၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များ
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဌာနတွင်းသင်တန်းများနှင့် ပြည်တွင်းသင်တန်းများသို့ အောက်ပါအတိုင်း တက်ရောက်နိုင်ခဲ့ပါသည်-
(က) စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီးဌာန၊
အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက် ဦးစီး ဌာနတွင် ဖွင့်လှစ်သည့် မှတ်တမ်းစီမံခန့်ခွဲမှုနှင့်
မော်ကွန်းပညာပြန့်ပွားရေးသင်တန်း (၂/
၂၀၁၈)သို့ အရာထမ်း ၁ ဦး တက်ရောက်ခဲ့ပါသည်။
(ခ) ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်
ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းကို
ဦးဆောင်ကျင်းပနိုင်ခဲ့ပြီး ၂၂-၁-၂၀၁၉ ရက်နေ့မှ ၂၄-၁-၂၀၁၉ ရက်နေ့ထိ
ဖွင့်လှစ်ခဲ့သည့် အဆိုပါသင်တန်းသို့ ဝန်ကြီးဌာနမှ အရာထမ်း အမှုထမ်း ၃၀ ဦး နှင့်အတူ
သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း ၁၂ ဦးတို့
ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
(ဂ) အမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းပြုစုခြင်းနှင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးဆိုင်ရာ သင်တန်းများကို စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊
ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည် နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ကျင်းပခဲ့ရာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ညွှန်ကြားရေးမှူးရုံးတို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။
(ဃ) ရန်ကုန်မြို့ရှိ
မြန်မာ-စင်္ကာပူ သက်မွေးသင်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချခဲ့သည့် Public Policy and Administrative Reform သင်တန်းသို့ အရာထမ်း ၁ ဦး၊ Sustainable Town Planning and Land Management သင်တန်းသို့ အရာထမ်း
၁ ဦး၊ Developing Digital Government Strategies သင်တန်းသို့ အရာထမ်း ၁
ဦး၊ Public Governance and Administration သို့ အရာထမ်း ၁ ဦး၊ Sustainable Development and Environmental
Management သင်တန်းသို့ အရာထမ်း ၁
ဦး၊ Human
Resource Management and Leadership Strategies သင်တန်းသို့ အရာထမ်း ၁ ဦးနှင့် English for Interpreters သင်တန်းသို့ အရာထမ်း ၁ ဦးတို့ အသီးသီး တက်ရောက်နိုင်ခဲ့ပါသည်။
(င) ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့်
နယူးဇီလန်နိုင်ငံ၊ ဗစ်တိုးရီးယားတက္ကသိုလ်တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့်
ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများရှိ အရာထမ်းများအတွက် အင်္ဂလိပ်စာ
အရည်အသွေးမြှင့်တင်မှုသင်တန်း English Language Training for Government Officials အမှတ်စဉ်(၁) တတိယပိုင်းသို့ အရာထမ်း
၄ ဦးနှင့် အမှတ်စဉ်(၂) ဒုတိယပိုင်းသို့
အရာထမ်း ၃ ဦး တို့တက်ရောက်ခဲ့ပါသည်။
(စ) ပဲခူးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၊
စီမံရေးရာဌာနတွင် ၁၃-၅-၂၀၁၉ ရက်နေ့မှ ၁၅-၅-၂၀၁၉ ရက်နေ့အထိ ဖွင့်လှစ်သည့်
ဘဏ္ဍာရေးလုပ်ငန်းပိုင်းဆိုင်ရာ ချို့ယွင်း အားနည်းချက်များ၊ စာရင်းရုံးလက်စွဲဥပဒေ၊
နည်းဥပဒေပါဆောင်ရွက်ရမည့် လုပ်ငန်းများဆိုင်ရာ သင်တန်းသို့ အရာထမ်း ၁ ဦး
တက်ရောက်နိုင်ခဲ့ပါသည်။
(ဆ) ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးတွင် ဖွင့်လှစ်ခဲ့သည့် အဆင့်မြင့်စာရင်းကိုင်နှင့် ရုံး
လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၉၉)သို့ အမှုထမ်း ၁ ဦး၊ အလယ်အလတ် အဆင့် စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း
အမှတ်စဉ် (၉၈၊ ၉၉) တို့သို့ အမှုထမ်း ၃ ဦး၊ ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း
အမှတ်စဉ်(၂၃၁)သို့ အမှုထမ်း
၁ ဦး တို့တက်ရောက်ခဲ့ပြီး ပဲခူးမြို့၊
စာရင်းစစ်ရုံး၌ဖွင့်လှစ်သည့် အခြေခံစာရင်းကိုင်နှင့် ရုံး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း (၁/၂၀၁၈) သို့ အမှုထမ်း ၁ ဦး တက်ရောက်ခဲ့ပါသည်။
(ဇ) ရန်ကုန်မြို့ရှိ စင်ကာပူသံရုံး၏ အစီအစဉ်ဖြင့် ရုံးအမှတ်(၁၉)၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ၂၉-၁၀-၂၀၁၈ ရက်နေ့မှ ၁၆-၁၁-၂၀၁၈ ရက်နေ့အထိ ဖွင့်လှစ်ပို့ချသည့် Intermediate English Language and
Communication Skills သင်တန်းသို့ အမှုထမ်း ၁ ဦးနှင့် ၂၆-၈-၂၀၁၉ ရက်နေ့မှ ၁၃-၉-၂၀၁၉ ရက်နေ့အထိ ဖွင့်လှစ်ပို့ချသည့် Project Proposal Writing and Presentation သင်တန်းသို့ အရာထမ်း ၁ ဦးတို့ တက်ရောက်နိုင်ခဲ့ပါသည်။
(ဈ) ဝန်ကြီးဌာနတွင်း ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းခွင်စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်း အမှတ်စဉ် ၁/၂၀၁၉ သင်တန်းကို ၉-၉-၂၀၁၉ ရက်နေ့မှ ၁၃-၉-၂၀၁၉ ရက်နေ့ထိ ဖွင့်လှစ်ခဲ့ရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ် နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့မှ ကျွမ်းကျင်ပညာရှင်များ လာရောက်ပို့ချခဲ့ပြီး သင်တန်းသို့ ဝန်ကြီးဌာနတွင်းမှ အရာထမ်းနှင့် အမှုထမ်း စုစုပေါင်း ၆၄ ဦးတို့ တက်ရောက်ခဲ့ပါသည်။
(ည) ပညာရေးဝန်ကြီးဌာနကဖွင့်လှစ်သည့် နေပြည်တော်ရှိ ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများအတွက် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု မြှင့်တင်ရေးသင်တန်း (English Language
Proficiency Upgrading Course) အမှတ်စဉ် (၄) သို့ အရာထမ်း ၁ ဦးနှင့် အမှုထမ်း ၁ ဦးတို့
တက်ရောက်ခဲ့ပါသည်။