၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များ
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာနမှ ဝန်ထမ်းများအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဌာနတွင်းသင်တန်းများနှင့် ပြည်တွင်း၊ ပြည်ပသင်တန်းများ သို့ အောက်ပါအတိုင်းတက်ရောက်နိုင်ခဲ့ပါသည်-
ဌာနတွင်းသင်တန်းများ
(က) ဝန်ထမ်းများ၏ အရည်အသွေးမြင့်မားစေရန်နှင့်
လုပ်ငန်းခွင်အတွက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်ချက်များဖြင့်
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၏ ဌာနတွင်း အခြေခံအင်္ဂလိပ်စာ (4 Skills) သင်တန်းကို
ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ ပါသည်။
( ခ
) အမေရိကန်နိုင်ငံ Fulbright အစီအစဉ်ဖြင့် ဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် ဖွင့်လှစ်ပို့ချသော English Language Fellows (ELF) Program ၏ Basic Level Course သင်တန်းသို့ အရာထမ်း၊ အမှုထမ်း သင်တန်းသား စုစုပေါင်း ၂၉ ဦး တက်ရောက်ခဲ့ပါသည်။
( ဂ ) Search
For Common Ground နှင့်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တို့ ပူးပေါင်းကျင်းပသည့် (Strengthening Social Cohesion Capacity Building Program) သို့ အရာထမ်း၊ အမှုထမ်း သင်တန်းသား စုစုပေါင်း ၃၀ ဦး တက်ရောက် ခဲ့ကြပါသည်။
(ဃ) တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန နေပြည်တော် တွင် အစမ်းခန့်ဒုတိယဦးစီးမှူး ၁၇ ဦးအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ကို ၂၈-၃-၂၀၁၈ ရက်နေ့မှ ၂၉-၃-၂၀၁၈ ရက်နေ့ထိ ဖွင့်လှစ်ပို့ချပေးနိုင်ခဲ့ပါသည်။
ပြည်တွင်းသင်တန်းများ
(က) ၁၅-၅-၂၀၁၇ ရက်နေ့မှ ၂-၆ -၂၀၁၇ ရက်နေ့ထိ လူမှုဖူလုံရေးရုံးချုပ်၌ ဖွင့်လှစ်ခဲ့သည့် Basic English Language and Communication Skills (1) သင်တန်းသို့ ပြည်ထောင်စုဝန်ကြီးရုံးမှ အရာထမ်း ၁ ဦး တက်ရောက်ခဲ့ပါသည်။
( ခ ) ရန်ကုန်မြို့ရှိ မြန်မာ-စင်ကာပူ သက်မွေးပညာသင်တန်းကျောင်းတွင် ၂၆-၆-၂၀၁၇ ရက်နေ့ မှ ၃၀-၆ -၂၀၁၇ ရက်နေ့ထိ ဖွင့်လှစ်ပို့ချသည့် Media Management and Public Diplomacy သင်တန်းသို့ အရာထမ်း ၁ ဦးစေလွှတ်ခဲ့ပါသည်။
( ဂ
) ရန်ကုန်မြို့ရှိ မြန်မာ-စင်ကာပူ သက်မွေးပညာသင်တန်းကျောင်းတွင် ၃-၇-၂၀၁၇ ရက်နေ့မှ ၁၄-၇ -၂၀၁၇ ရက်နေ့ထိ ဖွင့်လှစ်ပို့ချသည့် Note Taking and Project Proposal Writing သင်တန်းသို့ အရာထမ်း ၁ ဦးစေလွှတ်ခဲ့ပါသည်။
(ဃ) စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နေပြည်တော်တွင် ၁၁-၉-၂၀၁၇ ရက်နေ့မှ
၂၉-၉-၂၀၁၇ ရက်နေ့ထိ ဖွင့်လှစ်ပို့ချသည့် Advanced English Language and
Communication Skills သင်တန်းသို့ အရာထမ်း ၁ ဦး စေလွှတ်ခဲ့ပါသည်။
( င ) ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတွင် ဖွင်လှစ်သော အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂၂၈) သို့ အမှုထမ်း ၁ ဦး၊ ၁၁-၁၂-၂၀၁၇ ရက်နေ့မှ ၂၁-၂-၂၀၁၈ ရက်နေ့ထိ ဖွင့်လှစ်ခဲ့သည့် သင်တန်းအမှတ်စဉ် (၂၂၉) သို့ သင်တန်းသား ၁ ဦး စေလွှတ်ခဲ့ပါသည်။ အဆင့်မြင့်/ အလယ်အလတ်အဆင့် သင်တန်းအမှတ်စဉ် (၉၇) သို့ အရာထမ်း ၂ ဦးစေလွှတ်ခဲ့ပါသည်။
