂၀၁၉ ရက်နေ့မှ ၂၁-၁၂-၂၀၁၉ ရက်နေ့အထိ ထားဝယ်မြို့၊ မြို့တော် ခန်းမတွင် တနင်္သာရီတိုင်းဒေသကြီး
အစိုးရအဖွဲ့ရုံးမှ ကြီးမှူးကျင်းပသည့် ပြည်သူ့ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းသို့
အရာထမ်း ၁ ဦးနှင့် အမှုထမ်း ၁ ဦးတို့ တက်ရောက်ခဲ့ပါသည်။
(ဃ) ၁၈-၁၂-၂၀၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ဖွင့်လှစ်ပို့ချခဲ့သည့် စီမံကိန်းအဆိုပြုလွှာ
ဖြည့်စွက်ခြင်းဆိုင်ရာ သင်တန်းသို့ အရာထမ်း ၁ ဦးနှင့် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌
၂၃-၁၂-၂၀၁၉ ရက်နေ့တွင် ဖွင့်လှစ်ပို့ချခဲ့သည့်
စီမံကိန်းအဆိုပြုလွှာ ဖြည့်စွက်ခြင်းဆိုင်ရာ သင်တန်းသို့ အမှုထမ်း ၁ ဦးတို့ တက်ရောက်လေ့လာခဲ့ကြပါသည်။
(င) သုတေသနနည်းနာနိဿယ၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာသင်တန်း (Research Methodology, Public and Information
Management Programme) များကို ပြန်ကြားရေးဝန်ကြီးဌာန ရုံးအမှတ် (၇)
တွင် ဖွင့်လှစ်ပို့ချခဲ့ရာ ၂၁-၁၀-၂၀၁၉ ရက်နေ့မှ ၂၅-၁၀-၂၀၁၉ ရက်နေ့အထိ ဖွင့်လှစ်သည့် သင်တန်းသို့ အရာထမ်း ၁ ဦး၊ ၂-၁၂-၂၀၁၉ ရက်နေ့မှ ၆-၁၂-၂၀၁၉ ရက်နေ့အထိ ဖွင့်လှစ်သည့် သင်တန်းသို့ အရာထမ်း ၁
ဦး၊ ၁၇-၂-၂၀၂၀
ရက်နေ့မှ ၂၁-၂-၂၀၂၀ ရက်နေ့အထိ ဖွင့်လှစ်သည့် သင်တန်းသို့ အရာထမ်း ၁ ဦးနှင့် ၁၆-၃-၂၀၂၀
ရက်နေ့မှ ၂၀-၃-၂၀၂၀ ရက်နေ့အထိ ဖွင့်လှစ်သည့် သင်တန်းသို့ အရာထမ်း ၁ ဦးတို့ တက်
ရောက်လေ့လာခဲ့ပါသည်။
(စ) ထားဝယ်မြို့၊ အ.ထ.က(၁) ခန်းမဆောင်၌ ၁၅-၂-၂၀၂၀
မှ ၁၇-၂-၂၀၂၀ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့်
အာဆီယံ-ကိုရီးယား၊ စာအတူတူဖတ်စို့လား သင်တန်းသို့ အရာထမ်း ၃ ဦး နှင့် မကွေးမြို့၊
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၄-၂-၂၀၂၀ မှ ၂၆-၂-၂၀၂၀ ရက်နေ့အထိ
ဖွင့်လှစ်ခဲ့သည့် အာဆီယံ-ကိုရီးယား၊ အသံထွက်၍ စာဖတ်ခြင်း သင်တန်းသို့ အရာထမ်း ၁
ဦးတို့ တက်ရောက် လေ့လာခဲ့ပါသည်။
(ဆ) မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍
၃-၃-၂၀၂၀ရက်နေ့မှ ၅-၃-၂၀၂၀ ရက် နေ့အထိဖွင့်လှစ်သည့်
အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ပြုစုခြင်းနှင့်
ဒြပ်မဲ့ယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်ရေးဆိုင်ရာသင်တန်းသို့ မကွေးတိုင်းဒေသကြီး
ညွှန်ကြားရေးမှူးရုံးမှ အမှုထမ်း ၂ ဦး တက်ရောက်နိုင်ခဲ့ပါသည်။
(ဇ) နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်တွင်
၁၃-၁-၂၀၂၀ ရက်နေ့မှ ၃၁-၁-၂၀၂၀ ရက်နေ့အထိ ဖွင့်လှစ်ပို့ချခဲ့သည့် Basic English
Language and Communication Skills သင်တန်းသို့ အရာထမ်း ၁ ဦး
တက်ရောက်ခဲ့ပြီး ၄-၃-၂၀၂၀ ရက်နေ့မှ ၂၄-၃-၂၀၂၀ ရက်နေ့အထိ ဖွင့်လှစ်ပို့ချသည့်
Advanced English Language and Communication Skills သင်တန်းသို့ အရာထမ်း ၁ ဦး
တက်ရောက်ခဲ့ပါသည်။
(ဈ) ၂၉-၆-၂၀၂၀ ရက်နေ့မှ
၁၃-၇-၂၀၂၀ ရက်နေ့အထိ အမျိုးသားစာကြည့်တိုက်
(နေပြည်တော်)တွင် ကျင်းပပြုလုပ်သည့် အခြေခံစာကြည့်တိုက်
ပညာသင်တန်းသို့ အမှုထမ်း ၂ ဦး တက်ရောက်ခဲ့ပါသည်။
(ည) နေပြည်တော်ရှိ မက်စ်ဟိုတယ်တွင် ၁၇-၈-၂၀၂၀ ရက်နေ့မှ ၂၁-၈-၂၀၂၀ ရက်နေ့
အထိကျင်းပသည့် သုတေသနနည်းနာနိဿယ၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်း အချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာသင်တန်းသို့ အရာထမ်း ၁ ဦး တက်ရောက်ခဲ့ ပါသည်။
(ဋ) ၁၄-၉-၂၀၂၀ ရက်နေ့မှ ၂-၁၀-၂၀၂၀ ရက်နေ့အထိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ E-Learning စနစ်ဖြင့်
ဖွင့်လှစ်ပို့ချသည့် Basic English Language and Communication Skills သင်တန်းသို့ အရာထမ်း ၁ ဦး တက်ရောက်ခဲ့ပါသည်။