၂၀၂၁ -၂၀၂၂
ဘဏ္ဍာရေးနှစ်(၆လ)အတွင်း
လုပ်ငန်းဆောင်ရွက်ချက်
၁။ စာအုပ်စာတမ်းနှင့်မှတ်တမ်းများ
စုဆောင်းထိန်းသိမ်းခြင်း
(က) ညွှန်ကြားရေးမှူးချုပ်ရုံးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်
ညွှန်ကြားရေးမှူးရုံးများ တွင် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ထုံးတမ်းများ၊
လူနေမှုဘဝများနှင့် စပ်လျဉ်းသည့် သိမှတ်ဖွယ်ရာ စာအုပ်စာတမ်းများ၊ သုတ/ရသ စာအုပ်စာတမ်း
များကို စုဆောင်းထိန်းသိမ်း၍ ရုံးတွင်းစာကြည့်တိုက်ငယ်များကို စနစ်တကျထား ရှိနိုင်ခဲ့ပါသည်။
(ခ) တိုင်းရင်းသားလူမျိုးများ၏
ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအရ ဆောင်ရွက်သော ပွဲတော်များ၊ အခမ်းအနားများနှင့်နေ့ထူးနေ့မြတ်များ
ကျင်းပပုံနှင့်ဖြစ်ပေါ်လာပုံ သမိုင်းများအား စုစည်းခြင်း၊ ကြေးမုံသတင်းစာပါ
တိုင်းရင်းသားရေးရာ အချပ်ပို များကို သိမ်းဆည်းခြင်းတို့ဖြင့်
အချက်အလက်များစုဆောင်း၍ စာအုပ်များအဖြစ် ထုတ်ဝေခဲ့ရာ နဝမအကြိမ်မြောက်အထိ
ထုတ်ဝေနိုင်ခဲ့ပြီး ဆက်လက်၍ ဒဿမ အကြိမ်မြောက် တိုင်းရင်းသားလူမျိုးများ၏
အမျိုးသားနေ့နှင့်နေ့ထူးနေ့မြတ်များ၊
ရိုးရာဓလေ့ထုံးတမ်းများဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းစာအုပ်ကို
ထုတ်ဝေနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
(ဂ) ပြည်ထောင်စုတိုင်းရင်းသားမဂ္ဂဇင်းနှင့် ဝန်ကြီးဌာန ပြက္ခဒိန်ကို ပထမဆုံးအကြိမ်
ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပါသည်။
၂။ တိုင်းရင်းသားစာပေနှင့်ဘာသာစကားတို့ကို
ထိန်းသိမ်းစောင့်ရှောက်ခြင်း
(က) တိုင်းဒေသကြီးနှင့်ပြည်နယ်
ညွှန်ကြားရေးမှူးရုံးများသို့ သင်ကြားခွင့်ရရှိပြီးသည့် တိုင်းရင်းသားဘာသာရပ် သင်ရိုး ၇၁ မျိုးအထိ သင်ကြားခွင့်ရရှိအောင်
ကူညီ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
(ခ) “အာဆီယံနိုင်ငံများရှိ
တိုင်းရင်းသားလူမျိုးများ” စာအုပ် (ပထမ)အကြိမ် ထုတ်ဝေ ခြင်းလုပ်ငန်းကို
ဆောင်ရွက်ပေးခဲ့ပါသည်။
(ဂ) တိုင်းရင်းသား ပုံပြ/ပုံပြင်စာအုပ်
၆၆ မျိုးဖြင့် ထုတ်ဝေထားသော တိုင်းရင်းသား ပုံပြ/ပုံပြင် စာအုပ်များကို ၂၀၂၂-၂၀၂၃၊
၂၀၂၃-၂၀၂၄၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်များတွင် ပုံနှိပ်ဖြန့်ဝေနိုင်ရန်နှင့် နောက်ထပ်ပုံနှိပ်လိုသော
ပုံပြ/ပုံပြင် စာအုပ်များ ရှိပါက
ထပ်မံပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
(ဃ) မြန်မာနိုင်ငံအတွင်းတွင် ပျံ့နှံ့နေထိုင်လျက်ရှိသော
တိုင်းရင်းသားလူမျိုးများ၏ အမည်နာမမှည့်ခေါ်ပုံများကို စုစည်း၍ စာအုပ်အဖြစ်ရေးသားထုတ်ဝေရန်နှင့်
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မွန်တိုင်းရင်းသားစာပေ ကျောင်းသုံးပုံနှိပ်စာအုပ်များ
(ပထမတန်းမှတတိယတန်းအထိ)ကို တိုင်းဒေသကြီး ဒေသသင်ရိုးအဖြစ်
ပုံနှိပ် ထုတ်ဝေနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
၃။ ယဉ်ကျေးမှုအမွေအနှစ်များနှင့်ဓလေ့ထုံးစံများ
ထိန်းသိမ်းစောင့်ရှောက်ခြင်း
(က) တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာအရ ဆောင်ရွက်သော အခမ်းအနားများ၊
နေ့ထူးနေ့မြတ်များနှင့်ပွဲတော်များ၊ နှစ်သစ်ကူးပွဲတော်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။
(ခ) မြန်မာနိုင်ငံအတွင်းရှိ
တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု မှတ်တမ်းစာအုပ်ကို
ပထမအကြိမ် ထုတ်ဝေနိုင်ခဲ့ပြီးဖြစ်ပါသည်။
(ဂ) တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊
အနုပညာ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ ထုံးတမ်းတို့ကို
ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ညီနောင် သွေးချင်းမောင်နှမများနှင့်အတူ
လက်တွဲဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ “တူညီ ယှဉ်တွဲ….တို့မခွဲ” တေးသီချင်းနှင့် “ရေရှည်တည်ဖို့…ထိန်းသိမ်းစို့” တေးသီချင်း များအားရေးစပ်သီကုံး
အသံသွင်းခြင်းနှင့် ဘာသာပြန်ဆိုခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
(ဃ) တိုင်းရင်းသားလူမျိုးများ၏
အမျိုးသားနေ့နှင့် နေ့ထူးနေ့မြတ်များ၊ ရိုးရာဓလေ့ ထုံးတမ်းများ ဖြစ်ပေါ်လာပုံ
သမိုင်းအကျဉ်း စာအုပ်(၁၂)အုပ် ထုတ်ဝေနိုင်ခဲ့ပြီး (၁၃)အုပ်မြောက်
ထုတ်ဝေနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
(င) တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊
ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းတို့
ပူးပေါင်း၍ တတိယအကြိမ်မြောက် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ၂၀၂၁ ပွဲတော်ကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင်
၁၁-၁၂-၂၀၂၁ ရက်နေ့မှ ၁၅-၁၂-၂၀၂၁ ရက်နေ့ထိ Virtual Festival အဖြစ်စီစဉ် ကျင်းပခဲ့ပါသည်။