၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များ
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည်
တိုင်းရင်းသားတို့၏ အကျိုးစီးပွား ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်ရာတွင်
ဝန်ထမ်းတို့၏ မြင့်မားသော လုပ်ငန်းစွမ်းဆောင်ရည်ဖြင့် ပါဝင်ဖြည့်ဆည်း ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် လုပ်ငန်းစွမ်းဆောင်မှု
အရည်အသွေး တိုးတက် မြင့်မားရေးကို အထောက်အကူပြုစေသည့်
အခြားဝန်ကြီးဌာနများနှင့် ဆက်စပ် အဖွဲ့အစည်းများမှ ဖွင့်လှစ်ကျင်းပသော သင်တန်းများနှင့်
ဆွေးနွေးပွဲများသို့ မိမိဌာနမှ ဝန်ထမ်းများ အား စေလွှတ် တက်ရောက်စေလျက်ရှိရာ ၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၇
ခုနှစ်မတ်လအထိ ဖွင့်လှစ်ကျင်းပခဲ့သည့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ
ဆွေးနွေးပွဲများနှင့် သင်တန်းပေါင်း ၁၈ ခုသို့ ပါဝင်တက်ရောက်
နိုင်ခဲ့ပြီးဖြစ်ပါသည်။