( စ ) စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနမှဖွင့်လှစ်သည့် ပင်စင် အထောက် အကူပြုသင်တန်း အမှတ်စဉ် (၂/၂၀၁၇-၂၀၁၈) သို့ ပြည်ထောင်စုဝန်ကြီးရုံးမှ အမှုထမ်း ၂ ဦး တက်ရောက်ခဲ့ပါသည်။
(ဆ) ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် နယူးဇီလန်နိုင်ငံ၊ ဗစ်တိုးရီးယားတက္ကသိုလ်တို့ ပူးပေါင်း၍ ၅-၂-၂၀၁၈ ရက်နေ့မှ ၁၆-၃-၂၀၁၈ ရက်နေ့အထိဖွင့်လှစ်ခဲ့သည့် အရာထမ်းများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်တင်မှုသင်တန်း English Language Training for Government
Officials, Module (1) သို့
အရာထမ်း ၄ ဦး တက်ရောက်ခဲ့ပါသည်။
( ဇ ) ၁၉-၂-၂၀၁၈ ရက်နေ့မှ ၂၃-၂-၂၀၁၈ ရက်နေ့ထိ မြန်မာစင်္ကာပူသက်မွေးပညာ သင်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည့် English for Effective Negotiations သင်တန်းသို့ အရာထမ်း ၁ ဦးကို စေလွှတ်တက်ရောက်စေခဲ့ပါသည်။
ပြည်ပသင်တန်းများ
(က) ITEC အစီအစဉ်အရ အိန္ဒိယသမ္မတနိုင်ငံတွင် ၄-၉-၂၀၁၇ ရက်နေ့မှ ၂၉-၉-၂၀၁၇ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် High Impact Leadership/ Managerial Skill
Development Program-1 သင်တန်းသို့ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီး ဌာနမှ အမှုထမ်း ၁ ဦး စေလွှတ်ခဲ့ပါသည်။
( ခ ) ITEC အစီအစဉ်အရ အိန္ဒိယသမ္မတနိုင်ငံတွင် ၄-၉-၂၀၁၇ ရက်နေ့မှ ၂၇-၁၀-၂၀၁၇ ရက်နေ့အထိ
ဖွင့်လှစ်သည့်
Capacity Building for Providing Alternative Livelihood Opportunity for Poor
(CBALO) သင်တန်းသို့ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ
အမှုထမ်း ၁ ဦး စေလွှတ်ခဲ့ပါသည်။
( ဂ ) ITEC အစီအစဉ်အရ အိန္ဒိယသမ္မတနိုင်ငံတွင် ၇-၉-၂၀၁၇ ရက်နေ့မှ ၁၃-၁၁-၂၀၁၇ ရက်နေ့အထိ ဖွင့်လှစ်သည့် Diploma course for proficiency in spoken
English and business communication သို့ ပြည်ထောင်စုဝန်ကြီးရုံးမှ အမှုထမ်း ၁ ဦး စေလွှတ်ခဲ့ပါသည်။
(ဃ) ITEC အစီအစဉ်အရ အိန္ဒိယသမ္မတနိုင်ငံတွင် ၁၂-၉-၂၀၁၇ ရက်နေ့မှ ၁-၁၂-၂၀၁၇ ရက်နေ့အထိ ဖွင့်လှစ်သည့် Progress to Proficiency advanced သင်တန်းသို့ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ အရာထမ်း ၁ ဦး စေလွှတ်ခဲ့ပါသည်။
( င ) ITEC
အစီအစဉ်အရ အိန္ဒိယသမ္မတနိုင်ငံတွင် ၁၅-၁၁-၂၀၁၇ ရက်နေ့မှ ၁၆-၁-၂၀၁၈ ရက်နေ့အထိ ဖွင့်လှစ်သည့် Advanced Certificate course in English
Language and IT Proficiency သင်တန်းသို့ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာနမှ အရာထမ်း ၁ ဦး စေလွှတ်ခဲ့ပါသည်။
( စ ) Indian
Technical and Economic Cooperation Programme - ITEC အစီအစဉ်အရ အိန္ဒိယသမ္မတနိုင်ငံတွင် ၈-၁-၂၀၁၈ ရက်နေ့မှ ၁၈-၃-၂၀၁၈ ရက်နေ့ အထိ ဖွင့်လှစ်ပို့ချသည့် Certificate of Proficiency in English and IT Skills သင်တန်းသို့ ပြည်ထောင်စုဝန်ကြီးရုံးမှ အမှုထမ်း ၁ ဦး တက်ရောက်ခဲ့ပါသည်။
(ဆ) Indian
Technical and Economic Cooperation Programme - ITEC အစီအစဉ်အရ အိန္ဒိယသမ္မတနိုင်ငံတွင် ၉-၁-၂၀၁၈ ရက်နေ့မှ ၃၀-၃-၂၀၁၈ ရက်နေ့ အထိ ဖွင့်လှစ်ပို့ချသည့် Progress to Proficiency Intermediate သင်တန်းသို့ ပြည်ထောင်စုဝန်ကြီးရုံးမှ အရာထမ်း ၁ ဦး တက်ရောက်ခဲ့ပါသည်။